ချယ်ဆီး ကွင်းလယ် ကစားသမား ဘာကာယိုကိုဟာ နွေရာသီ အပြောင်းအရွှေ့မှာ လက်ရှိ အငှား နဲ့ ကစားနေတဲ့ အေစီမီလန် အသင်းရဲ့ မြို့ခံပြိုင်ဘက် အင်တာမီလန် အသင်းကိုသာ ပြောင်းရွှေ့ဖွယ် ရှိကြောင်း သိရှိရပါတယ်။

ချယ်ဆီးကစားသမား အီမာဆန်က အာဆင်နယ်နဲ့ ထိပ်တိုက် ဆုံနေတဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကိုသာ ချယ်ဆီး အနိုင်ရ ချန်ပီယံဖြစ်ခဲ့ရင် ဆာရီ ပထမဆုံး ကိုင်တွယ်တဲ့ ဘောလုံးရာသီ ပြီးပြည့်စုံတယ် ဆိုနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

ချယ်ဆီးနည်းပြ ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဖရန့်လမ်းပတ်ထက် ဂျွန်တယ်ရီက အရင် ဖြစ်လာနိုင်ကြောင်း ချယ်ဆီး အသင်းခေါင်းဆောင်ဟောင်း ဒန်းနစ်ဝိုက်စ်က ဟောကိန်းထုတ်လိုက်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပြီးတာနဲ့ ဆာရီကို တရားဝင် ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံရမှုအတွက် အားကစားခုံရုံး CAS သို့ အယူခံ ယခု အချိန်ထိ မတင်ရသေးသော်လည်း ယူရိုပါလိဂ် ဗိုလ်လုပွဲ ပြီးမှ တင်ရင်လည်း မှီနိုင်သေးတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်းက ဟာဇက်အတွက် ပေါင် ၁၁၂ သန်း လို့ ဈေးသတ်မှတ်လိုက်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ဆုံး ကမ်းလှမ်းထားမှုက ပေါင် ၈၆ သန်းသာ ရှိသေးပြီး နှစ်သင်းကြား သဘောတူညီမှု မရသေးပါဘူး။

အက်သလက်တီကိုနဲ့ ဗလင်ဟီယာအသင်းတို့ဟာ မန်ယူ၊ ချယ်ဆီး ကစားသမားဟောင်း မိုနာကို တိုက်စစ်မှူး ဖယ်ကာအိုကီု ဒီနွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ ကိုလံဘီယာသားဟာ အက်သလက်တီကိုမှာ ၂၀၁၁ ကနေ ၂၀၁၃ ထိ နှစ်နှစ်တာ သွားရောက် ကစားဖူးပါတယ်။

ချယ်ဆီးအသင်းဟာ ဆာရီကို နောက်ရာသီမှာလည်း အသင်းမှာ ဆက်ရှိနေစေလိုနေပါတယ်။ လမ်းပတ်ကိုလည်း နောက်ထပ် ၁၂ လတာ မျှ အချိန်ပေးပြီးမှ အသင်းမန်နေဂျာ အဖြစ် ခန့်အပ်လိုတာကြောင့် ဖြစ်ပါတယ်။