လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်ဟာ ဒီရာသီပြီးရင်တော့ သူ အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့ အန်ဖီးအသင်းကနေ ထွက်ခွာမယ်လို့ The Athletic သတင်းထောက် David Ornstein က ဖော်ပြပါတယ်။

လီဗာပူးနဲ့ အတ်ဝပ်ကြား စာချုပ်ကိစ္စဟာ လာမယ့်နွေမှာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ သူရဲ့ အနေအထားဟာ အပြီးသတ်ကိစ္စတွေ မဖြစ်လာသေးပေမယ့် လီဗာပူး အကြီးအကဲတွေကို သူထွက်ခွာတော့မယ့် ကိစ္စကို အတ်ဝပ်က အသိပေးထားပြီဖြစ်တယ်လို့ ယုံကြည်ရတယ်။

လီဗာပူးဘက်က စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့်လည်း အတ်ဝပ်ကို သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးနိုင်အောင် စည်းရုံးနိုင်ခြင်းတော့ မရှိဘဲ သူထွက်သွားလိမ့်မယ်လို့ပဲ မျှော်လင့်လို့ ရနိုင်မှာဖြစ်တယ်။ အခြားအသင်းတွေ ပါဝင်လာခြင်းကြောင့် အခုလိုဖြစ်လာခြင်း မဟုတ်ဘူးလို့ နားလည်ထားရပြီး လီဗာပူးအသင်းကတော့ ကလပ်ဟာ အခြေအနေကောင်းမှာ ရှိနေသေးတယ်လို့ ယုံကြည်တယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက လီဗာပူးအားကစားဒါရိုက်တာ မိုက်ကယ် အတ်ဝပ်ရဲ့ လက်ထောက်အဖြစ် ရာထူးတိုးမြင့် တာဝန်ပေးခြင်း ခံထားရတဲ့ ဂျူလီယန် ဝတ်က သူ့နေရာကို အစားဝင်ပေးဖွယ်ရှိတယ်။

အတ်ဝပ်နဲ့အတူ လက်တွဲ လုပ်ဆောင်ရင်း ဂျူလီယန် ဝတ်ဟာလည်း ယာဂင်ကလော့ပ်၊ လီဗာပူး ကစားသမားခေါ်ယူရေး အဖွဲ့တွေအပေါ် လွှမ်းမိုးမှုတွေ တိုးတက်လာပါတယ်။ ဒါပေမယ့်လို့ အတ်ဝပ်ကို လက်လွတ်ရမယ့် ကိစ္စဟာ အတော်လေး အံ့သြစရာ ကိစ္စလည်း ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာမှာ လီဗာပူးရဲ့ စွမ်းဆောင်ရည်နဲ့ စိစစ်ရေးပိုင်းဆိုင်ရာ အကြီးအကဲအဖြစ် လီဗာပူးကို ရောက်လာခဲ့တဲ့ အတ်ဝပ်ဟာ နည်းစနစ်ပိုင်း စွမ်းဆောင်ရည် အကဲဖြတ်မှု ဒါရိုက်တာ၊ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာနဲ့ အားကစားဒါရိုက်တာအဖြစ် ရာထူး တိုးတက်လာခဲ့သူ ဖြစ်ပါတယ်။

သူဟာ လီဗာပူး အသင်းပိုင်ရှင်အဖွဲ့ Fenway Sports Group ရဲ့ အသင်းကို ပြန်လည် တည်ဆောက်မှုမှာ အရေးပါသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ ကလပ်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ရင်း ၂၀၁၉ မှာ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားနဲ့ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားတို့ကို ပြန်လည် ရရှိအောင် ကြိုးစားရာမှာ အဓိကကျသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတယ်။

နာမည်ဂုဏ်သတင်း မထင်မရှားဘဲ ပီတာဘရော့ ယူနိုက်တက်မှာ ကစားသမားဘဝ စတင်လာရင်းက နောက်ပိုင်းမှာ သတင်းအချက်အလက်ဆိုင်ရာ ဘွဲ့ကို ရရှိခဲ့ပါတယ်။ သူဟာ ဟယ်ရီရက်နက်ရဲ့ ပိုစ့်မောက်အသင်းမှာ စိစစ်သူအဖြစ် အလုပ်လုပ်ခဲ့ပြီး ၂၀၀၉ မှာ စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တယ်။ သူဟာ စပါးဥက္ကဌ လီဗိုင်းရဲ့ ယုံကြည် ကိုးစားခြင်း ခံရသူလည်းဖြစ်ပါတယ်။

လီဗာပူးနဲ့ အားကစားဒါရိုက်တာဟောင်း ကိုမိုလီတို့ လမ်းခွဲမှာတော့ အတ်ဝပ်ဟာ လီဗာပူးအသင်းမှာ စတင် နေရာရလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာ အဖွဲ့မှာ အတ်ဝပ် ပါဝင်ထားပြီး ဆာလာ၊ ဗန်ဒိုက်၊ အယ်လီဆန်၊ မာနေး၊ ရိုဘို၊ ဝိုက်နယ်ဒမ် ခေါ်ယူရေးတွေမှာ သူက အဓိကကျသူအဖြစ် ပါဝင်လာခဲ့တယ်။

ဖီလစ် ကော်တင်ညိုကို ပေါင် ၁၄၂ သန်းဖြင့် ရအောင် ရောင်းထုတ်နိုင်မှုဟာ အတ်ဝပ်ရဲ့ ကျော်ကြားလှတဲ့ မှတ်တမ်းတစ်ခုဖြစ်သလို သူဟာ ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်း ပြိုင်ဘက် ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ငွေကြေး ပမာဏ နည်းနည်းဖြင့် ကစားသမားကောင်းတွေ ရှာဖွေပေးနိုင်သူအဖြစ်လည်း ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ လူမြင်ကွင်းထွက်မှု အနည်းဆုံး အကြီးတန်း ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အတ်ဝပ် ထွက်ခွာခြင်းဟာ ကလပ်ကို အနည်းနဲ့ အများတော့ ရိုက်ခတ်မှု ရှိလာဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးအားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္ဟာ ဒီရာသီျပီးရင္ေတာ့ သူ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရခဲ့တဲ့ အန္ဖီးအသင္းကေန ထြက္ခြာမယ္လို႔ The Athletic သတင္းေထာက္ David Ornstein က ေဖာ္ျပပါတယ္။

လီဗာပူးနဲ႔ အတ္ဝပ္ၾကား စာခ်ဳပ္ကိစၥဟာ လာမယ့္ေႏြမွာ သက္တမ္းကုန္မွာျဖစ္ပါတယ္။ သူရဲ႕ အေနအထားဟာ အျပီးသတ္ကိစၥေတြ မျဖစ္လာေသးေပမယ့္ လီဗာပူး အၾကီးအကဲေတြကို သူထြက္ခြာေတာ့မယ့္ ကိစၥကို အတ္ဝပ္က အသိေပးထားျပီျဖစ္တယ္လုိ႔ ယံုၾကည္ရတယ္။

လီဗာပူးဘက္က စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြ ရွိခဲ့ေပမယ့္လည္း အတ္ဝပ္ကို သက္တမ္းတိုးစာခ်ဳပ္ လက္မွတ္ထိုးႏိုင္ေအာင္ စည္း႐ုံးႏိုင္ျခင္းေတာ့ မရွိဘဲ သူထြက္သြားလိမ့္မယ္လို႔ပဲ ေမွ်ာ္လင့္လို႔ ရႏိုင္မွာျဖစ္တယ္။ အျခားအသင္းေတြ ပါဝင္လာျခင္းေၾကာင့္ အခုလိုျဖစ္လာျခင္း မဟုတ္ဘူးလို႔ နားလည္ထားရျပီး လီဗာပူးအသင္းကေတာ့ ကလပ္ဟာ အေျခအေနေကာင္းမွာ ရွိေနေသးတယ္လို႔ ယုံၾကည္တယ္။

ျပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းက လီဗာပူးအားကစားဒါရိုက္တာ မိုက္ကယ္ အတ္ဝပ္ရဲ႕ လက္ေထာက္အျဖစ္ ရာထူးတိုးျမင့္ တာဝန္ေပးျခင္း ခံထားရတဲ့ ဂ်ဴလီယန္ ဝတ္က သူ႔ေနရာကို အစားဝင္ေပးဖြယ္ရွိတယ္။

အတ္ဝပ္နဲ႔အတူ လက္တြဲ လုပ္ေဆာင္ရင္း ဂ်ဴလီယန္ ဝတ္ဟာလည္း ယာဂင္ကေလာ့ပ္၊ လီဗာပူး ကစားသမားေခၚယူေရး အဖြဲ႔ေတြအေပၚ လႊမ္းမိုးမႈေတြ တိုးတက္လာပါတယ္။ ဒါေပမယ့္လို႔ အတ္ဝပ္ကို လက္လြတ္ရမယ့္ ကိစၥဟာ အေတာ္ေလး အံ့ၾသစရာ ကိစၥလည္း ျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာမွာ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္နဲ႔ စိစစ္ေရးပိုင္းဆိုင္ရာ အၾကီးအကဲအျဖစ္ လီဗာပူးကို ေရာက္လာခဲ့တဲ့ အတ္ဝပ္ဟာ နည္းစနစ္ပိုင္း စြမ္းေဆာင္ရည္ အကဲျဖတ္မႈ ဒါရိုက္တာ၊ နည္းစနစ္ပိုင္းဆိုင္ရာ ဒါရိုက္တာနဲ႔ အားကစားဒါရိုက္တာအျဖစ္ ရာထူး တိုးတက္လာခဲ့သူ ျဖစ္ပါတယ္။

သူဟာ လီဗာပူး အသင္းပိုင္ရွင္အဖြဲ႔ Fenway Sports Group ရဲ႕ အသင္းကို ျပန္လည္ တည္ေဆာက္မႈမွာ အေရးပါသူတစ္ဦး ျဖစ္လာခဲ့ပါတယ္။ ကလပ္နဲ႔အတူ ပူးေပါင္းလုပ္ေဆာင္ရင္း ၂၀၁၉ မွာ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားနဲ႔ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားတို႔ကို ျပန္လည္ ရရွိေအာင္ ၾကိဳးစားရာမွာ အဓိကက်သူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတယ္။

နာမည္ဂုဏ္သတင္း မထင္မရွားဘဲ ပီတာဘေရာ့ ယူႏုိက္တက္မွာ ကစားသမားဘဝ စတင္လာရင္းက ေနာက္ပိုင္းမွာ သတင္းအခ်က္အလက္ဆိုင္ရာ ဘြဲ႔ကို ရရွိခဲ့ပါတယ္။ သူဟာ ဟယ္ရီရက္နက္ရဲ႕ ပိုစ့္ေမာက္အသင္းမွာ စိစစ္သူအျဖစ္ အလုပ္လုပ္ခဲ့ျပီး ၂၀၀၉ မွာ စပါးအသင္းကို ေျပာင္းေရႊ႔လာခဲ့တယ္။ သူဟာ စပါးဥကၠဌ လီဗိုင္းရဲ႕ ယံုၾကည္ ကိုးစားျခင္း ခံရသူလည္းျဖစ္ပါတယ္။

လီဗာပူးနဲ႔ အားကစားဒါရိုက္တာေဟာင္း ကိုမိုလီတို႔ လမ္းခြဲမွာေတာ့ အတ္ဝပ္ဟာ လီဗာပူးအသင္းမွာ စတင္ ေနရာရလာခဲ့တာျဖစ္ပါတယ္။ လီဗာပူးအသင္းရဲ႕ အားကစားဒါရိုက္တာ အဖြဲ႔မွာ အတ္ဝပ္ ပါဝင္ထားျပီး ဆာလာ၊ ဗန္ဒိုက္၊ အယ္လီဆန္၊ မာေနး၊ ရိုဘို၊ ဝိုက္နယ္ဒမ္ ေခၚယူေရးေတြမွာ သူက အဓိကက်သူအျဖစ္ ပါဝင္လာခဲ့တယ္။

ဖီလစ္ ေကာ္တင္ညိဳကို ေပါင္ ၁၄၂ သန္းျဖင့္ ရေအာင္ ေရာင္းထုတ္ႏုိင္မႈဟာ အတ္ဝပ္ရဲ႕ ေက်ာ္ၾကားလွတဲ့ မွတ္တမ္းတစ္ခုျဖစ္သလို သူဟာ ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအသင္း ျပိဳင္ဘက္ ထိပ္တန္းအသင္းေတြနဲ႔ ယွဥ္ျပိဳင္ႏုိင္ေအာင္ ေငြေၾကး ပမာဏ နည္းနည္းျဖင့္ ကစားသမားေကာင္းေတြ ရွာေဖြေပးႏုိင္သူအျဖစ္လည္း ထင္ရွားသူတစ္ဦး ျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ လူျမင္ကြင္းထြက္မႈ အနည္းဆံုး အၾကီးတန္း ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ အတ္ဝပ္ ထြက္ခြာျခင္းဟာ ကလပ္ကို အနညး္နဲ႔ အမ်ားေတာ့ ရိုက္ခတ္မႈ ရွိလာဖြယ္ ရွိေနပါတယ္။