အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ စာရေးဆရာမင်းလူရဲ့ မိသားစုကို တရားဝင်တောင်းပန်လိုက်ပါတယ်။ အကြောင်းကတော့ ဒီလိုပါ။

စိုင်းစိုင်းခမ်းလှိုင်ဟာ မကြာသေးခင်ကမှ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းအမည်ရ ရှိုးပွဲတစ်ခုကို ကျင်းပဖျော်ဖြေခဲ့ပါတယ်။ထိုရှိုးပွဲလက်မှတ်ဟာလည်း တစ်ရက်အတွင်းမှာ လက်မှတ်တွေ ရောင်းကုန်ခဲ့ပါတယ်။ ရှိုးပွဲခွေကိုလည်း မကြာမီအချိန်တွင်းမှာ ထွက်နိုင်ဖို့အတွက် စိုင်းစိုင်းကတော့ ကြိုးစားနေပါတယ်။

သို့သော်လည်း စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲအမည်ဖြစ်တဲ့ ပြီးခဲ့သောဇာတ်လမ်းအကျဉ်းဟာ စာရေးဆရာကြီးမင်းလူရဲ့ 1981 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ ဝတ္ထုတိုတစ်ပုဒ်ဖြစ်တာကြောင့် ဆရာမင်းလူရဲ့ စကားလုံးတွေဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ သူကိုယ်တိုင်လည်း စာရေးဆရာမင်းလူရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီးတော့ ဒီဖြစ်ရပ်မှာလည်း တမင်တကာမေ့လျော့သွားခြင်းမဟုတ်ဘဲ ငယ်စဉ်တုန်းတည်းက သိခဲ့တဲ့ စကားလုံး အချို့ကို ယခုအချိန်ထိ မမေ့သေးဘဲ မှတ်မိနေတာကြောင့် သုံးဖြစ်သွားခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ယခုလိုသုံးစွဲလိုက်တဲ့အပေါ်မှာလည်း စာရေးဆရာမင်းလူရဲ့ မိသားစုဝင်တွေကို တရားဝင်တောင်းပန်လိုက်ပြီးတော့ စာရေးဆရာမင်းလူရဲ့ မိသားစုတွေကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာကန့်ကွက်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ အခွေထွက်လာတဲ့အခါမှာလည်း ဒီနာမည်ကိုသာ သူ့အနေနဲ့သုံးချင်စိတ်ရှိကြောင်းနဲ့ စာရေးဆရာမင်းလူရဲ့မိသားစုနဲ့လည်း ဒီနာမည်ကိုသုံးခွင့်ရဖို့ ဆွေးနွေးသွားမှာဖြစ်ကြောင်းနဲ့ သုံးခွင့်ပြုမှသာ အသုံးပြုသွားမှာဖြစ်ကြောင်းကို အကုန်သိ သတင်းဌာနရဲ့အင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။

ပရိသတ်တွေ မျှော်လင့်စောင့်စားနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ရှိုးပွဲအခွေကတော့ မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပါတယ်နော်။ စိုင်းစိုင်းရဲ့ ပရိသတ်တွေကရော အားပေးကြမယ်မလား။

We Love Cele