ပရီးမီးယားလိဂ်ကလပ်တစ်သင်းဟာ ဘယ်နောက်ခံလူနေရာအတွက် ရီးရဲဘက်တစ်အသင်းမှ ကစားသမား ဂျူနီယာဖာပို နှင့် စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ ဖာပိုကို အလိုရှိနေပြီး ပေါင် ၂၆ သန်းဖြင့် ကမ်းလှမ်းနေတဲ့ ကလပ်အသင်းမှာ မန်ယူဖြစ်နိုင်တယ်လို့တော့ စပိန်သတင်းတွေက ဖော်ပြထားတယ်။

ဖာပိုဟာ ကစားသမားဘ၀တစ်လျှောက် ဒဏ်ရာမကြာခဏ ရင်ဆိုင်ကာ ကြုံတွေ့ထားရပြီး ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်ခဲ့ရပေမယ့် လာလီဂါရဲ့ အလားအလာအရှိဆုံး လူငယ်ကစားသမား စာရင်းဝင်သူဖြစ်တယ်။ မန်ယူအပြင်၊ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ကလည်း ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။

မန်ယူဟာ ညာအစွန်နေရာအတွက် ခရစ္စတယ်ပဲလေ့စ်မှ ဘစ်ဆာကာ၊ PSG မှ မျူနီယာ တို့ကိုလည်း ခေါ်ယူရန်လှုပ်ရှားနေတာဖြစ်တယ်။ ဘယ်ခြမ်းအတွက်ပါ ဖာပိုကို စိတ်ဝင်စားလာနေခြင်းလား၊ ညာခြမ်းနေရာမှာ ကစားနိုင်မယ် ယုံကြည့်လို့လားတော့ မသိရသေးပါဘူး။

ဘက်တစ်ကစားသမားကို ခေါ်ယူလိုပါက ပေါင် ၂၆ သန်းသာကျသင့်မည် ဖြစ်ပြီး စပိန်ယူ ၂၁ တွင် ၀င်ရောက်ကစားထားသည့် ဖာပိုဟာ ဘယ်နောက်ခံလူ အဖြစ်တင်မက လိုအပ်လာပါက ဗဟိုခံစစ်မှူးအဖြစ်လည်း ကစားနိုင်ပါတယ်။