လီဗာပူးအသင်းဟာ ဖီဖာရဲ့ သတ်မှတ်ချက် အသစ်ကြောင့် လက်ရွေးစင်အသင်းတွေထံ ဖာမင်နို၊ ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ကို လက်လွတ်ရပြီးရင် ပုံမှန်အတိုင်း ကလပ်ပွဲမှာ ပြန်သုံးခွင့်မရမယ့် အရေးကို ရင်ဆိုင်လာရပါတယ်။
စက်တင်ဘာလနဲ့ အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ်တွေမှာ ကစားမယ့် တောင်အမေရိက ပွဲတွေအတွက် ဘရာဇီးက လူစာရင်း ထုတ်ပြန်ထားရာမှာ ပရီးမီးယားလိဂ်မှ (၉) ဦး ပါဝင်နေတယ်။ သူတို့တွေက လီဗာပူးမှ ဖာမင်နို၊ အယ်လီဆန်၊ ဖာဘင်ညို ယူနိုက်တက်မှ ဖရတ်၊ လိဒ်မှ ရာဖင်ဟာ၊ ချယ်ဆီးမှ သီယာဂို ဆေးဗား၊ မန်စီးတီးမှ အီဒါဆန်နဲ့ ဂျီဆုအပြင် အဲဗာတန်မှ ရစ်ချာလီဆန်တို့ဖြစ်ပါတယ်။
ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ဘရာဇီးနဲ့ ချီလီ၊ အာဂျင်တီးနားနဲ့ ပီရူးပွဲတွေကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကစားရမှာဖြစ်ပြီး ဒါဟာ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ မတိုင်ခင် ၄၈ နာရီ အလိုမှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။
ပြဿနာက အဲ့တာတင် မဟုတ်ဘဲ အဆိုပါပွဲတွေ အပြီးမှာ အနီရောင်အဆင့် နိုင်ငံတွေက ပြန်လာတဲ့ ကစားသမားတွေကို ကွာရန်တင်း ၁၀ ရက် စောင့်ကြည့်ဖို့ သတ်မှတ်လာခဲ့ပြီး ဘရာဇီး၊ အာဂျင်တီးနား အပါအဝင် တောင်အာဖရိက နိုင်ငံတွေက အနီရောင့်အဆင့် သတ်မှတ်ချက်မှာ ပါဝင်နေပါတယ်။
ဖီဖာက ကိုဗစ်ကပ်ဘေးအတွင်းမှာ ကလပ်တွေဟာ ကိုယ်အသင်း ကစားသမားတွေကို လက်ရွေးစင်အသင်းထံ စေလွှတ်ခြင်း မပြုလည်းရနိုင်ကြောင်း ကာလတို စည်းမျဉ်းတစ်ခု ထုတ်ပေးထားခဲ့တယ်။ ဒါပေမယ့်လို့ အဆိုပါ စည်းမျဉ်းက လာမယ့် စက်တင်ဘာမှ သက်ရောက်တော့မှာ မဟုတ်ကြောင်းလည်း ဖီဖာတာဝန်ရှိသူက ထုတ်ပြောထားပါတယ်။
ဖီဖာဘက်ကတော့ ကစားသမားတွေက လက်ရွေးစင်အသင်းတွေကို သွားရောက် ပူးပေါင်းပြီး ကစားခွင့်ရမယ်လို့ ယုံကြည်နေပေမယ့် ဗြိတိန်ဘက်ကတော့ ချွင်းချက်ဥပဒေ ထုတ်ပြန်ပေးလာဖို့ မရှိတာကြောင့် ကလပ်နဲ့ လက်ရွေးစင်အသင်းတွေကြား စကားပြောရတဲ့ ကိစ္စတွေ များလာမယ်လို့ သုံးသပ်နေရတာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဖီဖာရဲ႕ သတ္မွတ္ခ်က္ အသစ္ေၾကာင့္ လက္ေရြးစင္အသင္းေတြထံ ဖာမင္ႏို၊ ဖာဘင္ညိဳနဲ႔ အယ္လီဆန္တို႔ကို လက္လြတ္ရျပီးရင္ ပံုမွန္အတိုင္း ကလပ္ပြဲမွာ ျပန္သံုးခြင့္မရမယ့္ အေရးကို ရင္ဆိုင္လာရပါတယ္။
စက္တင္ဘာလနဲ႔ ေအာက္တိုဘာလ ႏုိင္ငံတကာသီတင္းပတ္ေတြမွာ ကစားမယ့္ ေတာင္အေမရိက ပြဲေတြအတြက္ ဘရာဇီးက လူစာရင္း ထုတ္ျပန္ထားရာမွာ ပရီးမီးယားလိဂ္မွ (၉) ဦး ပါဝင္ေနတယ္။ သူတို႔ေတြက လီဗာပူးမွ ဖာမင္ႏုိ၊ အယ္လီဆန္၊ ဖာဘင္ညိဳ ယူႏုိက္တက္မွ ဖရတ္၊ လိဒ္မွ ရာဖင္ဟာ၊ ခ်ယ္ဆီးမွ သီယာဂို ေဆးဗား၊ မန္စီးတီးမွ အီဒါဆန္နဲ႔ ဂ်ီဆုအျပင္ အဲဗာတန္မွ ရစ္ခ်ာလီဆန္တို႔ျဖစ္ပါတယ္။
ကမၻာဖလား ေျခစစ္ပြဲအျဖစ္ ဘရာဇီးနဲ႔ ခ်ီလီ၊ အာဂ်င္တီးနားနဲ႔ ပီရူးပြဲေတြကို စက္တင္ဘာလ ၁၁ ရက္ေန႔မွာ ကစားရမွာျဖစ္ျပီး ဒါဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ ကစားဖို႔ မတိုင္ခင္ ၄၈ နာရီ အလိုမွာ ယွဥ္ျပိဳင္ၾကရမွာ ျဖစ္ပါတယ္။
ျပႆနာက အဲ့တာတင္ မဟုတ္ဘဲ အဆိုပါပြဲေတြ အျပီးမွာ အနီေရာင္အဆင့္ ႏုိင္ငံေတြက ျပန္လာတဲ့ ကစားသမားေတြကို ကြာရန္တင္း ၁၀ ရက္ ေစာင့္ၾကည့္ဖို႔ သတ္မွတ္လာခဲ့ျပီး ဘရာဇီး၊ အာဂ်င္တီးနား အပါအဝင္ ေတာင္အာဖရိက ႏုိင္ငံေတြက အနီေရာင့္အဆင့္ သတ္မွတ္ခ်က္မွာ ပါဝင္ေနပါတယ္။
ဖီဖာက ကိုဗစ္ကပ္ေဘးအတြင္းမွာ ကလပ္ေတြဟာ ကိုယ္အသင္း ကစားသမားေတြကို လက္ေရြးစင္အသင္းထံ ေစလႊတ္ျခင္း မျပဳလည္းရႏိုင္ေၾကာင္း ကာလတို စည္းမ်ဥ္းတစ္ခု ထုတ္ေပးထားခဲ့တယ္။ ဒါေပမယ့္လို႔ အဆိုပါ စည္းမ်ဥ္းက လာမယ့္ စက္တင္ဘာမွ သက္ေရာက္ေတာ့မွာ မဟုတ္ေၾကာင္းလည္း ဖီဖာတာဝန္ရွိသူက ထုတ္ေျပာထားပါတယ္။
ဖီဖာဘက္ကေတာ့ ကစားသမားေတြက လက္ေရြးစင္အသင္းေတြကို သြားေရာက္ ပူးေပါင္းျပီး ကစားခြင့္ရမယ္လို႔ ယံုၾကည္ေနေပမယ့္ ျဗိတိန္ဘက္ကေတာ့ ခၽြင္းခ်က္ဥပေဒ ထုတ္ျပန္ေပးလာဖို႔ မရွိတာေၾကာင့္ ကလပ္နဲ႔ လက္ေရြးစင္အသင္းေတြၾကား စကားေျပာရတဲ့ ကိစၥေတြ မ်ားလာမယ္လို႔ သံုးသပ္ေနရတာျဖစ္ပါတယ္။