လီဗာပူး ဘယ်အစွန်လူ ကိုစတက်က အသင်းဖော် ဂျိမ်းမီလ်နာရဲ့ အော်ငေါက် သတိပေးမှုကို နောက်တစ်ကြိမ် ရရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့ဆိုရင် မိနစ် ၉၀ အာရုံစိုက်နေဖို့လိုတဲ့ သင်ခန်းစာကို ရရှိခဲ့ပြန်ပြီ ဖြစ်ပါတယ်။
လီဗာပူးက နော့ဝစ်ကို ၂-၀ ဖြင့် အနိုင်ရနေချိန်မှာ ကိုစတက်က ခံစစ်မှာ ပေါ့လျော့စွာ ကစားခဲ့မိတာဖြစ်တယ်။ ဘောလုံးပေးဖို့ တုန့်ဆိုင်းနေတဲ့ ကိုစတက်ခြေထဲက ဘောလုံးကို နော့ဝစ်ဘက်က ဖိအားပေးပြီး ဘောလုံးရယူကာ ဧရိယာထိပ်မှာ ကန်သွင်းခဲ့ပေမယ့် ထောင်တက်သွားတာကြောင့် လီဗာပူးဘက်က သက်သာခဲ့တာဖြစ်တယ်။
ပွဲချိန် မိနစ် ၇၀ ဝန်းကျင်ပဲ ရှိသေးတာကြောင့် အဆိုပါဖြစ်ရပ်ကနေ ဂိုးပေးလိုက်ရမယ်ဆိုရင် ပွဲအဖြေက ပြောင်းလဲနိုင်ဦးမှာဖြစ်ပါတယ်။ ကွင်းထဲက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ မီလ်နာက ကိုစတက်ကို ချက်ခြင်းပဲ အော်ဟစ် သတိပေးခဲ့ရတယ်။ မီလ်နာက လက်ဟန်ဖြင့်ပါ သတိပေးရင်းက ကိုစတက် ခေါင်းကို ရိုက်မိသလိုတောင် ဖြစ်ခဲ့ပါသေးတယ်။
မီလ်နာရဲ့ ကျယ်လောင်စွာ သတိပေးမှု မတိုင်ခင်တည်းက ကိုစတက်ဟာ သူ့ရဲ့ အမှားကို ကိုယ်ဘာသာ သိထားဟန်ဖြင့် စိတ်ပျက်နေခဲ့သေးတာပါ။ ဝါရင့် ကွင်းလယ်လူက လီဗာပူးအသင်းရဲ့ အဓိက ပွဲထွက်သူအဖြစ် ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ကစားဖို့ဆိုရင် အာရုံစူးစိုက်မှုကို ပျံ့လွှင့်လို့ မရဘူးဆိုတာကို ကိုစတက်အား သတိပေးခဲ့တာဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ကွင်းထဲမှာ ကလေးတစ်ယောက်လို အော်ငေါက်ခံနေတဲ့ ကိုစတက် ဖြစ်ရပ်ကို သဘောကျနေခဲ့ပြီး နောက်များခါ ပေါ့ပေါ့လျော့လျော့ မကစားဖို့ မှတ်ချက်တွေ ပေးခဲ့ကြတာဖြစ်တယ်။
လီဗာပူးရဲ့ အဓိက ဘယ်အစွန်လူ ရော်ဘတ်ဆန်ဟာ ရာသီကြို ခြေစမ်းပွဲမှာ အတော်တဆ ဒဏ်ရာရခဲ့တာကြောင့် အမှတ်ပေးပွဲ ၃ ပွဲလောက် ကစားရဖို့ မရှိပါဘူး။ ဒါကြောင့် ကိုစတက်က သူ့ရဲ့ လီဗာပူးကစားသမားဘဝ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ပွဲထွက်လူစာရင်းက ပါဝင်မှုအဖြစ် ကစားခွင့်ရခဲ့တာဖြစ်တယ်။
၂၀၂၀ သြဂုတ်လမှာ လီဗာပူးအသင်းကို ပေါင် ၁၁.၇၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ကိုစတက်ဟာ လာမယ့် ပွဲတွေမှာလည်း လီဗာပူးအတွက် ပွဲထွက်ပေးရဦးမှာဖြစ်တယ်။ မီလ်နာရဲ့ သတိပေးမှုကလွဲရင် ကလော့ပ်ကတော့ ကိုစတက်ရဲ့ အဖွင့်ပွဲ ခြေစွမ်းကို သဘောကျမိကြောင်း ဆိုပါသေးတယ်။
‘ သူကစားတာကောင်းတယ်၊ ကောင်းပါတယ်။ မိနစ် ၈၀ လောက်အတွက်တော့ သူကစားတာ ကောင်းခ့တယ်။ တိုက်စစ်ပိုင်း လိုက်ပါမှုတွေမှာလည်း ပါဝင်ခဲ့ပြီး ခံစစ်ကစားပုံလည်း ကောင်းခဲ့တယ်။ နောက်တော့ ကစားအား ကျသွားခဲ့ပါတယ်။ ဒါကလည်း ကာလရှည်ကြီးပြီးမှ ဘောလုံးပြန်ကစားတာဆိုတော့ ပုံမှန်ပါပဲ။ ကောင်းမွန်တဲ့ ပွဲထွက်မှုပါ။ ပထမဆုံး အဝေးကွင်းမှာ သူကစားတာ ကောင်းခဲ့ပါတယ် ‘ လို့ ယာဂင်က ချီးကျူးသွားခဲ့ပါတယ်။
ZAWGYI
လီဗာပူး ဘယ္အစြန္လူ ကိုစတက္က အသင္းေဖာ္ ဂ်ိမ္းမီလ္နာရဲ႕ ေအာ္ေငါက္ သတိေပးမႈကို ေနာက္တစ္ၾကိမ္ ရရွိသြားခဲ့ျပီး ပရီးမီးယားလိဂ္မွာ ကစားဖို႔ဆိုရင္ မိနစ္ ၉၀ အာရံုစိုက္ေနဖို႔လိုတဲ့ သင္ခန္းစာကို ရရွိခဲ့ျပန္ျပီ ျဖစ္ပါတယ္။
လီဗာပူးက ေနာ့ဝစ္ကို ၂-၀ ျဖင့္ အႏုိင္ရေနခ်ိန္မွာ ကိုစတက္က ခံစစ္မွာ ေပါ့ေလ်ာ့စြာ ကစားခဲ့မိတာျဖစ္တယ္။ ေဘာလံုးေပးဖို႔ တုန္႔ဆိုင္းေနတဲ့ ကိုစတက္ေျခထဲက ေဘာလံုးကို ေနာ့ဝစ္ဘက္က ဖိအားေပးျပီး ေဘာလံုးရယူကာ ဧရိယာထိပ္မွာ ကန္သြင္းခဲ့ေပမယ့္ ေထာင္တက္သြားတာေၾကာင့္ လီဗာပူးဘက္က သက္သာခဲ့တာျဖစ္တယ္။
ပြဲခ်ိန္ မိနစ္ ၇၀ ဝန္းက်င္ပဲ ရွိေသးတာေၾကာင့္ အဆိုပါျဖစ္ရပ္ကေန ဂိုးေပးလိုက္ရမယ္ဆိုရင္ ပြဲအေျဖက ေျပာင္းလဲႏုိင္ဦးမွာျဖစ္ပါတယ္။ ကြင္းထဲက အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူေနတဲ့ မီလ္နာက ကိုစတက္ကို ခ်က္ျခင္းပဲ ေအာ္ဟစ္ သတိေပးခဲ့ရတယ္။ မီလ္နာက လက္ဟန္ျဖင့္ပါ သတိေပးရင္းက ကိုစတက္ ေခါင္းကို ရိုက္မိသလိုေတာင္ ျဖစ္ခဲ့ပါေသးတယ္။
မီလ္နာရဲ႕ က်ယ္ေလာင္စြာ သတိေပးမႈ မတိုင္ခင္တည္းက ကိုစတက္ဟာ သူ႔ရဲ႕ အမွားကို ကိုယ္ဘာသာ သိထားဟန္ျဖင့္ စိတ္ပ်က္ေနခဲ့ေသးတာပါ။ ဝါရင့္ ကြင္းလယ္လူက လီဗာပူးအသင္းရဲ႕ အဓိက ပြဲထြက္သူအျဖစ္ ပရီးမီးယားလိဂ္လို ျပိဳင္ပြဲမွာ ကစားဖို႔ဆိုရင္ အာရံုစူးစိုက္မႈကို ပ်ံ႔လႊင့္လို႔ မရဘူးဆိုတာကို ကိုစတက္အား သတိေပးခဲ့တာျဖစ္ပါတယ္။
လီဗာပူးပရိသတ္ေတြကေတာ့ ကြင္းထဲမွာ ကေလးတစ္ေယာက္လို ေအာ္ေငါက္ခံေနတ့ဲ ကိုစတက္ ျဖစ္ရပ္ကို သေဘာက်ေနခဲ့ျပီး ေနာက္မ်ားခါ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ မကစားဖို႔ မွတ္ခ်က္ေတြ ေပးခဲ့ၾကတာျဖစ္တယ္။
လီဗာပူးရဲ႕ အဓိက ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ဟာ ရာသီၾကိဳ ေျခစမ္းပြဲမွာ အေတာ္တဆ ဒဏ္ရာရခဲ့တာေၾကာင့္ အမွတ္ေပးပြဲ ၃ ပြဲေလာက္ ကစားရဖို႔ မရွိပါဘူး။ ဒါေၾကာင့္ ကိုစတက္က သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ပထမဆံုးအၾကိမ္ ပရီးမီးယားလိဂ္ ပြဲထြက္လူစာရင္းက ပါဝင္မႈအျဖစ္ ကစားခြင့္ရခဲ့တာျဖစ္တယ္။
၂၀၂၀ ၾသဂုတ္လမွာ လီဗာပူးအသင္းကို ေပါင္ ၁၁.၇၅ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ကိုစတက္ဟာ လာမယ့္ ပြဲေတြမွာလည္း လီဗာပူးအတြက္ ပြဲထြက္ေပးရဦးမွာျဖစ္တယ္။ မီလ္နာရဲ႕ သတိေပးမႈကလြဲရင္ ကေလာ့ပ္ကေတာ့ ကိုစတက္ရဲ႕ အဖြင့္ပြဲ ေျခစြမ္းကို သေဘာက်မိေၾကာင္း ဆိုပါေသးတယ္။
‘ သူကစားတာေကာင္းတယ္၊ ေကာင္းပါတယ္။ မိနစ္ ၈၀ ေလာက္အတြက္ေတာ့ သူကစားတာ ေကာင္းခ့တယ္။ တိုက္စစ္ပိုင္း လိုက္ပါမႈေတြမွာလည္း ပါဝင္ခဲ့ျပီး ခံစစ္ကစားပံုလည္း ေကာင္းခဲ့တယ္။ ေနာက္ေတာ့ ကစားအား က်သြားခဲ့ပါတယ္။ ဒါကလည္း ကာလရွည္ၾကီးျပီးမွ ေဘာလံုးျပန္ကစားတာဆိုေတာ့ ပံုမွန္ပါပဲ။ ေကာင္းမြန္တဲ့ ပြဲထြက္မႈပါ။ ပထမဆံုး အေဝးကြင္းမွာ သူကစားတာ ေကာင္းခဲ့ပါတယ္ ‘ လို႔ ယာဂင္က ခ်ီးက်ဴးသြားခဲ့ပါတယ္။