ရှက်ဖီးယူနိုက်တက်ကို တစ်ရာသီအငှား ထွက်ကစားပြီဖြစ်တဲ့ ဘမ်ဒေးဗစ်က အန်ဖီးကစားသမားဘဝ ၆ လ အကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

ဘမ်ဒေးဗစ်က ရှက်ဖီးယူနိုက်တက်ကစားသမားဘဝ ပထမဆုံး အင်တာဗျူးမှာပဲ ဇန်နဝါရီကမှ ပြောင်းရွှေ့ခဲ့တဲ့ လီဗာပူးအကြောင်းကို ထည့်သွင်း ပြောဆိုခဲ့တယ်။ ရှက်ဖီးဟာ အငှားကြေးအဖြစ် ပေါင် ၅ သိန်း ပေးသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ထံ တန်းတက်ခွင့် ရခဲ့ရင်တော့ နောက်ထပ် ပေါင် ၅ သိန်း ပေးမှာဖြစ်ပါတယ်။

ဘမ်ဒေးဗစ်က “ လီဗာပူးကို ပြောင်းရဖို့ဆိုတာက ဘယ်လိုမှကို မပယ်ချနိုင်တဲ့ ကမ်းလှမ်းခံရမှုပါ။ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။ လီဗာပူးလို အသင်းက ကိုယ်မရောက်ဖူးသ၍ ကိုယ်တိုင် မမြင်ဖူးသ၍ ယုံနိုင်မှာတောင် မဟုတ်ပါဘူး။ တစ်သင်းလုံးက အရမ်းကို ထူးခြားပါတယ်။

အရမ်းကောင်းတဲ့ ၆ လ လောက်ကို ကုန်ဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ဘောလုံးသမားတိုင်းအတွက်က ဘောလုံးကစားဖို့ဆိုတာဟာ အရမ်းကို အရေးကြီးတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျနော် အငှားထွက်ကစားဖို့ လုပ်ဆောင်လာခဲ့တာပါ။ ပွဲတွေ ကစားရဖို့နဲ့ ယှဉ်ပြိုင်မှုကို နောက်တစ်ကြိမ် ခံစားခွင့်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးရဲ့ ခမ်းနားမှုကို အထင်ကြီးပေမယ့်လို့ ကစားသမားအဖြစ် ဘောလုံးပွဲတွေမှာ ပြန်လည် ပါဝင်ကစားလိုစိတ်ကြောင့် ချန်ပီယံရှစ်ကလပ်ထံ အငှားထွက်ရေး ကြိုးစားခဲ့တာလို့ ခံစစ်မှူးက ပြောပါတယ်။

ဒေးဗစ်ကပဲ “ ပွဲနေ့ အရသာကို ကျနော် အရမ်း လွမ်းနေမိပါတယ်။ အထူးသဖြင့် ဒီနှစ်မှာ ကွင်းထဲ ပရိသတ်တွေလည်း ပြန်ဝင်ရောက်လာမှာဖြစ်တယ်။ ပရိသတ်တွေနဲ့ စစ်မှန်တဲ့ ပွဲကောင်းတွေကို နောက်ဆုး ကစားခဲ့တာဟာ ကြာလှပါပြီ။

ဒါကပဲ ဒီကို ပြောင်းလာခြင်းမှာ စိတ်လှုပ်ရှားရတဲ့ ကိစ္စဖြစ်ပါတယ်။ အောင်မြင်တဲ့ နှစ်တစ်နှစ်ဖြစ်လာဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးကင်းထောက်တွေဟာ ဘမ်ဒေးဗစ်ရဲ့ ခြေစွမ်းကို ပုံမှန် စောင့်ကြည့်သွားမှာဖြစ်တယ်။ လာမယ့်ရာသီမှာတော့ သူ လီဗာပူးမှာ ဆက်ရှိမလားဆိုတာတော့ အချိန်ကပဲ စကားပြောသွားမှာဖြစ်ပါတယ်။

ZAWGYI

ရွက္ဖီးယူႏုိက္တက္ကို တစ္ရာသီအငွား ထြက္ကစားျပီျဖစ္တဲ့ ဘမ္ေဒးဗစ္က အန္ဖီးကစားသမားဘဝ ၆ လ အေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္။

ဘမ္ေဒးဗစ္က ရွက္ဖီးယူႏုိက္တက္ကစားသမားဘဝ ပထမဆံုး အင္တာဗ်ဴးမွာပဲ ဇန္နဝါရီကမွ ေျပာင္းေရႊ႔ခဲ့တဲ့ လီဗာပူးအေၾကာင္းကို ထည့္သြင္း ေျပာဆိုခဲ့တယ္။ ရွက္ဖီးဟာ အငွားေၾကးအျဖစ္ ေပါင္ ၅ သိန္း ေပးသြားမွာျဖစ္ျပီး ပရီးမီးယားလိဂ္ထံ တန္းတက္ခြင့္ ရခဲ့ရင္ေတာ့ ေနာက္ထပ္ ေပါင္ ၅ သိန္း ေပးမွာျဖစ္ပါတယ္။

ဘမ္ေဒးဗစ္က “ လီဗာပူးကို ေျပာင္းရဖို႔ဆိုတာက ဘယ္လိုမွကို မပယ္ခ်ႏုိင္တဲ့ ကမ္းလွမ္းခံရမႈပါ။ အရမ္းကို စိတ္လႈပ္ရွားဖို႔ ေကာင္းခဲ့ပါတယ္။ လီဗာပူးလို အသင္းက ကိုယ္မေရာက္ဖူးသ၍ ကိုယ္တိုင္ မျမင္ဖူးသ၍ ယံုႏုိင္မွာေတာင္ မဟုတ္ပါဘူး။ တစ္သင္းလံုးက အရမ္းကို ထူးျခားပါတယ္။

အရမ္းေကာင္းတဲ့ ၆ လ ေလာက္ကို ကုန္ဆံုးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ ေဘာလံုးသမားတိုင္းအတြက္က ေဘာလံုးကစားဖို႔ဆိုတာဟာ အရမ္းကို အေရးၾကီးတဲ့ကိစၥပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ က်ေနာ္ အငွားထြက္ကစားဖို႔ လုပ္ေဆာင္လာခဲ့တာပါ။ ပြဲေတြ ကစားရဖို႔နဲ႔ ယွဥ္ျပိဳင္မႈကို ေနာက္တစ္ၾကိမ္ ခံစားခြင့္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးရဲ႕ ခမ္းနားမႈကို အထင္ၾကီးေပမယ့္လို႔ ကစားသမားအျဖစ္ ေဘာလံုးပြဲေတြမွာ ျပန္လည္ ပါဝင္ကစားလိုစိတ္ေၾကာင့္ ခ်န္ပီယံရွစ္ကလပ္ထံ အငွားထြက္ေရး ၾကိဳးစားခဲ့တာလို႔ ခံစစ္မွဴးက ေျပာပါတယ္။

ေဒးဗစ္ကပဲ “ ပြဲေန႔ အရသာကို က်ေနာ္ အရမ္း လြမ္းေနမိပါတယ္။ အထူးသျဖင့္ ဒီႏွစ္မွာ ကြင္းထဲ ပရိသတ္ေတြလည္း ျပန္ဝင္ေရာက္လာမွာျဖစ္တယ္။ ပရိသတ္ေတြနဲ႔ စစ္မွန္တဲ့ ပြဲေကာင္းေတြကို ေနာက္ဆုး ကစားခဲ့တာဟာ ၾကာလွပါျပီ။

ဒါကပဲ ဒီကို ေျပာင္းလာျခင္းမွာ စိတ္လႈပ္ရွားရတဲ့ ကိစၥျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ ႏွစ္တစ္ႏွစ္ျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးကင္းေထာက္ေတြဟာ ဘမ္ေဒးဗစ္ရဲ႕ ေျခစြမ္းကို ပံုမွန္ ေစာင့္ၾကည့္သြားမွာျဖစ္တယ္။ လာမယ့္ရာသီမွာေတာ့ သူ လီဗာပူးမွာ ဆက္ရွိမလားဆိုတာေတာ့ အခ်ိန္ကပဲ စကားေျပာသြားမွာျဖစ္ပါတယ္။