မနှစ်ကရာသီ အန်ဖီးကွင်းမှာတော့ လီဗာပူးနဲ့ ဘန်လေတို့ ယှဉ်ပြိုင်ခဲ့ချိန်မှာ ဘန်လေဘက်က ၁-၀ ဖြင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ် အန်ဖီးကွင်းမှာတော့ ခြားနားမှုအဖြစ် လီဗာပူးပရိသတ်တွေက ကွင်းထဲမှာ ရှိနေမှာဖြစ်တယ်။

ပွဲကြိုမှာ လီဗာပူးနဲ့ ပတ်သက်ပြီး ဘန်လေမန်နေဂျာ ဒိုင်ချီက အခုလို ပြောဆိုပါတယ်။

မနှစ်က အနိုင်ရခဲ့တာနဲ့ ပတ်သက်လို့.. ” မနှစ်တုန်းက ကျနေ်ာတို့က ချိန်သာကိုက်ကိုပဲ အရမ်းကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ အဲ့လိုမျိုး ထပ်လုပ်နိုင်ဖို့လိုပါတယ်။ တူညီစွာ ထပ်လုပ်နိုင်ဖို့ လိုပါတယ်။ ”

အန်ဖီးကွင်းရဲ့ သက်ရောက်မှု… ” လီဗာပူးအသင်းက သူတို့ရဲ့ အသင်းကို ကာကွယ်ဖို့နဲ့ နောက်ကွယ်ကနေ ထောက်ခံအားပေးဖို့ သိပ်ကောင်းတဲ့ ပရိသတ်ထုကြီးကို ပိုင်ဆိုင်ထားပါတယ်။ အားကစားကွင်းတွေထဲ ပရိသတ်တွေ ပြန်ဝင်ခွင့်ရနေတာကို ကျနေ်ာရဲ့ အသင်းသားတွေ ဂရုစိုက်ရမှာပါ။ ”

လီဗာပူးနဲ့ပတ်သက်လို့… ” အန်ဖီးကွင်းလို နေရာတွေမှာ ပွဲကို အနိုင်ရဖို့ဆိုတာက ခက်ခဲပါတယ်။ မနှစ်တုန်းက သူတို့မှာ ဒဏ်ရာပြဿနာတွေ ရှိထားတယ်။ ဗန်ဒိုက်လို အထက်တန်းစား ကစားသမားကို ဆုံးရံှူးထားရတယ်။ ကျနေ်ာတို့က မှန်ကန်တဲ့ နိုင်ပွဲကိုလည်း ဖော်ဆောင်နိုင်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ တူညီစွာ ထပ်လုပ်နိုင်ဖို့ အာမခံချက်မရှိပါဘူး။ ”

အန်ဖီးမှာ ဘယ်လို ကြိုးစားမလဲ… ” ကျနေ်ာတို့ အားထုတ်ရမှာပါ။ ကိုယ်ခြေထဲမှာ ဘောလုံးရှိချိန်မှာ အခွင့်အလမ်းတွေကို အကောင်းဆုံး ရယူနိုင်အောင် အမြင့်ဆုံး ကြိုးစားရပါမယ်။ ”

အန်ဖီးမှာ ဘယ်လိုကစားမလဲနဲ့ ပတ်သက်လို့ … ” ခံစစ်လိုင်းက ကစားသမားတိုင်း အလုပ်ကို အကောင်းဆုံးလုပ်ဖို့ လိုပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်းတွေက ကစားဖို့ မလွယ်ပေမယ့် အကောင်းဆုံး ခံစစ်ကတော့ တိုက်စစ်ဆင်ဖို့ပါပဲ။ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာ ဘယ်လောက်ထိ ရှာဖွေနိုင်မလဲနဲ့ ဘယ်လို တိုက်ခိုက်နိုင်မလဲ၊ လုံလောက်အောင်ကော တိုက်ခိုက်နိုင်မလားပါပဲ။ လွယ်ကူမှာ မဟုတ်ပေမယ့် ကျနေ်ာတို့ ကြိုးစားမှာပါ။ ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

မႏွစ္ကရာသီ အန္ဖီးကြင္းမွာေတာ့ လီဗာပူးနဲ႔ ဘန္ေလတို႔ ယွဥ္ျပိဳင္ခဲ့ခ်ိန္မွာ ဘန္ေလဘက္က ၁-၀ ျဖင့္ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ဒီတစ္ၾကိမ္ အန္ဖီးကြင္းမွာေတာ့ ျခားနားမႈအျဖစ္ လီဗာပူးပရိသတ္ေတြက ကြင္းထဲမွာ ရွိေနမွာျဖစ္တယ္။

ပြဲၾကိဳမွာ လီဗာပူးနဲ႔ ပတ္သက္ျပီး ဘန္ေလမန္ေနဂ်ာ ဒိုင္ခ်ီက အခုလို ေျပာဆိုပါတယ္။

မႏွစ္က အႏုိင္ရခဲ့တာနဲ႔ ပတ္သက္လို႔.. ” မႏွစ္တုန္းက က်ေန္ာတို႔က ခ်ိန္သာကိုက္ကိုပဲ အရမ္းေကာင္းေကာင္း ကစားႏုိင္ခဲ့ပါတယ္။ အဲ့လိုမ်ိဳး ထပ္လုပ္ႏုိင္ဖို႔လိုပါတယ္။ တူညီစြာ ထပ္လုပ္ႏုိင္ဖို႔ လိုပါတယ္။ ”

အန္ဖီးကြင္းရဲ႕ သက္ေရာက္မႈ… ” လီဗာပူးအသင္းက သူတို႔ရဲ႕ အသင္းကို ကာကြယ္ဖို႔နဲ႔ ေနာက္ကြယ္ကေန ေထာက္ခံအားေပးဖို႔ သိပ္ေကာင္းတဲ့ ပရိသတ္ထုၾကီးကို ပိုင္ဆိုင္ထားပါတယ္။ အားကစားကြင္းေတြထဲ ပရိသတ္ေတြ ျပန္ဝင္ခြင့္ရေနတာကို က်ေန္ာရဲ႕ အသင္းသားေတြ ဂရုစိုက္ရမွာပါ။ ”

လီဗာပူးနဲ႔ပတ္သက္လို႔… ” အန္ဖီးကြင္းလို ေနရာေတြမွာ ပြဲကို အႏုိင္ရဖို႔ဆိုတာက ခက္ခဲပါတယ္။ မႏွစ္တုန္းက သူတို႔မွာ ဒဏ္ရာျပႆနာေတြ ရွိထားတယ္။ ဗန္ဒိုက္လို အထက္တန္းစား ကစားသမားကို ဆံုးရံွဴးထားရတယ္။ က်ေန္ာတို႔က မွန္ကန္တဲ့ ႏုိင္ပြဲကိုလည္း ေဖာ္ေဆာင္ႏုိင္ခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ တူညီစြာ ထပ္လုပ္ႏုိင္ဖို႔ အာမခံခ်က္မရွိပါဘူး။ ”

အန္ဖီးမွာ ဘယ္လို ၾကိဳးစားမလဲ… ” က်ေန္ာတို႔ အားထုတ္ရမွာပါ။ ကိုယ္ေျခထဲမွာ ေဘာလံုးရွိခ်ိန္မွာ အခြင့္အလမ္းေတြကို အေကာင္းဆံုး ရယူႏုိင္ေအာင္ အျမင့္ဆံုး ၾကိဳးစားရပါမယ္။ ”

အန္ဖီးမွာ ဘယ္လိုကစားမလဲနဲ႔ ပတ္သက္လို႔ … ” ခံစစ္လိုင္းက ကစားသမားတိုင္း အလုပ္ကို အေကာင္းဆံုးလုပ္ဖို႔ လိုပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ အေဝးကြင္းေတြက ကစားဖို႔ မလြယ္ေပမယ့္ အေကာင္းဆံုး ခံစစ္ကေတာ့ တိုက္စစ္ဆင္ဖို႔ပါပဲ။ တိုက္စစ္ပိုင္းမွာ ေရြးခ်ယ္စရာ ဘယ္ေလာက္ထိ ရွာေဖြႏိုင္မလဲနဲ႔ ဘယ္လို တိုက္ခိုက္ႏုိင္မလဲ၊ လံုေလာက္ေအာင္ေကာ တိုက္ခိုက္ႏုိင္မလားပါပဲ။ လြယ္ကူမွာ မဟုတ္ေပမယ့္ က်ေန္ာတို႔ ၾကိဳးစားမွာပါ။ ” လို႔ ဆိုခဲ့ပါတယ္။