ဆာဒီယို မာနေးက အသင်းရဲ့ လေ့ကျင့်ရေးမှာ မြင်နေရတဲ့ ကိုနတေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အံ့သြသင့်ရမှုတွေကို ဖွင့်ဟပြောဆိုမှု ပြုလုပ်သွားပါတယ်။

ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမှ မကစားရသေးတဲ့ ကိုနတေးဟာ နိုင်ငံတကာပွဲအပြီး အသင်းရဲ့ ၃ ရက် ၁ ပွဲ ကာလတွေမှာ ပွဲကစားခွင့်တွေရလာမှာဖြစ်တယ်။ မန်နေဂျာကလော့ပ်ဟာ ကစားသမားသစ်တွေကို ခပ်မြန်မြန် မိတ်ဆက်ပေးမှုအစား သူ့ရဲ့ နည်းစနစ်မှာ အံဝင်အောင် စောင့်ပေးလေ့ရှိပြီး ဒါက ကိုနတေးအတွက် အကူအညီဖြစ်မယ် ယူဆရတယ်။

မာနေးက “ သူက သိပ်ကောင်းတဲ့ ကောင်လေးပါ။ သူ ကျနေ်ာတို့နဲ့ ရှိနေတဲ့ ပထမရက်မှာတင် ကျနော် အံ့သြမိခဲ့တာက သူဟာ အသင်းမှာ နှစ်တွေအကြာကြီး ရှိနေခဲ့သူ တစ်ဦးလို အသားကျနေခဲ့တာပဲဖြစ်ပါတယ်။

ကျနော်တုန်းကဆိုရင် အဲ့လို မဟုတ်ပါဘူး။ ကျနော်တုန်းကမှ ရှက်နေတာမျိုးတွေ ရှိနေပါသေးတယ်။ သူကတော့ အသင်းကို ဝင်ရောက်လာပြီး ခပ်မြန်မြန်ပဲ အသားကျသွားခဲ့တယ်။ အဲ့တာက အရေးကြီးပါတယ်။

ရာသီကြိုမှာ သူအကောင်းဆုံး လုပ်နေတာကို အားလုံးလည်း မြင်ကြပါလိမ့်မယ်။ သူ အသင်းမှာ ရှိနေတာအတွက် ကျနေ်ာတို့လည်း အများကြီး ပျော်ရွှင်ပါတယ်။ သူဟာ လီဗာပူးနဲ့အတူ ဘောလုံးရာသီကောင်းတစ်ခုကို ပိုင်ဆိုင်ရမယ်လို့ ကျနော် ခံစားနေရပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးဗဟိုခံစစ်မှာတော့ မာတစ်နဲ့ ဗန်ဒိုက်တို့က အဓိက ပွဲထွက်ခွင့်တွေ ရနေခဲ့တာပါ။ သူတို့ နှစ်ဦးနောက်မှာ ဂိုးမက်စ်၊ ကိုနတေး၊ နက်ဖီးလစ်တို့ဟာ ပွဲကစားခွင့်အတွက် ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ကိုနတေးက ဖလားပွဲတွေကနေ ပွဲထွက်ခွင့် စရလာမယ်လို့ မျှော်လင့်ခံနေရတာဖြစ်ပါတယ်။

ZAWGYI

ဆာဒီယို မာေနးက အသင္းရဲ႕ ေလ့က်င့္ေရးမွာ ျမင္ေနရတဲ့ ကိုနေတးနဲ႔ ပတ္သက္ျပီး သူ႔ရဲ႕ အံ့ၾသသင့္ရမႈေတြကို ဖြင့္ဟေျပာဆိုမႈ ျပဳလုပ္သြားပါတယ္။

ဒီရာသီမွာ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲမွ မကစားရေသးတဲ့ ကိုနေတးဟာ ႏုိင္ငံတကာပြဲအျပီး အသင္းရဲ႕ ၃ ရက္ ၁ ပြဲ ကာလေတြမွာ ပြဲကစားခြင့္ေတြရလာမွာျဖစ္တယ္။ မန္ေနဂ်ာကေလာ့ပ္ဟာ ကစားသမားသစ္ေတြကို ခပ္ျမန္ျမန္ မိတ္ဆက္ေပးမႈအစား သူ႔ရဲ႕ နည္းစနစ္မွာ အံဝင္ေအာင္ ေစာင့္ေပးေလ့ရွိျပီး ဒါက ကိုနေတးအတြက္ အကူအညီျဖစ္မယ္ ယူဆရတယ္။

မာေနးက “ သူက သိပ္ေကာင္းတဲ့ ေကာင္ေလးပါ။ သူ က်ေန္ာတို႔နဲ႔ ရွိေနတဲ့ ပထမရက္မွာတင္ က်ေနာ္ အံ့ၾသမိခဲ့တာက သူဟာ အသင္းမွာ ႏွစ္ေတြအၾကာၾကီး ရွိေနခ့ဲသူ တစ္ဦးလို အသားက်ေနခဲ့တာပဲျဖစ္ပါတယ္။

က်ေနာ္တုန္းကဆိုရင္ အဲ့လို မဟုတ္ပါဘူး။ က်ေနာ္တုန္းကမွ ရွက္ေနတာမ်ိဳးေတြ ရွိေနပါေသးတယ္။ သူကေတာ့ အသင္းကို ဝင္ေရာက္လာျပီး ခပ္ျမန္ျမန္ပဲ အသားက်သြားခဲ့တယ္။ အဲ့တာက အေရးၾကီးပါတယ္။

ရာသီၾကိဳမွာ သူအေကာင္းဆံုး လုပ္ေနတာကို အားလံုးလည္း ျမင္ၾကပါလိမ့္မယ္။ သူ အသင္းမွာ ရွိေနတာအတြက္ က်ေန္ာတို႔လည္း အမ်ားၾကီး ေပ်ာ္ရႊင္ပါတယ္။ သူဟာ လီဗာပူးနဲ႔အတူ ေဘာလံုးရာသီေကာင္းတစ္ခုကို ပိုင္ဆိုင္ရမယ္လို႔ က်ေနာ္ ခံစားေနရပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးဗဟိုခံစစ္မွာေတာ့ မာတစ္နဲ႔ ဗန္ဒိုက္တို႔က အဓိက ပြဲထြက္ခြင့္ေတြ ရေနခဲ့တာပါ။ သူတို႔ ႏွစ္ဦးေနာက္မွာ ဂိုးမက္စ္၊ ကိုနေတး၊ နက္ဖီးလစ္တို႔ဟာ ပြဲကစားခြင့္အတြက္ ယွဥ္ျပိဳင္ၾကရမွာျဖစ္ျပီး ကိုနေတးက ဖလားပြဲေတြကေန ပြဲထြက္ခြင့္ စရလာမယ္လို႔ ေမွ်ာ္လင့္ခံေနရတာျဖစ္ပါတယ္။