ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲကိုရောက်ရှိနေတဲု့ လီဗာပူးအသင်းဟာ စပါးကို အနိုင်ရကာ ဖလားသိမ်းပိုက်ခဲ့မယ်ဆိုရင် UEFA မှဆုချီးမြှင့်မည့် ဆုကြေးငွေ ပေါင်သန်း ၁၀၀ ၀န်းကျင်းရရှိမယ်လို့ သိရပါတယ်။
လီဗာပူးနဲ့ စပါးတို့ ဗိုလ်လုပွဲမှာ အနိုင်ရရင် ရမယ့် ဆုကြေးတွေဧာ အင်္ဂလိပ်အသင်းများထဲတွင် အများဆုံးရရှိမည့် စံချိန်တင်ဆုကြေးငွေလည်းဖြစ်ပါမယ်။
ကလပ်အသင်းတွေရမယ့် အုပ်စုအဆင့်မှ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်အထိ ဆုကြေးငွေတွေကို အဆင့်ဆင့် တွက်ချက်ပြရမယ်ဆိုရင်
အုပ်စုအဆင့် ဆုကြေးတွေအဖြစ် တသင်းကို ပေါင် ၁၃.၅ သန်းစီ စတင်ပိုင်ဆိုင်မှာဖြစ်တယ်။ အုပ်စုပွဲစဉ်အတွင်း အနိုင် (သို့) သရေကျခဲ့မှုတွေအရ ဆုကြေးအဖြစ် လီဗာပူးက ပေါင် ၇.၉ သန်း ခံစားရပြီး၊ တော့တင်ဟမ်က ပေါင် ၆.၉ သန်း ခံစားခွင့်ရရှိပါတယ်။
၁၆ သင်းအဆင့်ကို ရောက်ရှိခဲ့ပါက အပိုဆုကြေးငွေ ပေါင် ၈.၄ သန်းကို၊ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ခဲ့ပါက ပေါင် ၉.၂ သန်း၊ ဆီမီးဖိုင်နယ်သို့ရောက်ခဲ့ပါက ပေါင် ၁၀.၆ သန်း၊ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွင် ပေါင် ၁၃.၂ သန်းတို့ကို နှစ်သင်းစလုံး ရရှိမှာဖြစ်တယ်။
လီဗာပူးက စပါးကို ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ပေါင် ၉၈.၁ သန်း ရရှိမှာဖြစ်ပြီး၊ ရှုံးနိမ့်ခဲ့ပါက ပေါင် ၉၄.၆ သန်းရရှိမှာဖြစ်တယ်။ ထို့အတူ စပါးအသင်းက အနိုင်ရခဲ့ပါက ပေါင် ၉၃ သန်းခံစားခွင့် ရရှိမှာဖြစ်ပြီး၊ ရှုံးနိမ့်ခဲ့ပါက ပေါင် ၈၉.၅ သန်းရရှိမှာဖြစ်တယ်။
နောက်ဆုံးဗိုလ်လုပွဲတွင် အနိုင်ရရှိသော အသင်းနှင့် ရှုံးနိမ့်သောအသင်းတို့၏ ဆုကြေးငွေကွာခြားချက်မှာ အများဆုံး ၃.၅ သန်းသာရှိသည်။ ထူးခြားမှုကတော့ လီဗာပူးက ရှူံးရှူံးနိုင်နိုင် ဆုကြေးမှာတော့ ပြိုင်ဘက် စပါးထက် သာလွန်မှာဖြစ်ပါတယ်။