လီဗာပူးအသင်းဟာ နော့ဝစ်ကို အဝေးကွင်း သွားရောက်ရင်ဆိုင်မှာ ဂျိုတာ၊ ဖာမင်နို၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၀ ဖြင့် အနိုင်ရကာ ရာသီအဖွင့် လှခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာ ယာဂင်ကလော့ပ်ဟာ ပွဲထွက် ၁၁ ဦးကို ထုတ်ရာမှာ အတော်လေး သတိကြီးတဲ့ တွဲဘက်မှုကို လုပ်လာခဲ့တယ်။ ဗဟိုခံစစ်မှူးနေရာမှာ ကစားသမားသစ် ကိုနတေးကို နေရာမပေးသေးဘဲ ဝါရင့်ခံစစ်မှူးတွေဖြစ်တဲ့ မာတစ်နဲ့ ဗန်ဒိုက်ကို ပွဲထုတ်ခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ကလပ်နဲ့ လာရောက်ပူးပေါင်းချိန် တိုတောင်းထားတဲ့ ဖာဘင်ညိုအစား မီလ်နာကိုပဲ ထုတ်သုံးလာခဲ့တယ်။

ပွဲစကတည်းက လီဗာပူးဟာ ဘောလုံးကို ကိုင်ကစားနိုင်ဖို့ စတင်ကြိုးစားခဲ့ပြီး ကွင်းတစ်ဝက်လောက်ကနေ ဖိအားနိုင်ဖို့ ဦးတည်ခဲ့ပါတယ်။ နော့ဝစ်ဘက်က အထောင်တိုက်စစ်မှူး ပူကီကို တည်ကစားလာမယ်ဆိုတာ နားလည်ထားတဲ့ ယာဂင်ဟာ ပူကီထံ ဘောလုံးမရောက်ဖို့ကို အဓိက လမ်းညွှန်ထားဟန်ရှိပြီး ခံစစ်ကနေ ဘောလုံးထုတ်ခြင်းကိုပဲ ဦးစားပေးခဲ့တယ်။

ယာဂင်ရဲ့ ထုံးစံအတိုင်း ကွင်းလယ် ၃ ယောက်တန်းက ကိုယ်တိုင် ဘောလုံး ဖြန့်ဝေဖို့ထက် နေရာလွတ်တွေကို လိုက်ပိတ်ပြီး ဖိအားပေးဖို့ကိုပဲ အသားပေးစေခဲ့တယ်။ ဒါပေမယ့်လို့ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ဟာ ယခင်က ဝိုက်နယ်ဒမ်၊ ဟန်ဒါဆန် ကစားခဲ့ကြတာထက်စာရင် ဘောလုံးကိုင်ခွင့် ပိုရခဲ့ပါတယ်။

ယာဂင်က ခံစစ်ကို အမာထားပြီး တိုက်စစ်ကို ရွေးလျားစေတဲ့ ပုံစံက အလုပ်ဖြစ်ခဲ့တယ်။ အဖွင့်ဂိုးက ခံစစ်လိုင်းက ဗန်ဒိုက်ကနေ နံပါတ် ၆ နေရာမှာရှိနေတဲ့ မီလ်နာကို ပေးခဲ့ပြီး မီလ်နာကတစ်ဆင့် ညာခြမ်းအစွန်က ထရန့်ထံ ဘောလုံးထုတ်ခဲ့တယ်။ ထရန့်က နော့ဝစ် ဧရိယာထဲ ဖြတ်တင်ပေးတာကို ဆာလာ တစ်ချက်ထိခဲ့ပြီး ဂျိုတာကပဲ ဧရိယာထဲ ခံစစ်သမားထက် ခြေဦးကာ သွင်းယူခဲ့ပါတယ်။

နော့ဝစ်ဘက်က ပူကီကို ဦးတည်တဲ့ ထိုးဖောက်မှုက တစ်ကြိမ်တစ်လေတော့ အလုပ်ဖြစ်ခဲ့ပြီး ဗန်ဒိုက် လူကျွံ ဘောဖမ်းမှု လွတ်ထွက်သွားတာကနေ ပူကီ အပိုင်ကန်သွင်းပေမယ့် အယ်လီဆန် ကာကွယ်နိုင်ခဲ့လို့ ဂိုးပေးရဖို့ သက်သာခဲ့တာပါ။

ဒီလိုပုံစံအတိုင်းပဲ လီဗာပူးက ခံစစ်ကို အထိုင်သေချာထားပြီး နော့ဝစ် ဧရိယာထဲကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂိုးရပြီးတဲ့နောက် လီဗာပူးက ပိုင်ဆိုင်မှုကို လျော့ချခဲ့ကာ ကောင်တာကစားဖို့ကိုပဲ အဓိက ပြင်ဆင်ခဲ့တာကြောင့် ပွဲတန်ပိုက အမြင့်ဆုံးမှာ အမြဲ ရှိမနေဘဲ အနည်းငယ် ပွဲအေးခဲ့ကာ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးကစားကွက်က အရမ်းကြီး တက်မလာခဲ့တာကြောင့် မိနစ် ၆၀ လောက်မှာ ချိန်ဘာလိန်နဲ့ ဂျိုတာအစား ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ ဝင်ကစားပါတယ်။ သူတို့ နှစ်ဦး ဝင်လာချိန်မှာ လီဗာပူးက ကစားကွက် အသာစီးကိုရသွားခဲ့ပြီး လွှမ်းမိုးကစားနိုင်စွမ်း ပိုကောင်းလာခဲ့ပါတယ်။

ဖာဘင်ညိုကို ပွဲစတည်းက မထည့်တာအတွက် အပြစ်တင်မှုတွေ ရှိနိုင်ပေမယ့် ကစားသမားရဲ့ ကြံ့ခိုင်မှုအရ မိနစ် ၉၀ အပြည့် မကစားနိုင်သေးခြင်းကြောင့် အခုလို ရွေးချယ်ရတယ်လို့ နားလည်လို့ ရနိုင်ပါတယ်။

ဘရာဇီးအတွဲ ဝင်လာပြီး မိနစ်ပိုင်းမှာပဲ ခံစစ်က ကိုစတက် ဘယ်ခြမ်းက ဖာမင်နိုထံ ဘောလုံးထုတ်ပေးမှုကို တိုက်စစ်သမား သုံးဦး တွဲဘက်ကစားရာက ညာခြမ်းကနေ ဆာလာ ချပေးတာကို ဖာမင်နို သာသာယာယာ ပိတ်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူပါတယ်။ ဒီပွဲမှာ ဆာလာ တွဲဘက်ကစားမှု အတော်လေး လုပ်နေခဲ့ပြီး ဘောလုံးလည်း အတော်လေး လိုက်လုခဲ့ကာ မာနေးကလည်း ဘယ်ခြမ်းမှာ ကြိုးစားအားထုတ်ခဲ့တာဖြစ်တယ်။

ဒုတိယ ဦးဆောင်ဂိုး ရကတည်းက လီဗာပူးရဲ့ ကစားပုံက စိတ်အေးလက်အေးရှိတဲ့ အနေအထားမှာ ရှိလာခဲ့ကာ သွင်းဂိုးအတွက် အခွင့်အရေး ပိုရှာလာနိုင်ခဲ့တယ်။ ကိုစတက် ထောင့်ကန်ဘောက ကန်တင်ပေးလာတဲ့ ဘောလုံး နော့ဝစ် ဧရိယာထိပ်ကို ပြန်ထွက်လာတာကို ခပ်ပြင်းပြင်း ပိတ်သွင်းမှုနဲ့အတူ ဆာလာက ဒီရာသီ ပထမဆုံးသွင်းဂိုးနဲ့ လီဗာပူးအတွက် တတိယမြောက်ဂိုး ရယူခဲ့တယ်။

မိနစ် ၈၀ လောက်မှာ ကိတ်တာနေရာ အယ်လီးယော့ ဝင်ကစားပါတယ်။ ဆာလာ၊ မာနေးတို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ထပ်ပြီး ချီးကျူးရမှာက ပွဲချိန် ၈၅ လောက်မှာ အယ်လီဆန်ရဲ့ သုံးဆင့် ကာကွယ်ခဲ့တဲ့ ကမ္ဘာအဆင့် ကာကွယ်မှုပဲ ဖြစ်ပါတယ်။ ဧရိယာထဲ အနီးကပ်ကို ၃ ကြိမ်ထိ ဆင့်ကာကွယ်ခဲ့ခြင်းကြောင့် လီဗာပူးအသင်း ခြေပဂိုးပေးရဖို့နဲ့ ဝေးခဲ့တာဖြစ်တယ်။

ဒီပွဲမှာတော့ လီဗာပူးက ချန်ပီယံခြေစွမ်း မပြသနိုင်သေးပေမယ့်လည်း သမ္ဘာရှိတဲ့ အသင်းလိုက် ခြေစွမ်းကို ပြသနိုင်ခဲ့ကာ နိုင်ပွဲတစ်ပွဲ သက်သောင့်သက်သာ ရယူခဲ့တယ်။ ဘယ်ခြမ်းက ကိုစတက် အလုပ်ဖြစ်ခဲ့တာအတွက်နဲ့ ဗန်ဒိုက် မိနစ် ၉၀ အပြည့် ကစားနိုင်ခဲ့တာက လီဗာပူးအတွက် သတင်းကောင်းဖြစ်ပြီး ဒီနိုင်ပွဲဟာ အသင်းပရိသတ်တွေကို ကျေနပ်စေခဲ့မှာပဲ ဖြစ်ပါတယ်။

ဒီပွဲမှာ ဂုဏ်ယူစရာ မှတ်တမ်းအဖြစ် ဆာလာဟာ ပရီးမီးယားလိဂ် ၅ ရာသီဆက်တိုက် အဖွင့်ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ကစားသမား ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေနာ့ဝစ္ကို အေဝးကြင္း သြားေရာက္ရင္ဆိုင္မွာ ဂ်ိဳတာ၊ ဖာမင္ႏို၊ ဆာလာတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၃-၀ ျဖင့္ အႏုိင္ရကာ ရာသီအဖြင့္ လွခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ ပြဲထြက္ ၁၁ ဦးကို ထုတ္ရာမွာ အေတာ္ေလး သတိၾကီးတဲ့ တြဲဘက္မႈကို လုပ္လာခဲ့တယ္။ ဗဟိုခံစစ္မွဴးေနရာမွာ ကစားသမားသစ္ ကိုနေတးကို ေနရာမေပးေသးဘဲ ဝါရင့္ခံစစ္မွဴးေတြျဖစ္တဲ့ မာတစ္နဲ႔ ဗန္ဒိုက္ကို ပြဲထုတ္ခဲ့ပါတယ္။ ကြင္းလယ္မွာေတာ့ ကလပ္နဲ႔ လာေရာက္ပူးေပါင္းခ်ိန္ တိုေတာင္းထားတဲ့ ဖာဘင္ညိဳအစား မီလ္နာကိုပဲ ထုတ္သံုးလာခဲ့တယ္။

ပြဲစကတည္းက လီဗာပူးဟာ ေဘာလံုးကို ကိုင္ကစားႏုိင္ဖို႔ စတင္ၾကိဳးစားခဲ့ျပီး ကြင္းတစ္ဝက္ေလာက္ကေန ဖိအားႏုိင္ဖို႔ ဦးတည္ခဲ့ပါတယ္။ ေနာ့ဝစ္ဘက္က အေထာင္တိုက္စစ္မွဴး ပူကီကို တည္ကစားလာမယ္ဆိုတာ နားလည္ထားတဲ့ ယာဂင္ဟာ ပူကီထံ ေဘာလံုးမေရာက္ဖို႔ကို အဓိက လမ္းညႊန္ထားဟန္ရွိျပီး ခံစစ္ကေန ေဘာလံုးထုတ္ျခင္းကိုပဲ ဦးစားေပးခဲ့တယ္။

ယာဂင္ရဲ႕ ထံုးစံအတိုင္း ကြင္းလယ္ ၃ ေယာက္တန္းက ကိုယ္တိုင္ ေဘာလံုး ျဖန္႔ေဝဖို႔ထက္ ေနရာလြတ္ေတြကို လိုက္ပိတ္ျပီး ဖိအားေပးဖို႔ကိုပဲ အသားေပးေစခဲ့တယ္။ ဒါေပမယ့္လို႔ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္တို႔ဟာ ယခင္က ဝိုက္နယ္ဒမ္၊ ဟန္ဒါဆန္ ကစားခဲ့ၾကတာထက္စာရင္ ေဘာလံုးကိုင္ခြင့္ ပိုရခဲ့ပါတယ္။

ယာဂင္က ခံစစ္ကို အမာထားျပီး တိုက္စစ္ကို ေရြးလ်ားေစတဲ့ ပံုစံက အလုပ္ျဖစ္ခဲ့တယ္။ အဖြင့္ဂိုးက ခံစစ္လိုင္းက ဗန္ဒိုက္ကေန နံပါတ္ ၆ ေနရာမွာရွိေနတဲ့ မီလ္နာကို ေပးခဲ့ျပီး မီလ္နာကတစ္ဆင့္ ညာျခမ္းအစြန္က ထရန္႔ထံ ေဘာလံုးထုတ္ခဲ့တယ္။ ထရန္႔က ေနာ့ဝစ္ ဧရိယာထဲ ျဖတ္တင္ေပးတာကို ဆာလာ တစ္ခ်က္ထိခဲ့ျပီး ဂ်ိဳတာကပဲ ဧရိယာထဲ ခံစစ္သမားထက္ ေျခဦးကာ သြင္းယူခဲ့ပါတယ္။

ေနာ့ဝစ္ဘက္က ပူကီကို ဦးတည္တဲ့ ထိုးေဖာက္မႈက တစ္ၾကိမ္တစ္ေလေတာ့ အလုပ္ျဖစ္ခဲ့ျပီး ဗန္ဒိုက္ လူကၽြံ ေဘာဖမ္းမႈ လြတ္ထြက္သြားတာကေန ပူကီ အပိုင္ကန္သြင္းေပမယ့္ အယ္လီဆန္ ကာကြယ္ႏုိင္ခဲ့လို႔ ဂိုးေပးရဖို႔ သက္သာခဲ့တာပါ။

ဒီလိုပံုစံအတုိင္းပဲ လီဗာပူးက ခံစစ္ကို အထိုင္ေသခ်ာထားျပီး ေနာ့ဝစ္ ဧရိယာထဲကို ဝင္ေရာက္ဖို႔ ၾကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လို႔ ဂိုးရျပီးတဲ့ေနာက္ လီဗာပူးက ပိုင္ဆိုင္မႈကို ေလ်ာ့ခ်ခဲ့ကာ ေကာင္တာကစားဖို႔ကိုပဲ အဓိက ျပင္ဆင္ခ့ဲတာေၾကာင့္ ပြဲတန္ပိုက အျမင့္ဆံုးမွာ အျမဲ ရွိမေနဘဲ အနည္းငယ္ ပြဲေအးခဲ့ကာ ပထမပိုင္း ျပီးဆံုးခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း လီဗာပူးကစားကြက္က အရမ္းၾကီး တက္မလာခဲ့တာေၾကာင့္ မိနစ္ ၆၀ ေလာက္မွာ ခ်ိန္ဘာလိန္နဲ႔ ဂ်ိဳတာအစား ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ ဝင္ကစားပါတယ္။ သူတို႔ ႏွစ္ဦး ဝင္လာခ်ိန္မွာ လီဗာပူးက ကစားကြက္ အသာစီးကိုရသြားခဲ့ျပီး လႊမ္းမိုးကစားႏုိင္စြမ္း ပိုေကာင္းလာခဲ့ပါတယ္။

ဖာဘင္ညိဳကို ပြဲစတည္းက မထည့္တာအတြက္ အျပစ္တင္မႈေတြ ရွိႏုိင္ေပမယ့္ ကစားသမားရဲ႕ ၾကံ့ခိုင္မႈအရ မိနစ္ ၉၀ အျပည့္ မကစားႏုိင္ေသးျခင္းေၾကာင့္ အခုလို ေရြးခ်ယ္ရတယ္လို႔ နားလည္လို႔ ရႏုိင္ပါတယ္။

ဘရာဇီးအတြဲ ဝင္လာျပီး မိနစ္ပိုင္းမွာပဲ ခံစစ္က ကိုစတက္ ဘယ္ျခမ္းက ဖာမင္ႏိုထံ ေဘာလံုးထုတ္ေပးမႈကို တိုက္စစ္သမား သံုးဦး တြဲဘက္ကစားရာက ညာျခမ္းကေန ဆာလာ ခ်ေပးတာကို ဖာမင္ႏို သာသာယာယာ ပိတ္သြင္းျပီး ဒုတိယ ဦးေဆာင္ဂိုး ရယူပါတယ္။ ဒီပြဲမွာ ဆာလာ တြဲဘက္ကစားမႈ အေတာ္ေလး လုပ္ေနခဲ့ျပီး ေဘာလံုးလည္း အေတာ္ေလး လိုက္လုခဲ့ကာ မာေနးကလည္း ဘယ္ျခမ္းမွာ ၾကိဳးစားအားထုတ္ခဲ့တာျဖစ္တယ္။

ဒုတိယ ဦးေဆာင္ဂိုး ရကတည္းက လီဗာပူးရဲ႕ ကစားပံုက စိတ္ေအးလက္ေအးရွိတဲ့ အေနအထားမွာ ရွိလာခဲ့ကာ သြင္းဂိုးအတြက္ အခြင့္အေရး ပိုရွာလာႏုိင္ခဲ့တယ္။ ကိုစတက္ ေထာင့္ကန္ေဘာက ကန္တင္ေပးလာတဲ့ ေဘာလံုး ေနာ့ဝစ္ ဧရိယာထိပ္ကို ျပန္ထြက္လာတာကို ခပ္ျပင္းျပင္း ပိတ္သြင္းမႈနဲ႔အတူ ဆာလာက ဒီရာသီ ပထမဆံုးသြင္းဂိုးနဲ႔ လီဗာပူးအတြက္ တတိယေျမာက္ဂိုး ရယူခဲ့တယ္။

မိနစ္ ၈၀ ေလာက္မွာ ကိတ္တာေနရာ အယ္လီးေယာ့ ဝင္ကစားပါတယ္။ ဆာလာ၊ မာေနးတို႔ အခြင့္အေရးေတြ ရခဲ့ေပမယ့္ ထပ္ျပီး ခ်ီးက်ဴးရမွာက ပြဲခ်ိန္ ၈၅ ေလာက္မွာ အယ္လီဆန္ရဲ႕ သံုးဆင့္ ကာကြယ္ခ့ဲတဲ့ ကမၻာအဆင့္ ကာကြယ္မႈပဲ ျဖစ္ပါတယ္။ ဧရိယာထဲ အနီးကပ္ကို ၃ ၾကိမ္ထိ ဆင့္ကာကြယ္ခဲ့ျခင္းေၾကာင့္ လီဗာပူးအသင္း ေျခပဂိုးေပးရဖို႔နဲ႔ ေဝးခဲ့တာျဖစ္တယ္။

ဒီပြဲမွာေတာ့ လီဗာပူးက ခ်န္ပီယံေျခစြမ္း မျပသႏုိင္ေသးေပမယ့္လည္း သမၻာရွိတဲ့ အသင္းလိုက္ ေျခစြမ္းကို ျပသႏုိင္ခဲ့ကာ ႏုိင္ပြဲတစ္ပြဲ သက္ေသာင့္သက္သာ ရယူခဲ့တယ္။ ဘယ္ျခမ္းက ကိုစတက္ အလုပ္ျဖစ္ခဲ့တာအတြက္နဲ႔ ဗန္ဒိုက္ မိနစ္ ၉၀ အျပည့္ ကစားႏုိင္ခဲ့တာက လီဗာပူးအတြက္ သတင္းေကာင္းျဖစ္ျပီး ဒီႏုိင္ပြဲဟာ အသင္းပရိသတ္ေတြကို ေက်နပ္ေစခဲ့မွာပဲ ျဖစ္ပါတယ္။

ဒီပြဲမွာ ဂုဏ္ယူစရာ မွတ္တမ္းအျဖစ္ ဆာလာဟာ ပရီးမီးယားလိဂ္ ၅ ရာသီဆက္တိုက္ အဖြင့္ပြဲစဥ္ေတြမွာ ဂိုးသြင္းႏုိင္တဲ့ ပထမဆံုးေသာ ပရီးမီးယားလိဂ္ကစားသမား ျဖစ္လာခဲ့ျပီျဖစ္ပါတယ္။