လီဗာပူးအသင်းဟာ ကစားသမား (၅) ဦးလောက်ကို ဈေးကွက် နောက်ဆုံးရက်မှာ ရောင်းထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အခြားသော အစီအစဉ်တွေ ပြုလုပ်ခဲ့ပြီဖြစ်ပါတယ်။

ဂိုးသမား ကားရီးယက်စ်ကို ကမ်းလှမ်းမယ့် ကလပ် မရှိခြင်းကြောင့် သူဟာ အယ်လီဆန်၊ ကလယ်ဟာ၊ အတ်ဒရီယန်နဲ့ ပီတာလူဂါတို့နောက် လီဗာပူးရဲ့ ဂိုးသမားအဖွဲ့အဖြစ် ဆက်ရှိနေပါမယ်။ ဂျာမာန်သားဟာ လေ့ကျင့်ရေးကွင်းမှ ဂိုးသမားတစ်ဦးအဖြစ်ပဲ ဆက်နေရဖွယ်ရှိကာ ပွဲထွက်ခွင့်တော့ ရမှာ မဟုတ်ပါဘူး။

ကားရီးယက်စ်ဟာ လီဗာပူးနဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိထားသူဖြစ်ခြင်းကြောင့် ဒီနွေမှပဲ အလွတ်ဖြင့် ထွက်ခွာမှာဖြစ်ပါတယ်။ အသင်းက အငှားစာချုပ်ဖြင့် ကမ်းလှမ်းမှုကိုတောင် လက်ခံရခဲ့ခြင်း မရှိပါဘူး။

ထိုနည်းတူ တိုက်စစ်သမား အိုရီဂီနဲ့ ညာအစွန်လူ နီကိုး ဝီလီယမ်အတွက် ကမ်းလှမ်းမှုတွေလည်း ရခဲ့ခြင်း မရှိပါဘူး။ ဒီနွေမှာ သူတို့ နှစ်ဦးကို စိတ်ဝင်စားတဲ့ ကလပ်တွေ ရှိခဲ့ပေမယ့်လို့ လီဗာပူးဘက်က ဈေးချပေးခဲ့တဲ့ ပမာဏကိုတောင် ဝင်ရောက် ညိနှိုင်းမယ့်သူတွေ မရှိခဲ့ခြင်းဖြစ်ပါတယ်။

ဈေးကွက် နောက်ဆုံးရက်မှာတော့ ရိုင်း ဝီလီယမ်ကို စာချုပ်ရှည်ပေးကာ ဆွမ်ဆီးအသင်းထံ တစ်ရာသီ အငှားချခဲ့တယ်။ အခြားသော ကွင်းလယ်လူဖြစ်တဲ့ ဂျိတ်ကိန်းကို နယူးပေါ့အသင်း၊ လောင်းစတပ်ကို ကျူပီအာနဲ့ အိုဂျိုကို မီးဝေါ အသင်းတွေထံ အငှားချခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ခံစစ်မှူး နက်ဖီးလစ်အတွက်လည်း သင့်လျော်တဲ့ ကမ်းလှမ်းမှု မရှိခြင်းကြောင့် စာချုပ် နှစ်နှစ်ကျန်တဲ့ သူ့ကို ကာလရှည် သက်တမ်းတိုးပြီး အသင်းမှာ ဆက်ထိန်းဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကစားသမား (၅) ဦးေလာက္ကို ေစ်းကြက္ ေနာက္ဆံုးရက္မွာ ေရာင္းထုတ္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တာေၾကာင့္ အျခားေသာ အစီအစဥ္ေတြ ျပဳလုပ္ခဲ့ျပီျဖစ္ပါတယ္။

ဂိုးသမား ကားရီးယက္စ္ကို ကမ္းလွမ္းမယ့္ ကလပ္ မရွိျခင္းေၾကာင့္ သူဟာ အယ္လီဆန္၊ ကလယ္ဟာ၊ အတ္ဒရီယန္နဲ႔ ပီတာလူဂါတို႔ေနာက္ လီဗာပူးရဲ႕ ဂိုးသမားအဖြဲ႔အျဖစ္ ဆက္ရွိေနပါမယ္။ ဂ်ာမာန္သားဟာ ေလ့က်င့္ေရးကြင္းမွ ဂိုးသမားတစ္ဦးအျဖစ္ပဲ ဆက္ေနရဖြယ္ရွိကာ ပြဲထြက္ခြင့္ေတာ့ ရမွာ မဟုတ္ပါဘူး။

ကားရီးယက္စ္ဟာ လီဗာပူးနဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ရွိထားသူျဖစ္ျခင္းေၾကာင့္ ဒီေႏြမွပဲ အလြတ္ျဖင့္ ထြက္ခြာမွာျဖစ္ပါတယ္။ အသင္းက အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းမႈကိုေတာင္ လက္ခံရခဲ့ျခင္း မရွိပါဘူး။

ထိုနည္းတူ တိုက္စစ္သမား အိုရီဂီနဲ႔ ညာအစြန္လူ နီကိုး ဝီလီယမ္အတြက္ ကမ္းလွမ္းမႈေတြလည္း ရခဲ့ျခင္း မရွိပါဘူး။ ဒီေႏြမွာ သူတို႔ ႏွစ္ဦးကို စိတ္ဝင္စားတဲ့ ကလပ္ေတြ ရွိခဲ့ေပမယ့္လို႔ လီဗာပူးဘက္က ေစ်းခ်ေပးခဲ့တဲ့ ပမာဏကိုေတာင္ ဝင္ေရာက္ ညိႏိႈင္းမယ့္သူေတြ မရွိခဲ့ျခင္းျဖစ္ပါတယ္။

ေစ်းကြက္ ေနာက္ဆံုးရက္မွာေတာ့ ရိုင္း ဝီလီယမ္ကို စာခ်ဳပ္ရွည္ေပးကာ ဆြမ္ဆီးအသင္းထံ တစ္ရာသီ အငွားခ်ခဲ့တယ္။ အျခားေသာ ကြင္းလယ္လူျဖစ္တဲ့ ဂ်ိတ္ကိန္းကို နယူးေပါ့အသင္း၊ ေလာင္းစတပ္ကို က်ဴပီအာနဲ႔ အိုဂ်ိဳကို မီးေဝါ အသင္းေတြထံ အငွားခ်ခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ခံစစ္မွဴး နက္ဖီးလစ္အတြက္လည္း သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈ မရွိျခင္းေၾကာင့္ စာခ်ဳပ္ ႏွစ္ႏွစ္က်န္တဲ့ သူ႔ကို ကာလရွည္ သက္တမ္းတိုးျပီး အသင္းမွာ ဆက္ထိန္းဖို႔ကိုပဲ ေရြးခ်ယ္ခဲ့ပါတယ္။