၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နွေဈေးကွက် ပိတ်သိမ်းဖို့ ၄၈ နာရီပဲ လိုတော့ချိန်မှာ အသင်းဘက်က တစ်ခုခုများ လုပ်လေမလားလို့ မျှော်လင့်နေသူတွေရှိမယ်ဆိုရင် အေးအေးဆေးဆေးနဲ့ ဖုန်းပိတ်ပြီး ဒူးနန့်နေလို့ ရပါပြီ။

လီဗာပူးအသင်းဟာ ဈေးကွက် နောက်ဆုံးရက်မှာ ကစားသမားသစ် ခေါ်ယူဖို့ ကြိုးစားသွားမယ့် အလားအလာ လုံးဝကို မရှိပါဘူးလို့ The Athletic မှ သတင်းထောက် James Pearce က ထုတ်ပြောလာခဲ့ပါပြီ။ ကစားသမားသစ်အတွက် မျှော်လင့်စရာ ရောင်ခြည်သန်းလေးများကော ရှိမလားလို့ ထပ်မံ မျှော်လင့်မယ်ဆိုရင် အဖြေကတော့ နည်းနည်းလေးတော့ ရှိပါတယ်လို့ ဆိုရပါမယ်။

ပီယော့ဇ်က “ အကယ်လို့ လက်မှတ်ထိုးမှု တစ်ခုလောက် ဖြစ်လာခဲ့မယ်ဆိုရင် အဲ့တာက အရမ်းကို အံ့သြသင့်စရာ ဖြစ်လာပါလိမ့်မယ်။ လက်တလောမှာ ဘာတစ်ခုမှ ဖြစ်လာစရာ မရှိပါဘူး။ လီဗာပူးက လူသစ်ခေါ်ဖို့ ကျိတ်လုပ်နေတာတွေ မရှိတာကိုတော့ ကျနော် အံ့သြသင့်မိနေဆဲဖြစ်ပါတယ်။

ကျနော်နဲ့ စကားပြောထားတဲ့ လီဗာပူးဘက်က လူတွေ ပြောတာကတော့ အသင်းလူစာရင်းမှာ ရှိနေတဲ့ သူတွေထက် ပိုကောင်းပြီးတော့ မှန်ကန်တဲ့ ဈေးနှုန်းနဲ့လည်း ရမယ်ဆိုရင် ခေါ်ယူမှုကို လုပ်လိမ့်မယ်လို့ ပြောပါတယ်။ လုံးဝ အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အရမ်းကို ငြိမ်သက်လွန်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လုံးဝကြီး မဖြစ်နိုင်တာမျိုး မဟုတ်ဘူးလို့ ပီယော့ဇ်က ဆိုခဲ့ပေမယ့်လို့ လီဗာပူးဘက်က လက်ရှိ အသင်းသားတွေထက် ပိုကောင်းတဲ့ ကစားသမားကို မှန်ကန်တဲ့ တန်ကြေးဖြင့် ခေါ်ယူနိုင်ခွင့်ကို ရှာဖွေနေတယ် ဆိုကတည်းက ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှုဟာ ဖြစ်လာနိုင်စရာ မရှိတော့ဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI

၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ ေႏြေစ်းကြက္ ပိတ္သိမ္းဖို႔ ၄၈ နာရီပဲ လိုေတာ့ခ်ိန္မွာ အသင္းဘက္က တစ္ခုခုမ်ား လုပ္ေလမလားလို႔ ေမွ်ာ္လင့္ေနသူေတြရွိမယ္ဆိုရင္ ေအးေအးေဆးေဆးနဲ႔ ဖုန္းပိတ္ျပီး ဒူးနန္႔ေနလို႔ ရပါျပီ။

လီဗာပူးအသင္းဟာ ေစ်းကြက္ ေနာက္ဆံုးရက္မွာ ကစားသမားသစ္ ေခၚယူဖို႔ ၾကိဳးစားသြားမယ့္ အလားအလာ လံုးဝကို မရွိပါဘူးလို႔ The Athletic မွ သတင္းေထာက္ James Pearce က ထုတ္ေျပာလာခဲ့ပါျပီ။ ကစားသမားသစ္အတြက္ ေမွ်ာ္လင့္စရာ ေရာင္ျခည္သန္းေလးမ်ားေကာ ရွိမလားလို႔ ထပ္မံ ေမွ်ာ္လင့္မယ္ဆိုရင္ အေျဖကေတာ့ နည္းနည္းေလးေတာ့ ရွိပါတယ္လို႔ ဆိုရပါမယ္။

ပီေယာ့ဇ္က “ အကယ္လို႔ လက္မွတ္ထိုးမႈ တစ္ခုေလာက္ ျဖစ္လာခဲ့မယ္ဆိုရင္ အဲ့တာက အရမ္းကို အံ့ၾသသင့္စရာ ျဖစ္လာပါလိမ့္မယ္။ လက္တေလာမွာ ဘာတစ္ခုမွ ျဖစ္လာစရာ မရွိပါဘူး။ လီဗာပူးက လူသစ္ေခၚဖို႔ က်ိတ္လုပ္ေနတာေတြ မရွိတာကိုေတာ့ က်ေနာ္ အံ့ၾသသင့္မိေနဆဲျဖစ္ပါတယ္။

က်ေနာ္နဲ႔ စကားေျပာထားတဲ့ လီဗာပူးဘက္က လူေတြ ေျပာတာကေတာ့ အသင္းလူစာရင္းမွာ ရွိေနတဲ့ သူေတြထက္ ပိုေကာင္းျပီးေတာ့ မွန္ကန္တဲ့ ေစ်းႏႈန္းနဲ႔လည္း ရမယ္ဆိုရင္ ေခၚယူမႈကို လုပ္လိမ့္မယ္လို႔ ေျပာပါတယ္။ လံုးဝ အခြင့္အေရး မရွိတာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အရမ္းကို ျငိမ္သက္လြန္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လံုးဝၾကီး မျဖစ္ႏုိင္တာမ်ိဳး မဟုတ္ဘူးလို႔ ပီေယာ့ဇ္က ဆိုခဲ့ေပမယ့္လို႔ လီဗာပူးဘက္က လက္ရွိ အသင္းသားေတြထက္ ပိုေကာင္းတဲ့ ကစားသမားကို မွန္ကန္တဲ့ တန္ေၾကးျဖင့္ ေခၚယူႏုိင္ခြင့္ကို ရွာေဖြေနတယ္ ဆိုကတည္းက ဒီေႏြမွာ ကစားသမားသစ္ ေခၚယူမႈဟာ ျဖစ္လာႏုိင္စရာ မရွိေတာ့ဘူးလို႔ပဲ ဆိုရမွာ ျဖစ္ပါတယ္။