လီဗာပူး တိုက်စစ်သမားဟောင်းကြီး ဂျွန်ဘန်းစ်က နွေမှာ လူသစ်ခေါ်ယူမှု နည်းပါးခဲ့ပေမယ့် အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိနေပါသေးတယ်ဆိုပြီး ပရိသတ်တွေကို သွေးနွေးပေးမှုတွေ ပြုလုပ်ပေးသွားပါတယ်။

ကိုနတေး တစ်ဦးတည်း ခေါ်ယူထားတဲ့ လီဗာပူးဟာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားမှုတွေမှာ ကျဆင်းလာနေတယ်။ ဂျွန်ဘန်းစ်ကတော့ ဒီအခြေအနေအပေါ် စိုးရိမ်နေခြင်း မရှိဘူးလို့ ထုတ်ပြောလာကာ ပရိသတ်တွေအနေနဲ့ ကလော့ပ်အပေါ် ယုံကြည်ပေးဖို့ အသင်းကို ယုံကြည်ပေးဖို့ တွန်းအားပေးမှု ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ဂျွန်ဘန်းစ်က ” အပြောင်းအရွှေ့မှာ လက်မှတ်ထိုး ခေါ်ယူမှုတွေ နည်းပါးခဲ့တာနဲ့ ပတ်သက်လို့ ကျနော်ကတော့ စိတ်ပူမိခြင်း မရှိပါဘူး။ ဈေးကွက် ပိတ်သွားတော့လည်း စိတ်မပူပါဘူး။ လူမခေါ်လို့ အသင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ လူတွေရဲ့ အမြင်တွေ ဘာလို့ ပြောင်းကုန်လဲဆိုတာကို ကျနော်တော့ နားမလည်ပါဘူး။

ရာသီစတုန်းက လီဗာပူးအသင်းဟာ လက်မှတ်ထိုးမှုအသစ် (၅) ခု ရှိခဲ့တယ်လို့ ကျနော် ပြောပါတယ်။ ဗန်ဒိုက်က လက်မှတ်ထိုးမှု အသစ်လိုပါပဲ။ ကိုနတေးကတော့ ခေါ်ယူမှု အသစ်ပေါ့။ နောက်ပြီး ဂျိုတာ၊ သီယာဂိုတို့က ရာသီအကုန်မှာ ဘောလုံးပြန်ကစားနိုင်ခဲ့တယ်။ သူတို့အားလုံး အသင်းလူစာရင်းထဲ ပြန်ဝင်လာနိုင်ပါပြီ။

ကိုနတေးကတော့ အခုထိ မကစားရသေးတဲ့ တစ်ဦးတည်းသော ကစားသမားပေါ့။ ကျနော်ကတော့ စိတ်မပူပါဘူး။ ပရိသတ်တွေက အသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ လိုတယ်လို့ ခံစားနေရရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့်လို့ ယာဂင်က သူ့အသင်းအတွက် လူလိုတယ်လို့ မြင်ဟန် မတူပါဘူး။ တကယ်လည်း သူမလိုပါဘူး။ ဒီလူစာရင်းက လုံလောက်အောင် ကောင်းမွန်ပါတယ်။

အဓိက ကစားသမားတွေကို မနှစ်ကလို ဒဏ်ရာကြောင့် လက်လွတ်ရမယ်ဆိုရင်တောင် ဒီရာသီမှာ သူတို့ အစားထိုးစရာတွေ ရှိလာနေပါပြီ။ ပွဲစဉ် ၃ ပွဲပဲ ကစားရသေးတယ်ဆိုပေမယ့် ကျနေ်ာတို့က တောင့်တင်းနေပါတယ်။

ကံမကောင်းစွာဘဲ မော်ဒန်ဘောလုံးလောကမှာ ငွေကုန်ကြေးကျခံမှ၊ ကစားသမားသစ်တွေ လက်မှတ်ထိုးနိုင်မှ နိုင်ပွဲတွေ ရယူနိုင်မယ်လို့ ပရိသတ်တွေက ယူဆကုန်ပါပြီ။ တကယ်က အဲ့လို မဟုတ်ပါဘူး။ ကစားသမားတွေ လိုနေလို့ဆိုရင် ဟုတ်ပါတယ်။ ဒါပေမယ့်လို့ ယာဂင်နဲ့ အသင်းက လိုအပ်နေတယ် ကျနော်တော့ မထင်ဘူး။ ကျနေ်ာတို့က အသင်းနဲ့ ကလော့ပ်ကို ယုံကြည်ပေးသင့်ပါတယ် ” လို့ ထုတ်ပြောသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေကြားမှာ နွေလက်မှတ်ထိုးမှု နည်းပါးခြင်းကြောင့် ဆုဖလား စိန်ခေါ်နိုင်စွမ်း မရှိနိုင်ဘူးဆိုတဲ့ စိတ်ဓါတ် ကျဆင်းမှုတွေဟာ များပြားလာနေခဲ့ပါတယ်။ အသင်းကစားသမားဟောင်းတွေကတော့ ပရိသတ်တွေရဲ့ စိတ်ဓါတ်ပိုင်းကို ပြန်လည် မြှင့်တင်ပေးဖို့ တတ်နိုင်သလောက် ကြိုးစားပေးလာနေကြပြီး အသင်းဟာ ဆုဖလားတွေကို စိန်ခေါ်နိုင်ပါတယ်လို့ အားပေးမှုတွေ ပြုလုပ်လာနေကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး တိုက္စစ္သမားေဟာင္းၾကီး ဂၽြန္ဘန္းစ္က ေႏြမွာ လူသစ္ေခၚယူမႈ နည္းပါးခဲ့ေပမယ့္ အသင္းဟာ ဆုဖလားေတြကို စိန္ေခၚႏုိင္စြမ္း ရွိေနပါေသးတယ္ဆိုျပီး ပရိသတ္ေတြကို ေသြးေႏြးေပးမႈေတြ ျပဳလုပ္ေပးသြားပါတယ္။

ကိုနေတး တစ္ဦးတည္း ေခၚယူထားတဲ့ လီဗာပူးဟာ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားမႈေတြမွာ က်ဆင္းလာေနတယ္။ ဂၽြန္ဘန္းစ္ကေတာ့ ဒီအေျခအေနအေပၚ စိုးရိမ္ေနျခင္း မရွိဘူးလို႔ ထုတ္ေျပာလာကာ ပရိသတ္ေတြအေနနဲ႔ ကေလာ့ပ္အေပၚ ယံုၾကည္ေပးဖို႔ အသင္းကို ယံုၾကည္ေပးဖို႔ တြန္းအားေပးမႈ ျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။

ဂၽြန္ဘန္းစ္က ” အေျပာင္းအေရႊ႔မွာ လက္မွတ္ထိုး ေခၚယူမႈေတြ နည္းပါးခဲ့တာနဲ႔ ပတ္သက္လို႔ က်ေနာ္ကေတာ့ စိတ္ပူမိျခငး္ မရွိပါဘူး။ ေစ်းကြက္ ပိတ္သြားေတာ့လည္း စိတ္မပူပါဘူး။ လူမေခၚလို႔ အသင္းနဲ႔ ပတ္သက္တဲ့ ကိစၥေတြမွာ လူေတြရဲ႕ အျမင္ေတြ ဘာလို႔ ေျပာင္းကုန္လဲဆိုတာကို က်ေနာ္ေတာ့ နားမလည္ပါဘူး။

ရာသီစတုန္းက လီဗာပူးအသင္းဟာ လက္မွတ္ထိုးမႈအသစ္ (၅) ခု ရွိခဲ့တယ္လို႔ က်ေနာ္ ေျပာပါတယ္။ ဗန္ဒိုက္က လက္မွတ္ထိုးမႈ အသစ္လိုပါပဲ။ ကိုနေတးကေတာ့ ေခၚယူမႈ အသစ္ေပါ့။ ေနာက္ျပီး ဂ်ိဳတာ၊ သီယာဂိုတို႔က ရာသီအကုန္မွာ ေဘာလံုးျပန္ကစားႏုိင္ခဲ့တယ္။ သူတို႔အားလံုး အသင္းလူစာရင္းထဲ ျပန္ဝင္လာႏုိင္ပါျပီ။

ကိုနေတးကေတာ့ အခုထိ မကစားရေသးတဲ့ တစ္ဦးတည္းေသာ ကစားသမားေပါ့။ က်ေနာ္ကေတာ့ စိတ္မပူပါဘူး။ ပရိသတ္ေတြက အသင္းဟာ ကစားသမားသစ္ ေခၚယူဖို႔ လိုတယ္လို႔ ခံစားေနရရင္လည္း အဆင္ေျပပါတယ္။ ဒါေပမယ့္လို႔ ယာဂင္က သူ႔အသင္းအတြက္ လူလိုတယ္လို႔ ျမင္ဟန္ မတူပါဘူး။ တကယ္လည္း သူမလိုပါဘူး။ ဒီလူစာရင္းက လံုေလာက္ေအာင္ ေကာင္းမြန္ပါတယ္။

အဓိက ကစားသမားေတြကို မႏွစ္ကလို ဒဏ္ရာေၾကာင့္ လက္လြတ္ရမယ္ဆိုရင္ေတာင္ ဒီရာသီမွာ သူတို႔ အစားထိုးစရာေတြ ရွိလာေနပါျပီ။ ပြဲစဥ္ ၃ ပြဲပဲ ကစားရေသးတယ္ဆိုေပမယ့္ က်ေန္ာတို႔က ေတာင့္တင္းေနပါတယ္။

ကံမေကာင္းစြာဘဲ ေမာ္ဒန္ေဘာလံုးေလာကမွာ ေငြကုန္ေၾကးက်ခံမွ၊ ကစားသမားသစ္ေတြ လက္မွတ္ထိုးႏုိင္မွ ႏုိင္ပြဲေတြ ရယူႏုိင္မယ္လို႔ ပရိသတ္ေတြက ယူဆကုန္ပါျပီ။ တကယ္က အဲ့လို မဟုတ္ပါဘူး။ ကစားသမားေတြ လိုေနလို႔ဆိုရင္ ဟုတ္ပါတယ္။ ဒါေပမယ့္လို႔ ယာဂင္နဲ႔ အသင္းက လိုအပ္ေနတယ္ က်ေနာ္ေတာ့ မထင္ဘူး။ က်ေန္ာတို႔က အသင္းနဲ႔ ကေလာ့ပ္ကို ယံုၾကည္ေပးသင့္ပါတယ္ ” လို႔ ထုတ္ေျပာသြားခဲ့တာျဖစ္ပါတယ္။

လီဗာပူးပရိသတ္ေတြၾကားမွာ ေႏြလက္မွတ္ထိုးမႈ နည္းပါးျခင္းေၾကာင့္ ဆုဖလား စိန္ေခၚႏုိင္စြမ္း မရွိႏုိင္ဘူးဆိုတဲ့ စိတ္ဓါတ္ က်ဆင္းမႈေတြဟာ မ်ားျပားလာေနခဲ့ပါတယ္။ အသင္းကစားသမားေဟာင္းေတြကေတာ့ ပရိသတ္ေတြရဲ႕ စိတ္ဓါတ္ပိုင္းကို ျပန္လည္ ျမွင့္တင္ေပးဖို႔ တတ္ႏုိုင္သေလာက္ ၾကိဳးစားေပးလာေနၾကျပီး အသင္းဟာ ဆုဖလားေတြကို စိန္ေခၚႏုိင္ပါတယ္လို႔ အားေပးမႈေတြ ျပဳလုပ္လာေနၾကတာျဖစ္ပါတယ္။