ဒီအပတ် နိုင်ငံတကာသီတင်းပတ်မှာ နယ်သာလန်နဲ့ နော်ဝေအသင်းတို့ဟာ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် ထိပ်တိုက် ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။

တနည်းအားဖြင့် ဗန်ဒိုက်နဲ့ ဟာလန်းတို့ဟာ လက်ရွေးစင်အဆင့်မှာ ထိပ်တိုက်တွေ့ကြမှာဖြစ်တယ်။ နော်ဝေသား တိုက်စစ်မှူးကတော့ ဗန်ဒိုက်ဟာ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးအဖြစ် ကင်ပွှန်းတပ်လိုက်ပါတယ်။ သူတို့နှစ်ဦးဟာ ဆဲလ်ဘတ်နဲ့ လီဗာပူးတို့နဲ့အတူ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း ယှဉ်ပြိုင်ဖူးကြသူတွေဖြစ်ပါတယ်။

ဟာလန်းက “ ကျနော်ရဲ့ အမြင်မှာတော့ ဗန်ဒိုက်က ကမ္ဘာအကောင်းဆုံး ခံစစ်မှူးပါ။ ဒါကို လူအတော်များများလည်း သဘောတူကြမယ်လို့ ထင်ပါတယ်။ သူက မြန်တယ်၊ သန်မာတယ်၊ စမတ်ကျတယ်။ ထိပ်တန်းကစားသမားတစ်ဦး ပိုင်ဆိုင်ရမယ့် အရည်အချင်း သုံးရပ်လုံးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ကျနော် ဗန်ဒိုက်နဲ့ နှစ်ကြိမ် ရင်ဆိုင်ကစားဖူးပါတယ်။ သူက ကျနော် တွေ့ဖူးသမျှ ခံစစ်သမားတွေထဲမှာ အကောင်းဆုံးလို့ ပြောခဲ့တယ်။ သူက ကစားသမားကောင်းဖြစ်ပါတယ်။ ဒီတော့ ကျနော် သူကို တည်ပြီး ကစားလိုပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ အပတ်တုန်းက ဗန်ဒိုက်ဟာ ချယ်ဆီးအသင်း တိုက်စစ်မှူး လူကာကူနဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။ အဲ့တုန်းကတော့ ဘယ်ဂျီယံသား တိုက်စစ်မှူးရဲ့ သန်မာမှုနဲ့ ထိုးဖောက်နိုင်စွမ်းတွေဟာ ဗန်ဒိုက်အတွက် ပြဿနာကြီးတွေ မဟုတ်ခဲ့ပါဘူး။

အခုချိန်မှာတော့ ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဗန်ဒိုက်တို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ကာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နိုင်ငံတကာပွဲစဉ် ဖြစ်လာဖို့ ရှိနေပါတယ်။

ZAWGYI

ဒီအပတ္ ႏုိင္ငံတကာသီတင္းပတ္မွာ နယ္သာလန္နဲ႔ ေနာ္ေဝအသင္းတို႔ဟာ ကမၻာဖလား ေျခစစ္ပြဲအျဖစ္ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကရမွာျဖစ္ပါတယ္။

တနည္းအားျဖင့္ ဗန္ဒိုက္နဲ႔ ဟာလန္းတို႔ဟာ လက္ေရြးစင္အဆင့္မွာ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္တယ္။ ေနာ္ေဝသား တိုက္စစ္မွဴးကေတာ့ ဗန္ဒိုက္ဟာ ကမၻာအေကာင္းဆံုး ခံစစ္မွဴးအျဖစ္ ကင္ပႊန္းတပ္လိုက္ပါတယ္။ သူတို႔ႏွစ္ဦးဟာ ဆဲလ္ဘတ္နဲ႔ လီဗာပူးတို႔နဲ႔အတူ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာလည္း ယွဥ္ျပိဳင္ဖူးၾကသူေတြျဖစ္ပါတယ္။

ဟာလန္းက “ က်ေနာ္ရဲ႕ အျမင္မွာေတာ့ ဗန္ဒိုက္က ကမၻာအေကာင္းဆံုး ခံစစ္မွဴးပါ။ ဒါကို လူအေတာ္မ်ားမ်ားလည္း သေဘာတူၾကမယ္လို႔ ထင္ပါတယ္။ သူက ျမန္တယ္၊ သန္မာတယ္၊ စမတ္က်တယ္။ ထိပ္တန္းကစားသမားတစ္ဦး ပိုင္ဆိုင္ရမယ့္ အရည္အခ်င္း သံုးရပ္လံုးကို ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

က်ေနာ္ ဗန္ဒိုက္နဲ႔ ႏွစ္ၾကိမ္ ရင္ဆိုင္ကစားဖူးပါတယ္။ သူက က်ေနာ္ ေတြ႔ဖူးသမွ် ခံစစ္သမားေတြထဲမွာ အေကာင္းဆံုးလို႔ ေျပာခဲ့တယ္။ သူက ကစားသမားေကာင္းျဖစ္ပါတယ္။ ဒီေတာ့ က်ေနာ္ သူကို တည္ျပီး ကစားလိုပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္တယ္။

ျပီးခဲ့တဲ့ အပတ္တုန္းက ဗန္ဒိုက္ဟာ ခ်ယ္ဆီးအသင္း တိုက္စစ္မွဴး လူကာကူနဲ႔ ရင္ဆိုင္ေတြ႔ခဲ့ပါတယ္။ အဲ့တုန္းကေတာ့ ဘယ္ဂ်ီယံသား တိုက္စစ္မွဴးရဲ႕ သန္မာမႈနဲ႔ ထိုးေဖာက္ႏုိင္စြမ္းေတြဟာ ဗန္ဒိုက္အတြက္ ျပႆနာၾကီးေတြ မဟုတ္ခဲ့ပါဘူး။

အခုခ်ိန္မွာေတာ့ ဥေရာပရဲ႕ အေကာင္းဆံုး လူငယ္တိုက္စစ္မွဴး တစ္ဦးျဖစ္တဲ့ ဟာလန္းနဲ႔ ဗန္ဒိုက္တို႔ ထိပ္တိုက္ေတြ႔ၾကမွာျဖစ္ကာ စိတ္ဝင္စားဖြယ္ေကာင္းတဲ့ ႏုိင္ငံတကာပြဲစဥ္ ျဖစ္လာဖို႔ ရွိေနပါတယ္။