မန်ယူဟာ အက်သလက်တီကိုအသင်းမှ ကွင်းလယ်လူ သောမက်စ်ပါတေးကို ခေါ်ယူဖို့ရာ စိတ်ဝင်စားမှုတွေ ပြသထားပါတယ်။ ကစားသမားရဲ့ အေးဂျင့်က လာလီဂါကနေ ပါတေးကို ဆွဲထုတ်ဖို့ဆိုရင် ပြောင်းရွှေ့ကြေးက ပေါင် ၄၃.၅ သန်း ဖြစ်တယ်လို့ သတင်းစကား ပေးလာပါတယ်။

ကွင်းလယ် အတွင်းလူနေရာမှာ ကစားတဲ့ ပါတေးကို ကွင်းလယ်တစ်နေရာအတွက် မန်ယူက စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ထားခဲ့တယ်။ ပါတေးရဲ့ ပြောင်းရွှေ့ကြေးဟာ လက်သင့်ခံလောက်တဲ့ ပမာဏမှာပဲ ရှိနေပြီး အရမ်းမများပါဘူးလို့ သူ့ရဲ့အေးဂျင့် ဒန်နီရယ် ဂျာမီနက်ဇ်က ပြောပြပါတယ်။

” ပါတေးရဲ့ ပြောင်းရွှေ့ကြေးကို ကျနော် ပြောနိုင်ပါတယ်။ လောလောဆယ် ဘယ်သူနဲ့မှတော့ စကားပြောရခြင်း မရှိသေးပါဘူး။ သူ့ကို ခေါ်ယူလိုတယ်ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၄၃.၅ သန်း ပေးရပါမယ်။ သောမက်စ်လို ကစားသမားအနေနဲ့ ဈေးပေါတဲ့ ပမာဏလို့တောင် ပြောလို့ရပါတယ် ” လို့ ကစားသမားရဲ့ အေးဂျင့်က ဆိုခဲ့တာပါ။

အသက် ၂၅ နှစ်အရွယ် ဂါနာကွင်းလယ်လူဟာ အက်သလက်တီကိုမှာ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ပါဝင်ခွင့်တွေ ရနေတာပါ။ သူဟာ အက်သလက်တီကိုနဲ့ ၂၀၂၃ ခုနှစ်ထိ စာချုပ် ရှိနေသူဖြစ်တယ်။

မန်ယူဟာ ဟာရဲရားထွက်ခွာသွားတဲ့နောက် ကွင်းလယ်မှာ လူသစ်ခေါ်ယူမှု ပြုလုပ်ရမှာဖြစ်ပြီး ပါတေးကို စိတ်ဝင်စားခဲ့ဖူးကာ သူ့အတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးကို ပေးမလားက မသိရသေးပါဘူး။