ဒီရာသီမှာတော့ လီဗာပူးအသင်းဟာ ကစားသမား ချိတ်ဆက်ကစားမှုတွေအဖြစ် တိုက်စစ်ပိုင်းမှာ တြိဂံအတွဲတွေ ထုတ်သုံးလာနေတာကို မြင်ခဲ့ရပါတယ်။

ထရန့်နဲ့ ဆာလာတို့ရဲ့ တိုက်စစ်ပိုင်း လုပ်ဆောင်မှုကြားမှာ အယ်လီးယော့ ပါဝင်လာခဲ့ပြီး ညာခြမ်းဘက်မှာ တွဲဘက်ကစားနေစေခဲ့တယ်။ ထိုနည်းတူ ဘယ်ခြမ်းမှာလည်း ရော်ဘတ်ဆန်၊ မာနေးနဲ့ ဟန်ဒါဆန်တို့ဟာ တြိဂံပုံစံ တွဲဘက်မှုတွေ ပြုလုပ်ခဲ့တယ်။ ဒါဟာ ယခင်ကလို တိုက်စစ်တန်းက သုံးယောက် ပူးပေါင်းလုပ်ဆောင်မှုကို ထပ်ပေါင်းဖြည့်လာတဲ့ ပုံစံဖြစ်ပါတယ်။

ဒီနွေမှာ အပြောင်းအရွှေ့ လှုပ်ရှားမှု နည်းပါးထားတဲ့ လီဗာပူးဟာ လူငယ်ကြယ်ပွင့် အယ်လီးယော့ကို အတော်လေး နေရာပေးလာခဲ့တယ်။ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်မှာ ဒုတိယမြောက် ပွဲထွက်ရမှုအဖြစ် ကွင်းလယ်လူတွေဖြစ်တဲ့ ဖာဘင်ညို ဟန်ဒါဆန်တို့နဲ့ တွဲကစားခွင့်နဲ့အတူ ညာခြမ်းဘက်မှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ဟာဗေးကိုယ်တိုင်က “ ကျနော် လုံးဝ မပြေးနိုင်တော့လို့ ခြေအိတ်တွေပါ ချွတ်ရချိန်မှပဲ ကြိုးစားမှုကို ရပ်တန့်ပါမယ် ” လို့ ကတိပေးခဲ့ပြီး အသင်းဖော်တွေဖြစ်တဲ့ ထရန့်၊ ဆာလာတို့ဖြင့် ကြိုးစား တွဲကစားခဲ့ပါတယ်။ စည်းကျပ်ဒိုင်က အလံထောင်ခဲ့ပေမယ့် ချယ်ဆီးခံစစ်သမား အလွန်ဆိုကို ဖင်ထိုင်ကျအောင် စကေးပြခဲ့တာကလည်း သိပ်ကောင်းတဲ့ ကျော်ဖြတ်မှုဖြစ်ခဲ့ပါတယ်။

ပွဲအပြီးမှာ ကလော့ပ် ကိုယ်တိုင်က “ ညာခြမ်းက တြိဂံအတွဲက အတော်လေး အလုပ်ဖြစ်ပါတယ်။ အဲ့တာက အရေးကြီးပါတယ်။ ဆာလာ၊ ထရန့်နဲ့ ဟာဗေးကြား နားလည်နိုင်စွမ်းက သိပ်ကောင်းပါတယ်။ ညာခမ်းက ကစားသမား ၃ ယောက်က ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ” လို့ ချီးကျးခဲ့တယ်။

ပွဲအပြီး အချက်အလက်ဆိုင်ရာ ထုတ်ပြန်မှုတွေမှာ မြင်တွေ့ရခြင်းအရ ညာခြမ်းက တြိဂံအတွဲဟာ ဘယ်ခြမ်းက တြိဂံအတွဲထက် တွဲဘက်ကစားနိုင်စွမ်း လွှမ်းမိုးမှု ရှိခဲ့ပါတယ်။ ထရန့်နဲ့ အယ်လီးယော့တို့ဟာ ဘောလုံးထိချက် ၁၁၂ ကြိမ်နဲ့ ၁၀၇ ကြိမ်ထိတောင် ရှိခဲ့ကြတာဖြစ်ပါတယ်။ သူတို့ဟာ ဆာလာနဲ့အတူ နေရာလွတ်တွေထဲ ကြိုးစားနိုင်ခဲ့ပေမယ့် အခွင့်အရေး ဖန်တီးနိုင်မှုတော့ အားနည်းခဲ့တယ်။

ချယ်ဆီးအသင်းရဲ့ ဧရိယာတစ်ဝိုက် စုပြုံထားတဲ့ low block ကို ဖောက်ထွက်ဖို့ရာ လှုပ်ရှားမှုအပြင် ဖန်တီးနိုင်စွမ်းလည်း လိုအပ်ခဲ့တာဖြစ်ကာ ဆာလာတို့ တစ်သိုက်က အလှုပ်ကစားနိုင်ပေမယ့် အခွင့်အရေး ရှာဖွေနိုင်မှုတွေ လိုအပ်ချက် ရှိခဲ့တာဖြစ်ပါတယ်။

ဘယ်ခြမ်းမှာတော့ မာနေးဟာ တိုက်စစ်အားသန်သူ မဟုတ်တဲ့ ဟန်ဒါဆန်၊ ဒဏ်ရာက ပြန်ကောင်းလာတဲ့ ရော်ဘတ်ဆန်တို့ဖြင့် တွဲဘက်ခဲ့ရတာကြောင့် ချောမွေ့စွာ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ဘောလုံးပေးမှု တုန့်နှေးကြမှုတွေကြောင့် မာနေးက တစ်ကိုယ်တော် ထိုးဖောက်ရမှုတွေ ပိုလုပ်နေခဲ့ရတာဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ်အပြီးမှာတော့ အသင်းသားတွေကြား တွဲဘက် ကစားနိုင်စွမ်း ပိုမို တိုးတက်လာဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

ဒီရာသီမွာေတာ့ လီဗာပူးအသင္းဟာ ကစားသမား ခ်ိတ္ဆက္ကစားမႈေတြအျဖစ္ တိုက္စစ္ပိုင္းမွာ ၾတိဂံအတြဲေတြ ထုတ္သံုးလာေနတာကို ျမင္ခဲ့ရပါတယ္။

ထရန္႔နဲ႔ ဆာလာတို႔ရဲ႕ တိုက္စစ္ပိုင္း လုပ္ေဆာင္မႈၾကားမွာ အယ္လီးေယာ့ ပါဝင္လာခဲ့ျပီး ညာျခမ္းဘက္မွာ တြဲဘက္ကစားေနေစခဲ့တယ္။ ထိုနည္းတူ ဘယ္ျခမ္းမွာလည္း ေရာ္ဘတ္ဆန္၊ မာေနးနဲ႔ ဟန္ဒါဆန္တို႔ဟာ ၾတိဂံပံုစံ တြဲဘက္မႈေတြ ျပဳလုပ္ခဲ့တယ္။ ဒါဟာ ယခင္ကလို တိုက္စစ္တန္းက သံုးေယာက္ ပူးေပါင္းလုပ္ေဆာင္မႈကို ထပ္ေပါင္းျဖည့္လာတဲ့ ပံုစံျဖစ္ပါတယ္။

ဒီေႏြမွာ အေျပာင္းအေရႊ႔ လႈပ္ရွားမႈ နည္းပါးထားတဲ့ လီဗာပူးဟာ လူငယ္ၾကယ္ပြင့္ အယ္လီးေယာ့ကို အေတာ္ေလး ေနရာေပးလာခဲ့တယ္။ အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္မွာ ဒုတိယေျမာက္ ပြဲထြက္ရမႈအျဖစ္ ကြင္းလယ္လူေတြျဖစ္တဲ့ ဖာဘင္ညိဳ ဟန္ဒါဆန္တို႔နဲ႔ တြဲကစားခြင့္နဲ႔အတူ ညာျခမ္းဘက္မွာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။

ဟာေဗးကိုယ္တိုင္က “ က်ေနာ္ လံုးဝ မေျပးႏုိင္ေတာ့လို႔ ေျခအိတ္ေတြပါ ခၽြတ္ရခ်ိန္မွပဲ ၾကိဳးစားမႈကို ရပ္တန္႔ပါမယ္ ” လို႔ ကတိေပးခဲ့ျပီး အသင္းေဖာ္ေတြျဖစ္တဲ့ ထရန္႔၊ ဆာလာတို႔ျဖင့္ ၾကိဳးစား တြဲကစားခဲ့ပါတယ္။ စည္းက်ပ္ဒိုင္က အလံေထာင္ခဲ့ေပမယ့္ ခ်ယ္ဆီးခံစစ္သမား အလြန္ဆိုကို ဖင္ထိုင္က်ေအာင္ စေကးျပခဲ့တာကလည္း သိပ္ေကာင္းတဲ့ ေက်ာ္ျဖတ္မႈျဖစ္ခဲ့ပါတယ္။

ပြဲအျပီးမွာ ကေလာ့ပ္ ကိုယ္တိုင္က “ ညာျခမ္းက ၾတိဂံအတြဲက အေတာ္ေလး အလုပ္ျဖစ္ပါတယ္။ အဲ့တာက အေရးၾကီးပါတယ္။ ဆာလာ၊ ထရန္႔နဲ႔ ဟာေဗးၾကား နားလည္ႏုိင္စြမ္းက သိပ္ေကာင္းပါတယ္။ ညာခမ္းက ကစားသမား ၃ ေယာက္က ေကာင္းေကာင္း ကစားႏုိင္ခဲ့ပါတယ္ ” လို႔ ခ်ီးက်းခဲ့တယ္။

ပြဲအျပီး အခ်က္အလက္ဆိုင္ရာ ထုတ္ျပန္မႈေတြမွာ ျမင္ေတြ႔ရျခင္းအရ ညာျခမ္းက ၾတိဂံအတြဲဟာ ဘယ္ျခမ္းက ၾတိဂံအတြဲထက္ တြဲဘက္ကစားႏုိင္စြမ္း လႊမ္းမိုးမႈ ရွိခဲ့ပါတယ္။ ထရန္႔နဲ႔ အယ္လီးေယာ့တို႔ဟာ ေဘာလံုးထိခ်က္ ၁၁၂ ၾကိမ္နဲ႔ ၁၀၇ ၾကိမ္ထိေတာင္ ရွိခဲ့ၾကတာျဖစ္ပါတယ္။ သူတို႔ဟာ ဆာလာနဲ႔အတူ ေနရာလြတ္ေတြထဲ ၾကိဳးစားႏုိင္ခဲ့ေပမယ့္ အခြင့္အေရး ဖန္တီးႏုိင္မႈေတာ့ အားနည္းခဲ့တယ္။

ခ်ယ္ဆီးအသင္းရဲ႕ ဧရိယာတစ္ဝိုက္ စုျပံဳထားတဲ့ low block ကို ေဖာက္ထြက္ဖို႔ရာ လႈပ္ရွားမႈအျပင္ ဖန္တီးႏုိင္စြမ္းလည္း လိုအပ္ခဲ့တာျဖစ္ကာ ဆာလာတို႔ တစ္သိုက္က အလႈပ္ကစားႏုိင္ေပမယ့္ အခြင့္အေရး ရွာေဖြႏုိင္မႈေတြ လိုအပ္ခ်က္ ရွိခဲ့တာျဖစ္ပါတယ္။

ဘယ္ျခမ္းမွာေတာ့ မာေနးဟာ တိုက္စစ္အားသန္သူ မဟုတ္တဲ့ ဟန္ဒါဆန္၊ ဒဏ္ရာက ျပန္ေကာင္းလာတဲ့ ေရာ္ဘတ္ဆန္တို႔ျဖင့္ တြဲဘက္ခဲ့ရတာေၾကာင့္ ေခ်ာေမြ႔စြာ ကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ေဘာလံုးေပးမႈ တုန္႔ေႏွးၾကမႈေတြေၾကာင့္ မာေနးက တစ္ကိုယ္ေတာ္ ထိုးေဖာက္ရမႈေတြ ပိုလုပ္ေနခဲ့ရတာျဖစ္တယ္။

ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာေတာ့ အသင္းသားေတြၾကား တြဲဘက္ ကစားႏုိင္စြမ္း ပိုမို တိုးတက္လာဖို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။