လီဗာပူးမန်နေဂျာဟောင်းနဲ့ ကစားသမားဟောင်း ဆောင်းနက်က သူ့ရဲ့ အသင်းဟောင်း ရာသီအဖွင့်ကိုမှာ ပုံစံကောင်းရခဲ့ပေမယ့်လို့ ဒီနွေမှာ ခြားနားတဲ့ ရွေးချယ်ပိုင်းခွင့်အတွက် အင်အားဖြည့်ဖို့ လိုအပ်နေဆဲလို့ မြင်ပါတယ်။

လီဗာပူးဟာ နွေဈေးကွက်မှာ ကိုနတေး တစ်ဦးတည်းကို ခေါ်ယူထားတယ်။ ကလပ်ဟာ ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကိုလည်း လက်လွတ်ထားရတာဖြစ်ပါတယ်။ ဗန်ဒိုက်၊ မာတစ်နဲ့ ဂိုးမက်စ်တို ကြံ့ခိုင်မှု ထိခိုက်ချိန်မှာ အသင်းရဲ့ ခံစစ်က ထိခိုက်မှု ကြီးမားခဲ့ပြီး အဲ့နေရာအတွက် ပြန်ဖြည့်နိုင်ခဲ့ပေမယ့် ကွင်းလယ်ပိုင်းအတွက် ဆောင်းနက်က စိတ်ပူနေပါသေးတယ်။

ဝိုက်နယ်ဒမ်ဟာ လီဗာပူးကစားသမားဘဝမှာ စွမ်းဆောင်ရည် တည်ငြိမ်သူဖြစ်ပြီး တစ်ရာသီလုံး ဒဏ်ရာမရှိဘဲ ပွဲကစားနိုင်သူဖြစ်တယ်။ လက်ရှိမှာ သူနေရာအတွက် ကိတ်တာ၊ ချိန်ဘာလိန်၊ ဂျုံးတို့ကို ပွဲထုတ်ရမှာဖြစ်ပြီး ကွင်းလယ်လူ အချို့ရဲ့ ကြံ့ခိုင်မှုဆိုင်ရာ မှတ်တမ်းဟောင်းတွေကြောင့် ပရိသတ်တွေကလည်း စိတ်ပူထားတာတွေ ရှိနေပါတယ်။

ဆောင်းနက်က ” လီဗာပူး ငွေနည်းနည်းသုံးတာကို ကျနော် မြင်ချင်ပါတယ် ဒါပေမယ့် သူတို့ ဂိုးတွေ သွင်းနေတာက ပျော်စရာပါ။ လီဗာပူးအသင်းကို ကြည့်ပြီး သူတို့ တိုက်စစ်သမား သုံးယောက်က သိပ်ကောင်းတာပဲ လို ပြောဖို့က လွယ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အကောင်းဆုံး ကစားမှုတွေက ကွင်းလယ်ကနေ လာတာပါ။

ဝိုက်နယ်ဒမ် မရှိတော့ပါဘူး။ ဟန်ဒါဆန်က တစ်နှစ် အသက်ကြီးသွားပါပြီ။ မီလ်နာလည်း တစ်နှစ် အိုလာခဲ့ပြီ။ သူတို့မှာ လူငယ်ကစားသမားကောင်းတွေ ရှိနေတာ ကျနော် သိပါတယ်။ တနင်္လာနေ့က အိုဆာဆူနာနဲ့ပွဲမှာ မြင်ခဲ့ပါတယ်။ အဲ့ပွဲကို ကြည့်ဖို့ ကွင်းထဲမှာ ကျနော် ရှိနေခဲ့ပါတယ်။

ကွင်းလယ်မှာ တစ်ခုခုခြားနားတာမျိုးကို မြင်လိုပါတယ်။ ခက်ခဲတဲ့ ဘောလုံးရာသီရှည် တစ်ခုကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

မန်နေဂျာကလော့ပ်ဟာ နော့ဝစ်ပွဲမှာတော့ ကိတ်တာကို နံပါတ် ၈ နေရာ ထားကစားခဲ့ပြီး နောက်ပိုင်းမှာ အယ်လီးယော့ဖြင့် လူစားလဲခဲ့ပါတယ်။ ဈေးကွက်မပိတ်ခင် ကွင်းလယ်လူ (သို့) တိုက်စစ်သမား တစ်ဦး ခေါ်ယူသွားဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပြီး အသင်းအတွက် အကူအညီဖြစ်မယ့် ခေါ်ယူမှု တစ်ခုကို မြင်ရဖို့တော့ အားလုံးက မျှော်လင့်နေတာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာေဟာင္းနဲ႔ ကစားသမားေဟာင္း ေဆာင္းနက္က သူ႔ရဲ႕ အသင္းေဟာင္း ရာသီအဖြင့္ကိုမွာ ပံုစံေကာင္းရခဲ့ေပမယ့္လို႔ ဒီေႏြမွာ ျခားနားတဲ့ ေရြးခ်ယ္ပိုင္းခြင့္အတြက္ အင္အားျဖည့္ဖို႔ လိုအပ္ေနဆဲလို႔ ျမင္ပါတယ္။

လီဗာပူးဟာ ေႏြေစ်းကြက္မွာ ကိုနေတး တစ္ဦးတည္းကို ေခၚယူထားတယ္။ ကလပ္ဟာ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကိုလည္း လက္လြတ္ထားရတာျဖစ္ပါတယ္။ ဗန္ဒိုက္၊ မာတစ္နဲ႔ ဂိုးမက္စ္တို ၾကံ႕ခိုင္မႈ ထိခိုက္ခ်ိန္မွာ အသင္းရဲ႕ ခံစစ္က ထိခိုက္မႈ ၾကီးမားခဲ့ျပီး အဲ့ေနရာအတြက္ ျပန္ျဖည့္ႏုိင္ခဲ့ေပမယ့္ ကြင္းလယ္ပိုင္းအတြက္ ေဆာင္းနက္က စိတ္ပူေနပါေသးတယ္။

ဝိုက္နယ္ဒမ္ဟာ လီဗာပူးကစားသမားဘဝမွာ စြမ္းေဆာင္ရည္ တည္ျငိမ္သူျဖစ္ျပီး တစ္ရာသီလံုး ဒဏ္ရာမရွိဘဲ ပြဲကစားႏုိင္သူျဖစ္တယ္။ လက္ရွိမွာ သူေနရာအတြက္ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ဂ်ံဳးတို႔ကို ပြဲထုတ္ရမွာျဖစ္ျပီး ကြင္းလယ္လူ အခ်ိဳ႔ရဲ႕ ၾကံ႔ခိုင္မႈဆိုင္ရာ မွတ္တမ္းေဟာင္းေတြေၾကာင့္ ပရိသတ္ေတြကလည္း စိတ္ပူထားတာေတြ ရွိေနပါတယ္။

ေဆာင္းနက္က ” လီဗာပူး ေငြနည္းနည္းသံုးတာကို က်ေနာ္ ျမင္ခ်င္ပါတယ္ ဒါေပမယ့္ သူတို႔ ဂိုးေတြ သြင္းေနတာက ေပ်ာ္စရာပါ။ လီဗာပူးအသင္းကို ၾကည့္ျပီး သူတို႔ တိုက္စစ္သမား သံုးေယာက္က သိပ္ေကာင္းတာပဲ လို ေျပာဖို႔က လြယ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ အေကာင္းဆံုး ကစားမႈေတြက ကြင္းလယ္ကေန လာတာပါ။

ဝိုက္နယ္ဒမ္ မရွိေတာ့ပါဘူး။ ဟန္ဒါဆန္က တစ္ႏွစ္ အသက္ၾကီးသြားပါျပီ။ မီလ္နာလည္း တစ္ႏွစ္ အိုလာခဲ့ျပီ။ သူတို႔မွာ လူငယ္ကစားသမားေကာင္းေတြ ရွိေနတာ က်ေနာ္ သိပါတယ္။ တနလၤာေန႔က အိုဆာဆူနာနဲ႔ပြဲမွာ ျမင္ခဲ့ပါတယ္။ အဲ့ပြဲကို ၾကည့္ဖို႔ ကြင္းထဲမွာ က်ေနာ္ ရွိေနခဲ့ပါတယ္။

ကြင္းလယ္မွာ တစ္ခုခုျခားနားတာမ်ိဳးကို ျမင္လိုပါတယ္။ ခက္ခဲတဲ့ ေဘာလံုးရာသီရွည္ တစ္ခုကို ေက်ာ္ျဖတ္ရမွာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ေနာ့ဝစ္ပြဲမွာေတာ့ ကိတ္တာကို နံပါတ္ ၈ ေနရာ ထားကစားခဲ့ျပီး ေနာက္ပိုင္းမွာ အယ္လီးေယာ့ျဖင့္ လူစားလဲခဲ့ပါတယ္။ ေစ်းကြက္မပိတ္ခင္ ကြင္းလယ္လူ (သို႔) တိုက္စစ္သမား တစ္ဦး ေခၚယူသြားဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္ျပီး အသင္းအတြက္ အကူအညီျဖစ္မယ့္ ေခၚယူမႈ တစ္ခုကို ျမင္ရဖို႔ေတာ့ အားလံုးက ေမွ်ာ္လင့္ေနတာပဲျဖစ္ပါတယ္။