လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ မနှစ်က အောက်တိုဘာမှ ဒူးဒဏ်ရာကြောင့် အနားယူနေရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မိနစ် ၉၀ အပြည့် ဘောလုံးပြန်ကစားခဲ့ပြီဖြစ်ပါတယ်။

မာတစ်နဲ့အတူ ဗဟိုခံစစ်မှာ ပွဲထွက်လာတဲ့ ဗန်ဒိုက်ဟာ ခပ်သွက်သွက် ဘောလုံးကစားခြင်းထက် ခံစစ်ကို တည်ငြိမ်အောင် ထိန်းကွပ်နိုင်ဖို့ကို အာရုံစိုက် ကစားခဲ့တယ်။ သူ့ထံကနေ ဘောလုံးပေးမှုကောင်းတွေနဲ့ တွဲဘက်တွေဖြစ်တဲ့ ထရန့်၊ ကိုစတက်၊ မာတစ်တို့ကို နေရာချပေးနိုင်မှုတွေကို မြင်ရခြင်းက ရာသီသစ်အတွက် အကောင်းမြင်စရာတွေ ဖြစ်ခဲ့ပါတယ်။

နော့ဝစ်ကို နိုင်ပွဲရအပြီးမှာ ရာသီအဖွင့်ပွဲနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ခံရချိန်မှာ အသင်းက ပင်ပန်းနေတာကြောင့် အခက်တွေ့မှုတွေ ရှိခဲ့ပေမယ့် ပိုကောင်းလာဦးမယ်လို့ ဆိုသွားခဲ့ပါတယ်။

ဗန်ဒိုက်က ” ပွဲကတော့ လုံး၀ အလန်းစား၊ ခက်လည်း ခက်ခဲခဲ့တယ်။ အဆုံးမှာ ၃-၀ နဲ့ နိုင်တယ် ဆိုတော့ သက်တောင့်သက်သာ ထင်ကြမှာပါ။ ဒါပေမယ့် ကျနော်တို့ ကိုယ့်ဘာသာ အခက်တွေ့နေခဲ့ကြသေးတယ်။ ပင်ပန်း နေခဲ့တာကြောင့်လားပဲ။ ကျနော်တို့ ပိုကောင်းကောင်း လုပ်နိုင်သေးတယ် ထင်ပါတယ်။

ဒါပေမယ့် ကွင်းထဲကို ပြန်လာရတာ၊ ကိုယ့်လူတွေကို ကူညီရတာတွေ ဆက်လုပ်နိုင်ဖို့ ကျနော် မျှော်လင့်တယ်။ ဘယ်လို ဖြစ်ဦးမလဲ ကြည့်ရတာပေါ့။ ကျနော်က ပွဲတွေ ကစားဖို့ လိုတယ်၊ မန်နေဂျာလည်း သိတယ်။ အသင်း အတွက်တော့ ဒီနေ့က အစကောင်းပဲ။ နောက်တစ်ပတ် ပွဲ အတွက် ကျနော်တို့ အင်အားဖြည့်ဖို့ အချိန်ရပြီ။ ” လို့ ဆိုတယ်။

ဖလား စိန်ခေါ်ဖို့နဲ့ပတ်သတ်ပြီး – ” ကျနော်တို့ အာရုံစိုက်နိုင်တာ က နောက်ပွဲ အတွက်ပဲ။ ပရီးမီးယားလိဂ် ကို ခုလို မြင်ရတာ စိတ်လှုပ်ရှားစရာပါ။ ကစားသမားတွေ အားလုံးကလည်း ပြန်လာနေပြီ။ ဒါကိုပဲ ကျနော် ကျေနပ်နေတာပါ။

ကိုယ့်အသင်းအကြောင်း ကိုယ်တွေးရင်၊ ကျနော်တို့သာ ကြံ့ခိုင်မှု ပြည့်နေမယ် ဆို ဆုဖလား စိန်ခေါ်ဖို့ အခွင့်အရေးကောင်း ရှိပါတယ်။ ကမ္ဘာ့အဆင့် တိုက်စစ်မှုးတွေနဲ့၊ ကမ္ဘာ့အဆင့် အသင်းတွေနဲ့ ပြန်ရင်ဆိုင်ရတော့မှာ ဖြစ်တယ်။ ရာသီအကုန်မှာ ကိုယ်က ဘယ်နေရာမှာ ရှိမလဲ ကြို မခန့်မှန်းနိုင်တာကိုကပဲ ရင်ခုန်စရာ ဖြစ်နေတာပါ။ ” လို့ ဗန်ဒိုက်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ မႏွစ္က ေအာက္တိုဘာမွ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရျပီးေနာက္ ပထမဆံုးအၾကိမ္အျဖစ္ မိနစ္ ၉၀ အျပည့္ ေဘာလံုးျပန္ကစားခဲ့ျပီျဖစ္ပါတယ္။

မာတစ္နဲ႔အတူ ဗဟိုခံစစ္မွာ ပြဲထြက္လာတဲ့ ဗန္ဒိုက္ဟာ ခပ္သြက္သြက္ ေဘာလံုးကစားျခင္းထက္ ခံစစ္ကို တည္ျငိမ္ေအာင္ ထိန္းကြပ္ႏုိင္ဖို႔ကို အာရံုစိုက္ ကစားခဲ့တယ္။ သူ႔ထံကေန ေဘာလံုးေပးမႈေကာင္းေတြနဲ႔ တြဲဘက္ေတြျဖစ္တဲ့ ထရန္႔၊ ကိုစတက္၊ မာတစ္တို႔ကို ေနရာခ်ေပးႏုိင္မႈေတြကို ျမင္ရျခင္းက ရာသီသစ္အတြက္ အေကာင္းျမင္စရာေတြ ျဖစ္ခဲ့ပါတယ္။

ေနာ့ဝစ္ကို ႏုိင္ပြဲရအျပီးမွာ ရာသီအဖြင့္ပြဲနဲ႔ ပတ္သက္လို႔ ေမးခြန္းထုတ္ခံရခ်ိန္မွာ အသင္းက ပင္ပန္းေနတာေၾကာင့္ အခက္ေတြ႔မႈေတြ ရွိခဲ့ေပမယ့္ ပိုေကာင္းလာဦးမယ္လို႔ ဆိုသြားခဲ့ပါတယ္။

ဗန္ဒိုက္က ” ပြဲကေတာ့ လံုး၀ အလန္းစား၊ ခက္လည္း ခက္ခဲခဲ့တယ္။ အဆံုးမွာ ၃-၀ နဲ႕ နုိင္တယ္ ဆိုေတာ့ သက္ေတာင့္သက္သာ ထင္ၾကမွာပါ။ ဒါေပမယ့္ က်ေနာ္တို႔ ကိုယ့္ဘာသာ အခက္ေတြ႔ေနခဲ့ၾကေသးတယ္။ ပင္ပန္း ေနခဲ့တာေၾကာင့္လားပဲ။ က်ေနာ္တို႔ ပိုေကာင္းေကာင္း လုပ္နိုင္ေသးတယ္ ထင္ပါတယ္။

ဒါေပမယ့္ ကြင္းထဲကို ျပန္လာရတာ၊ ကိုယ့္လူေတြကို ကူညီရတာေတြ ဆက္လုပ္နုိင္ဖို႔ က်ေနာ္ ေမွ်ာ္လင့္တယ္။ ဘယ္လို ျဖစ္ဦးမလဲ ၾကည့္ရတာေပါ့။ က်ေနာ္က ပြဲေတြ ကစားဖို႔ လိုတယ္၊ မန္ေနဂ်ာလည္း သိတယ္။ အသင္း အတြက္ေတာ့ ဒီေန႔က အစေကာင္းပဲ။ ေနာက္တစ္ပတ္ ပြဲ အတြက္ က်ေနာ္တို႔ အင္အားျဖည့္ဖို႔ အခ်ိန္ရျပီ။ ” လို႔ ဆိုတယ္။

ဖလား စိန္ေခၚဖို႔နဲ႕ပတ္သတ္ျပီး – ” က်ေနာ္တို႔ အာရံုစိုက္နုိင္တာ က ေနာက္ပြဲ အတြက္ပဲ။ ပရီးမီးယားလိဂ္ ကို ခုလို ျမင္ရတာ စိတ္လႈပ္ရွားစရာပါ။ ကစားသမားေတြ အားလံုးကလည္း ျပန္လာေနျပီ။ ဒါကိုပဲ က်ေနာ္ ေက်နပ္ေနတာပါ။

ကိုယ့္အသင္းအေၾကာင္း ကိုယ္ေတြးရင္၊ က်ေနာ္တို႔သာ ၾကံ႕ခိုင္မႈ ျပည့္ေနမယ္ ဆို ဆုဖလား စိန္ေခၚဖို႔ အခြင့္အေရးေကာင္း ရွိပါတယ္။ ကမၻာ့အဆင့္ တိုက္စစ္မႈးေတြနဲ႕၊ ကမၻာ့အဆင့္ အသင္းေတြနဲ႕ ျပန္ရင္ဆိုင္ရေတာ့မွာ ျဖစ္တယ္။ ရာသီအကုန္မွာ ကိုယ္က ဘယ္ေနရာမွာ ရွိမလဲ ၾကိဳ မခန္႔မွန္းနုိင္တာကိုကပဲ ရင္ခုန္စရာ ျဖစ္ေနတာပါ။ ” လို႔ ဗန္ဒိုက္က ေျပာဆိုခဲ့ပါတယ္။