ဘရာဇီးဂန္တဝင်ကြီး ရီဗယ်ဒိုက မန်ယူအသင်းက ခေါ်ယူမယ်လို့ သတင်းကြီးနေတဲ့ ချိတ်ဆက်ခံနေရတဲ့ ရာကီတစ်အား သူဆိုရင် လီဗာပူးနဲ့ မန်စီးတီးကိုပဲ ဦးစားပေး ရွေးချယ်မယ်လို့ တိုက်တွန်းစကား ပြောလိုက်ပါတယ်။

မန်ယူဟာ အပြောင်းအရွှေ့မှာ ရာကီတစ်ကို ခေါ်ယူမယ်လို့ သတင်းတွေ ထွက်နေပေမယ့် ကစားသမားရဲ့ အနာဂတ်က ဘယ်မှာရှိမယ်ဆိုတာ မသိရသေးပါဘူး။ ဘာစီလိုနာ အကျော်အမော်ဟောင်း ရီဗယ်ဒိုကတော့ ကွင်းလယ်လူကို သတိပေးမှုလုပ်ရာမှာ မန်ယူကို ရွေးချယ်စေလိုခြင်း မရှိခဲ့ပါဘူး။

ရီဗယ်ဒိုက ´ရာကီတစ်ဟာ မန်ယူကိုပြောင်းမယ်လို့ သတင်းတွေ အများကြီး ထွက်ပေါ်နေတယ်။ မန်ယူအသင်းဟာ အစဉ်အလာကောင်းတွေရှိလို့ ကစားသမားတိုင်းက အဲ့သည်ကို ပြောင်းချင်ကြပါလိမ့်မယ်။ ဒါပေမယ့် ရာကီတစ်ဟာ ဘာစီလိုနာအသင်းမှာ အကောင်းဆုံးခြေစွမ်းနဲ့ ကစားနိုင်ဦးမှာပါ။ သူ့မှာ အဲဒီအရည်အချင်းအပြည့်ရှိပါတယ်။

ရာကီတစ်က ထူးချွန်တဲ့ ကစားသမားကောင်းပါ။ မန်ယူဟာ ရာသီသစ်အတွက် အကောင်းဆုံးပြင်ဆင်နေပြီးကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် အမြဲတမ်းပါဝင်နေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ မန်ယူဟာ ကစားသမားကောင်းတွေခေါ်ဖို့ ငွေကြေးအင်အားလည်း တောင့်တင်းတယ်။ ကစားသမားကောင်းတွေကိုလည်း သူတို့ ခေါ်နိုင်မှာပါ။

လက်ရှိအချိန် ပရီးမီးယားလိဂ်မှာ အတောင့်တင်းဆုံးအသင်းတွေက လီဗာပူးနဲ့ မန်စီးတီးဖြစ်ပါတယ်။ သူတို့ဟာ အကောင်းဆုံးပုံစံနဲ့ ကစားနေပါတယ်။ ကျွန်တော့်မှာသာ ရွေးချယ်ခွင့်ရှိရင် သူတို့ ၂ သင်းထဲက တစ်သင်းသင်းကို ပြောင်းမှာပါ ” လို့ ပြောခဲ့ပါတယ်။