အေဂျက်စ်အသင်းခေါင်းဆောင် ဒီလစ်ဂ်ျဟာ ၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အောင်ပွဲခံမှုကို အင်စတာဂရမ်မှာ ပြန်တင်ခဲ့တဲ့ မန်ယူဂန္ထ၀င်နောက်ခံလူ ရီယိုဖာဒီနန်ရဲ့ပို့စ်ကို Like လုပ်ခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေက အိုးထရက်ဖို့ဒ်အခြေစိုက်အသင်းကို ဒီလစ်ဂ်ျ ပြောင်းရွှေ့လိုနေတယ်လို့ အခိုင်အမာယူဆသွားကြပါတယ်။

မန်ချက်စတာယူနိုက်တတ်နဲ့ ပေါ်တူဂီ အသင်း အစွန်လူ ဒီယေဂို ဒါလော့ဟာ ယူ ၂၀ ကမ္ဘာဖလားပြိုင်ပွဲဝင် ပ်ါတူဂီ အသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပြီး အဖွင့်ပွဲအဖြစ်ေ တာင်ကိုရီးယားယူ ၂၀ အသင်း နှင့် စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နယူးကာဆယ် ကွင်းလယ်ကစားသမား ရှောင်လောင်းစတက်ဖ်ကို ပေါင်(၂၅)သန်းနဲ့ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။ နည်းပြဆိုးရှားဟာ လာမယ့်ရာသီအတွက် အသင်းရဲ့ကွင်းလယ်မှာ လူငယ်ကစားသမားတွေနဲ့ အဓိကဖွဲ့စည်းလိုနေတာကြောင့် အဆိုပါ အသက် (၂၁)နှစ်အရွယ် အင်္ဂလန်သားလေးကို အိုးထရက်ဖို့ဒ်ဆီ အရခေါ်ယူသွားဖို့ရှိနေတယ်လို့ သိရပါတယ်။

ကူလီဘလီအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ ယူရိုသန်း (၉၀)တန် ကမ်းလှမ်းမှုကို နာပိုလီအသင်းက ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဆီနီဂေါလက်ရွေးစင်အသင်းကို ယူနိုက်တက်ကလည်း စိတ်ဝင်စားနေပြီး နာပိုလီက စာချုပ်လျော်ကြေး ယူရိုသန်း (၁၅၀)အထိ အလိုရှိနေတယ်လို့ သိရပါတယ်။

မန်ယူအသင်းက အက်ရှ်လေယန်း၊ စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ကို စာချုပ်သစ်များ ချုပ်ဆိုခဲ့ခြင်းအပေါ် အသင်းသားတချို့က မပျော်မရွှင်ဖြစ်နေရာ အသင်းရဲ့အ၀တ်လဲခန်းအတွင်း စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်နေကြောင်း သိရပါတယ်။

မန်ယူဟာ နောဝှစ်ခ်ျစီးတီးအသင်းရဲ့ အကြီးအကဲဖြစ်သူ စတီးဝါ့ ဝက်ဘ်ဘာကို ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ စကားပြောဆိုဆွေးနွေးနေပါတယ်။ အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ လစာကိစ္စတွေကို အကောင်းဆုံးကိုင်တွယ်ပေးနိုင်မယ့် ဘောလုံးဒါရိုက်တာတစ်ဦးကို တောက်လျှောက်ရှာဖွေနေတာဖြစ်ပြီး နောဝှစ်ခ်ျကို တန်းပြန်တက်လာအောင် ပြုလုပ်ပေးခဲ့တဲ့ စတီးဝါ့ဒ် ကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

အဲဗာတန်အသင်းဟာ မန်ချက်စတာယူနိုက်တက်၊ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ၄င်းတို့ရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရစ်ချာလီဆန်အတွက် ပေါင်သန်း(၁၀၀) တန်ကြေးသတ်မှတ်လိုက်ပါတယ်။

ဘင်ဖီကာအသင်းက သူတို့ရဲ့ တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်အတွက် စာချုပ်ပါလျော်ကြေး ယူရိုသန်း (၁၂၀)အထိ ရရှိလိုတယ်လို့ သိရပါတယ်။ ဂျာအိုဖီးလစ်ကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေပြီး ခေါ်ယူနိုင်ဖို့ ကြိုးစားနေပေမယ့် ဘင်ဖီကာကတော့ သက်မှတ်ထားတဲ့ တန်ကြေးမရရှိပါက ရောင်းချသွားမှာမဟုတ်ပါဘူး။

မန်ယူနောက်ခံလူ မားကို့စ်ရိုဟိုက ၄င်းကို အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းက ချဉ်းကပ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်မှာပဲ နေချင်ခဲ့တာကြောင့် ငြင်းပယ်ခဲ့တဲ့အကြောင်း ဝန်ခံသွားခဲ့ပါတယ်။