လီဗာပူးတိုက်စစ်မှူး ဖာမင်နိုဟာ တံကောက်ကြော ဒဏ်ရာနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ ဆက်လုပ်ရဦးမှာ ဖြစ်ပေမယ့်လည်း ချန်ပီယံလိဂ်အဖွင့်ပွဲကို ပါဝင်နိုင်မယ်လို့ အသင်းသတင်းထောက် Ian Doyle က ထုတ်ပြောလာပါတယ်။

ချယ်ဆီးနဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဖာမင်နိုဟာ ဒဏ်ရာကြောင့် ပထမပိုင်းမှာတင် လူစားလဲခံခဲ့ရတယ်။ ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်ခြင်းရဲ့ ကနဦး ရလဒ်တွေအရ အခြေအနေ ပြင်းထန်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့်လည်း သီတင်းပတ် ၂ ပတ်လောက် အနားယူရမယ်လို့တော့ သိလာရတာဖြစ်ပါတယ်။

ဖာမင်နိုဟာ ဒဏ်ရာ မရခဲ့ရင်တောင်မှ နိုင်ငံတကာ သီတင်းပတ်အတွင်း ဘရာဇီးအသင်းရဲ့ ကမ္ဘာလား ခြေစစ်ပွဲကိုတော့ ဖာဘင်ညို၊ အယ်လီဆန်နည်းတူ ပါဝင်ရမှာ မဟုတ်ပါဘူး။ ပရီးမီးယားလိဂ်ဟာ ကွာရန်တင်း အခြေအနေတွေကြောင့် အနီရောင့်အဆင့် သတ်မှတ်ထားတဲ့ နိုင်ငံတွေထံ စေလွှတ်ရမယ့် ကစားသမားတွေကို ဆက်လက် ထိန်းထားမှာဖြစ်ပါတယ်။

ကိုပါ အမေရိကပြိုင်ပွဲအပြီး လီဗာပူးနဲ့ ပြန်လည် ပူးပေါင်းနေတဲ့ ဖာမင်နိုဟာ ကြံ့ခိုင်မှု မပြည့်သေးတာကြောင့် အစောပိုင်း ၂ ပွဲမှာ ဂျိုတာရဲ့နောက် အရန်အဖြစ် ပွဲထိတွေ့မှုတွေ ရနေခဲ့တာပါ။ ချယ်ဆီးနဲ့ပွဲမှာ သူ့ကို ပွဲထွက်လူစာရင်းကနေ ထည့်သုံးရာက ဒဏ်ရာပြဿနာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းဟာ လိဒ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရမှာဖြစ်တယ်။ အဆိုပါပွဲမှာ ဖာမင်နို ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရမယ့် အေစီမီလန်နဲ့ပွဲမှာတော့ ပြန်လည် ကစားနိုင်ဖွယ်ရှိပါတယ်။

အဆိုပါပွဲတွေဟာ ၂၂ ရက်အတွင်း ၇ ပွဲ ယှဉ်ပြိုင်ရမယ့် ပွဲကြပ် ကာလတွေရဲ့ အစလည်းဖြစ်တယ်။ လီဗာပူးအသင်းဟာ နွေဈေးကွက်အတွင်း တိုက်စစ်သမား ရှာဖွေနေခြင်း မရှိဘဲ ဆာလာ၊ မာနေး၊ ဖာမင်နို၊ ဂျိုတာတို့ဖြင့်ပဲ ရာသီသစ်ကို ကျော်ဖြတ်ဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး ဖာမင္ႏိုဟာ တံေကာက္ေၾကာ ဒဏ္ရာနဲ႔ ပတ္သက္လို႔ စစ္ေဆးမႈေတြ ဆက္လုပ္ရဦးမွာ ျဖစ္ေပမယ့္လည္း ခ်န္ပီယံလိဂ္အဖြင့္ပြဲကို ပါဝင္ႏုိင္မယ္လို႔ အသင္းသတင္းေထာက္ Ian Doyle က ထုတ္ေျပာလာပါတယ္။

ခ်ယ္ဆီးနဲ႔ ၁-၁ သေရက်တဲ့ပြဲမွာ ဖာမင္ႏိုဟာ ဒဏ္ရာေၾကာင့္ ပထမပိုင္းမွာတင္ လူစားလဲခံခဲ့ရတယ္။ ဒဏ္ရာကို စစ္ေဆးမႈ ျပဳလုပ္ျခင္းရဲ႕ ကနဦး ရလဒ္ေတြအရ အေျခအေန ျပင္းထန္ျခင္းေတာ့ မရွိပါဘူး။ ဒါေပမယ့္လည္း သီတင္းပတ္ ၂ ပတ္ေလာက္ အနားယူရမယ္လို႔ေတာ့ သိလာရတာျဖစ္ပါတယ္။

ဖာမင္ႏိုဟာ ဒဏ္ရာ မရခဲ့ရင္ေတာင္မွ ႏုိင္ငံတကာ သီတင္းပတ္အတြင္း ဘရာဇီးအသင္းရဲ႕ ကမၻာလား ေျခစစ္ပြဲကိုေတာ့ ဖာဘင္ညိဳ၊ အယ္လီဆန္နည္းတူ ပါဝင္ရမွာ မဟုတ္ပါဘူး။ ပရီးမီးယားလိဂ္ဟာ ကြာရန္တင္း အေျခအေနေတြေၾကာင့္ အနီေရာင့္အဆင့္ သတ္မွတ္ထားတဲ့ ႏုိင္ငံေတြထံ ေစလႊတ္ရမယ့္ ကစားသမားေတြကို ဆက္လက္ ထိန္းထားမွာျဖစ္ပါတယ္။

ကိုပါ အေမရိကျပိဳင္ပြဲအျပီး လီဗာပူးနဲ႔ ျပန္လည္ ပူးေပါင္းေနတဲ့ ဖာမင္ႏိုဟာ ၾကံ႕ခိုင္မႈ မျပည့္ေသးတာေၾကာင့္ အေစာပိုင္း ၂ ပြဲမွာ ဂ်ိဳတာရဲ႕ေနာက္ အရန္အျဖစ္ ပြဲထိေတြ႔မႈေတြ ရေနခဲ့တာပါ။ ခ်ယ္ဆီးနဲ႔ပြဲမွာ သူ႔ကို ပြဲထြက္လူစာရင္းကေန ထည့္သံုးရာက ဒဏ္ရာျပႆနာ ေပၚေပါက္ခဲ့တာျဖစ္ပါတယ္။

စက္တင္ဘာလ ၁၂ ရက္ျဖစ္တဲ့ တနဂၤေႏြေန႔မွာ လီဗာပူးအသင္းဟာ လိဒ္ယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္ပြဲ ကစားရမွာျဖစ္တယ္။ အဆိုပါပြဲမွာ ဖာမင္ႏို ပါဝင္ႏုိင္မွာ မဟုတ္ေပမယ့္ ၃ ရက္အၾကာမွာ ယွဥ္ျပိဳင္ရမယ့္ ေအစီမီလန္နဲ႔ပြဲမွာေတာ့ ျပန္လည္ ကစားႏုိင္ဖြယ္ရွိပါတယ္။

အဆိုပါပြဲေတြဟာ ၂၂ ရက္အတြင္း ၇ ပြဲ ယွဥ္ျပိဳင္ရမယ့္ ပြဲၾကပ္ ကာလေတြရဲ႕ အစလည္းျဖစ္တယ္။ လီဗာပူးအသင္းဟာ ေႏြေစ်းကြက္အတြင္း တိုက္စစ္သမား ရွာေဖြေနျခင္း မရွိဘဲ ဆာလာ၊ မာေနး၊ ဖာမင္ႏို၊ ဂ်ိဳတာတို႔ျဖင့္ပဲ ရာသီသစ္ကို ေက်ာ္ျဖတ္ဖြယ္ ရွိေနပါတယ္။