ပြင်သစ်လီဂူးမှာ လိုင်ယွန်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေသူ နယ်သာလန်တောင်ပံ တိုက်စစ်မှူး ဒီပေးကို ခေါ်နိုင်ဖို့ မန်ယူထက် လီဗာပူးက ပိုမိုရေပန်းစားလာနေပါပြီ။

ဒီပေးဟာ မန်ယူအသင်းမှာ ကျောနံပါတ် ၇ ဂျာစီ ဝတ်ဆင်ကစားခွင့် ရခဲ့ပေမဲ့ မန်ယူအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ လိုင်ယွန်အသင်းမှာတော့ ဒီပေးဟာ ခြေစွမ်းမှန်ပြန်ရခဲ့ပြီး ဂိုးတွေ သွင်းပေးနိုင်သလို ကစားဖော်တွေအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ လိုင်ယွန်အတွက် ၁၂ ဂိုးသွင်းပေးထားပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်ထားပြီဖြစ်တယ်။

ပရီးမီးယားလိဂ်မှာ အောင်မြင်မှုမရဘဲ ဝေဖန်ခံခဲ့ရပေမယ့် ဒီပေးက ပြင်သစ်လီဂူးမှာတော့ ခြေစွမ်းကောင်းများ ရရှိကာ အကောင်းဆုံး ပုံစံ ပြသနိုင်တာကြောင့် ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ တောင်ပံသမားကို လီဗာပူးက စိတ်ဝင်စားနေသလို မန်ယူက ပြန်လည်ကာ ခေါ်ယူလိုလာနေခဲ့တယ်။

တိုက်စစ်ကစားသမားဒီပေးက အသင်းကြီးတစ်သင်းကို ပြောင်းချင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပြီးနောက်မှာတော့ လိုင်ယွန်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်အောလပ်စ်က ကစားသမားဖက်က ဆန္ဒရှိမယ်ဆိုရင် လာမယ့်နွေရာသီမှာ အသင်းပြောင်းခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။

လိုင်ယွန်ဟာ ဒီပေးအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရလိုနေပြီး ပရီးမီးယားလိဂ်ကို ပြန်လာချင်နေပါတယ်။ မန်ယူဘက်က ဒီပေးကို ပြန်လည်ခေါ်ယူဖို့ အားစိုက်လာခြင်း မရှိချိန်မှာ လီဗာပူးဟာ ဒီပေးကို သင့်တင့်တဲ့ ပြောင်းရွှေ့ကြေးပေးကာ ခေါ်ယူဖို့ ကြိုးစားလာခဲ့ပါပြီ။