လီဗာပူးညာအစွန်လူ ထရန့်က အန်ဖီးကွင်းမှာ ချယ်ဆီးကို သရေပဲ ကစားနိုင်တဲ့အပေါ် ပရိသတ်တွေ စိတ်ပျက်နေကြတာက မှန်ကန်တယ်လို့ ယူဆပြီး သူကိုယ်တိုင်လည်း ဖန်တီးမှုတွေ အားနည်းခဲ့တဲ့အပေါ် စိတ်ပျက်နေခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ထရန့်နဲ့ မထိခဲ့တဲ့ ဘောလုံး ဂိုးလွန်ဘောဖြစ်ရမယ့်အစား ထောင့်ကန်ဘောအဖြစ် သတ်မှတ်ခံရရာကနေ ရလာတဲ့ အခွင့်အရေးကို ဟာဗက်စ်က သွင်းယူပြီး ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။ ပထမပိုင်းမှာ လီဗာပူးက ချယ်ဆီးနဲ့ သူတင်ကိုယ်တင် ကစားခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို ချယ်ဆီးဘက်က ထိတ်ထိတ်ပြာပြာ ဖျက်ထုတ်ရာက ရိစ်ဂျိမ်း အနီကဒ်ထိတဲ့ ဖြစ်ရပ်ထိပါ ဖြစ်ပွားခဲ့တာပါ။

လီဗာပူးရဲ့ ပေါက်ကွဲအား ကစားနိုင်စွမ်းဟာ ဒုတိယပိုင်းမှာတော့ တစ်ဖက်သတ်ထိ ဖြစ်လာခဲ့ပေမယ့် ဖန်တီးနိုင်စွမ်း နည်းခြင်းကြောင့်ပဲ ပိုင်ဆိုင်မှု အားသာခြင်းဟာ အကျိုးမရှိ ဖြစ်ခဲ့ရပါတယ်။ ထရန့်ကတော့ အိမ်ကွင်းမှာ တစ်ယောက်အသာနဲ့ ကစားရပြီးမှ အနိုင်မရခဲ့တာကို စိတ်ပျက်ရတယ်လို့ ပရိသတ်တွေကို ဝန်ခံသွားခဲ့တာဖြစ်ပါတယ်။

ထရန့်က ” ဒုတိယပိုင်းမှာ ချယ်ဆီးက မကြာခဏ လဲချမှုတွေနဲ့ အချိန်ဆွဲနေတာကို မြင်ရတော့ စိတ်ပျက်မိပါတယ်။ ဒါပေမယ့်လို့ ၁၀ ယောက်ပဲကျန်တဲ့ ဘယ်လိုအသင်းမဆို ဒီလိုပဲ ကစားမှာပါပဲ။

အန်ဖီးကွင်းမှာ ၁၀ ယောက်ပဲကျန်တဲ့ အသင်းကို ၄၅ မိနစ်လောက် ယှဉ်ပြိုင်ကစားခဲ့ပြီးချိန်မှ ရမှတ် ၁ မှတ်ပဲရမယ်ဆိုရင် ဘယ်အသင်းနဲ့ပဲ ယှဉ်ပြိုင်ရပါစေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျနေ်ာတို့ရတဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ဆိုရင် အခွင့်အရေးတွေ ပိုလုပ်နိုင်ခဲ့သင့်တယ်။ ပွဲကို အပြီးဖြတ်နိုင်သင့်ပါတယ်။ သိပ်ကို စိတ်ပျက်ဖို့ကောင်းတာကို ဝန်ခံပါတယ်။

ကွင်းထဲက အခြေအနေက အရမ်းကို အားပေးမှုတွေကောင်းနေခဲ့တယ်။ ကျနေ်ာတို့ တစ်ခုချင်း လုပ်သွားရမှာပါ။ ပရိသတ်တွေအတွက် ပိုပြီး တက်ကြွလာအောင် စွမ်းဆောင်ရည် ကောင်းမွန်ဖို့ လိုပါတယ်။ ဒီအနေအထားကနေ သင်ယူပြီး ပိုတိုးတက်လာအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။

ကျနေ်ာတို့ရဲ့ ပုံစံကောင်းတွေ ဆက်ရလာမှာပါ ဒါပေမယ့်လို့ ပရီးမီးယားလိဂ်ရဲ့ အရည်အချင်းနဲ့အတူ ဒီရာသီမှာ ပြိုင်ဘက်တွေက ပိုလို့ သန်မာလာပါတယ်။ ပွဲတွေကို နိုင်ဖို့လိုပြီး မဟုတ်ရင်တော့ ဒီလိုပဲ နောင်တတွေရနေရမှာပါ။

ဒါပေမယ့် ကျနေ်ာတို့ ရှေ့ဆက်သွားပါမယ်။ နိုင်ငံတကာပွဲတွေပြီးရင် ပွဲတွေ ပြန်လည် ကစားရမှာဖြစ်ပြီး ရမှတ်တွေကို ပြန်ပြီး စုဆောင်းနိုင်ရပါမယ် ” လို့ ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၃ ပွဲကစား ရမှတ် ၇ မှတ်ရထားပေမယ့် ပရိသတ်တွေနဲ့ ထရန့်ကတော့ ၉ မှတ် အပြည့် ရသင့်တာလို့ ယုံကြည်နေပါတယ်။ ဒီလို ရမှတ် ဆာလောင်နေတဲ့ စိတ်ဓါတ်ကောင်းတွေနဲ့အတူ နိုင်ငံတကာ သီတင်းပတ်တွေအပြီးမှာ နိုင်ပွဲတွေ ပြန်ယူဖို့ အသင်းဘက်က ကြိုးစားလာဦးမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔က အန္ဖီးကြင္းမွာ ခ်ယ္ဆီးကို သေရပဲ ကစားႏုိင္တဲ့အေပၚ ပရိသတ္ေတြ စိတ္ပ်က္ေနၾကတာက မွန္ကန္တယ္လို႔ ယူဆျပီး သူကိုယ္တိုင္လည္း ဖန္တီးမႈေတြ အားနည္းခဲ့တဲ့အေပၚ စိတ္ပ်က္ေနခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ထရန္႔နဲ႔ မထိခဲ့တဲ့ ေဘာလံုး ဂိုးလြန္ေဘာျဖစ္ရမယ့္အစား ေထာင့္ကန္ေဘာအျဖစ္ သတ္မွတ္ခံရရာကေန ရလာတဲ့ အခြင့္အေရးကို ဟာဗက္စ္က သြင္းယူျပီး ဦးေဆာင္ဂိုး ရယူခဲ့ပါတယ္။ ပထမပိုင္းမွာ လီဗာပူးက ခ်ယ္ဆီးနဲ႔ သူတင္ကိုယ္တင္ ကစားခဲ့ျပီး အသင္းရဲ႕ တိုက္စစ္ကို ခ်ယ္ဆီးဘက္က ထိတ္ထိတ္ျပာျပာ ဖ်က္ထုတ္ရာက ရိစ္ဂ်ိမ္း အနီကဒ္ထိတဲ့ ျဖစ္ရပ္ထိပါ ျဖစ္ပြားခဲ့တာပါ။

လီဗာပူးရဲ႕ ေပါက္ကြဲအား ကစားႏုိင္စြမ္းဟာ ဒုတိယပိုင္းမွာေတာ့ တစ္ဖက္သတ္ထိ ျဖစ္လာခ့ဲေပမယ့္ ဖန္တီးႏုိင္စြမ္း နည္းျခင္းေၾကာင့္ပဲ ပိုင္ဆိုင္မႈ အားသာျခင္းဟာ အက်ိဳးမရွိ ျဖစ္ခဲ့ရပါတယ္။ ထရန္႔ကေတာ့ အိမ္ကြင္းမွာ တစ္ေယာက္အသာနဲ႔ ကစားရျပီးမွ အႏုိင္မရခဲ့တာကို စိတ္ပ်က္ရတယ္လို႔ ပရိသတ္ေတြကို ဝန္ခံသြားခဲ့တာျဖစ္ပါတယ္။

ထရန္႔က ” ဒုတိယပိုင္းမွာ ခ်ယ္ဆီးက မၾကာခဏ လဲခ်မႈေတြနဲ႔ အခ်ိန္ဆြဲေနတာကို ျမင္ရေတာ့ စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္လို႔ ၁၀ ေယာက္ပဲက်န္တဲ့ ဘယ္လိုအသင္းမဆို ဒီလိုပဲ ကစားမွာပါပဲ။

အန္ဖီးကြင္းမွာ ၁၀ ေယာက္ပဲက်န္တဲ့ အသင္းကို ၄၅ မိနစ္ေလာက္ ယွဥ္ျပိဳင္ကစားခဲ့ျပီးခ်ိန္မွ ရမွတ္ ၁ မွတ္ပဲရမယ္ဆိုရင္ ဘယ္အသင္းနဲ႔ပဲ ယွဥ္ျပိဳင္ရပါေစ စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။ က်ေန္ာတို႔ရတဲ့ ေဘာလံုးပိုင္ဆိုင္မႈနဲ႔ဆိုရင္ အခြင့္အေရးေတြ ပိုလုပ္ႏုိင္ခ့ဲသင့္တယ္။ ပြဲကို အျပီးျဖတ္ႏုိင္သင့္ပါတယ္။ သိပ္ကို စိတ္ပ်က္ဖို႔ေကာင္းတာကို ဝန္ခံပါတယ္။

ကြင္းထဲက အေျခအေနက အရမ္းကို အားေပးမႈေတြေကာင္းေနခဲ့တယ္။ က်ေန္ာတို႔ တစ္ခုခ်င္း လုပ္သြားရမွာပါ။ ပရိသတ္ေတြအတြက္ ပိုျပီး တက္ၾကြလာေအာင္ စြမ္းေဆာင္ရည္ ေကာင္းမြန္ဖို႔ လိုပါတယ္။ ဒီအေနအထားကေန သင္ယူျပီး ပိုတိုးတက္လာေအာင္ ၾကိဳးစားသြားမွာျဖစ္ပါတယ္။

က်ေန္ာတို႔ရဲ႕ ပံုစံေကာင္းေတြ ဆက္ရလာမွာပါ ဒါေပမယ့္လို႔ ပရီးမီးယားလိဂ္ရဲ႕ အရည္အခ်င္းနဲ႔အတူ ဒီရာသီမွာ ျပိဳင္ဘက္ေတြက ပိုလို႔ သန္မာလာပါတယ္။ ပြဲေတြကို ႏုိင္ဖို႔လိုျပီး မဟုတ္ရင္ေတာ့ ဒီလိုပဲ ေနာင္တေတြရေနရမွာပါ။

ဒါေပမယ့္ က်ေန္ာတို႔ ေရွ႔ဆက္သြားပါမယ္။ ႏုိင္ငံတကာပြဲေတြျပီးရင္ ပြဲေတြ ျပန္လည္ ကစားရမွာျဖစ္ျပီး ရမွတ္ေတြကို ျပန္ျပီး စုေဆာင္းႏုိင္ရပါမယ္ ” လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ၃ ပြဲကစား ရမွတ္ ၇ မွတ္ရထားေပမယ့္ ပရိသတ္ေတြနဲ႔ ထရန္႔ကေတာ့ ၉ မွတ္ အျပည့္ ရသင့္တာလို႔ ယံုၾကည္ေနပါတယ္။ ဒီလို ရမွတ္ ဆာေလာင္ေနတဲ့ စိတ္ဓါတ္ေကာင္းေတြနဲ႔အတူ ႏုိင္ငံတကာ သီတင္းပတ္ေတြအျပီးမွာ ႏုိင္ပြဲေတြ ျပန္ယူဖို႔ အသင္းဘက္က ၾကိဳးစားလာဦးမွာျဖစ္ပါတယ္။