ဘာစီလိုနာအသင်းသည် ကော်ပါဒယ်ရေးဖလားဗိုလ်လုပွဲတွင် ဗလင်စီယာအသင်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၈-၁၉ ရာသီတစ်ခုလုံးကို လာလီဂါဖလားတစ်လုံးဖြင့်သာ အဆုံးသတ်သွားခဲ့ခြင်းဖြစ်တယ်။

ကော်ပါဒယ်ရေးဖလားပွဲ ရှုံးနိမ့်ခဲ့ခြင်းကြောင့် ဘာစီလိုနာပရိသတ် အများက နည်းပြဗယ်ဗာဒီအပေါ် ပေါက်ကွဲခဲ့ကြပြီး ရာထူးမှ ထုတ်ပယ်စေရန် ဆန္ဒရှိနေကြတာလည်းဖြစ်တယ်။ အင်္ဂလန်မြေမှာ လီဗာပူးကို အရေးနိမ့်ခဲ့လို့ ဖိအားတွေရှိနေတဲ့ ဘာစီလိုနာနည်းပြဟာ ဗိုလ်လုပွဲတစ်ပွဲမှာပါ အရေးနိမ့်ခဲ့ခြင်းဖြစ်တယ်။

ဗယ်ဗာဒီ က ” နည်းပြတွေက အမြဲပဲ ဆိုးရွားတဲ့ ရလဒ်တွေကို ခြားနားသွားအောင် လုပ်လိုကြသူတွေပါ။ အကယ်လို့ ကျနော်ကို ကွာတားဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲ ဘယ်အဆင့်မှာ ရှူံးလိုသလဲလို့ မေးလာခဲ့ရင် ကျနော်ကတော့ ဖိုင်နယ်ကို အရေးနိမ့်တာကို ပိုပြီး နှစ်သက်ပါတယ်။

အကယ်လို့ ချန်ပီယံလိဂ်မှာလည်း ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်လိုလား၊ ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်လိုလား မေးခံရင် ကျနော်ကတော့ ဆီမီးဖိုင်နယ်မှာလို့ပဲ ရွေးချယ်မှာပါ ” လို့ ဖြေသွားပါတယ်။

ဘာစီလိုနာ ဥက္ကဌကတော့ နွေဈေးကွက်ထဲ ဝင်ရောက်နေကြောင်းကို “ကျနော်တို့အားလုံး ဖရန်ကီကို ခေါ်ပြီးပြီလေ၊ တခြားကစားသမားအသစ်တွေကို ခေါ်ဖို့လည်းလုပ်နေတယ်။ ပြီးတော့ ဘယ်သူတွေထွက်သွားမလဲဆိုတာရှိသေးတယ်။ ဒါတွေအကုန်လုံးကို ဒီအချိန်မှာပြောပြလို့ မသင့်သေးပါဘူး” လို့ ဆိုခဲ့ပါတယ်။