လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ပရော်ဖယ်ရှင်နယ် ဘောလုံးလောကမှာ မန်နေဂျာ တစ်ယောက် ဖြစ်နေရတာက လုံလောက်တဲ့ နားချိန် မရှိဖြစ်နေပြီး ဒါကပဲ တစ်ခုတည်းသော ပြသနာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဂျာမန်သားကြီးဟာ နောက်လဆိုရင် လီဗာပူးအသင်းကို တာဝန်ယူတာ ၆ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ၂၀၁၅ အောက်တိုဘာမှာ ကလော့ပ်နဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဟာ လီဗာပူးအသင်းကို စတင် တာဝန်ယူခဲ့တာပါ။ ထိုစဉ်တည်းက စလို့ ကလော့ပ်ဟာ လီဗာပူးကို တဖြည်းဖြည်း အသွင်ပြောင်း တည်ဆောက်လာခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်တို့မှာ ဗိုလ်စွဲသည်ထိ အောင်မြင်ခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ရတာတွေက အသက် ၅၄ နှစ် အရွယ် ကလော့ပ် အတွက်တော့ တောင်းဆိုမှုများတဲ့ အလုပ်တာဝန် တစ်ခု ဖြစ်ပါတယ်။ ဘောလုံးရာသီတွေ မစတင်ခင်လောက်သာ ကလပ်အသင်း မန်နေဂျာတွေက နားခွင့် ရတာ ဖြစ်ပြီး ထိုကာလတွေနဲ့ နိုင်ငံတကာ သီတင်းပတ်တွေမှာ ကလော့ပ်က ဂျာမနီသို့ ပြန်လေ့ရှိပါတယ်။

ဒီတစ်ပတ် နိုင်ငံအသင်းတွေ ကစားချိန်မှာ ကလော့ပ်က သူ့ရဲ့ အနားမရနိုင်တဲ့ အချိန်ဇယားတွေ အကြောင်းကို ဖွင့်ဟ ပြောဆိုမှု ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

” ကျနော် လုပ်ဆောင်နေတာတွေက မယုံနိူင်စရာ ကောင်းအောင် ပျော်စရာပါ။ ကျနော်လည်း ကျေနပ် ပျော်ရွှင်ပါတယ်။ ပြသနာက တစ်ခုပဲ။ ကျေနာ့် အလုပ်က နားချိန် သိပ်ရတာ မဟုတ်ဘူး။ အနားယူခွင့် ရဖို့က အခွင့် မရှိဘူး။ ကျနော့် အနေနဲ့ အသက်အရွယ် တော်တော်ရလာသည်ထိ ဒီလို တကယ်ပဲ လုပ်ရမှာလား ဆိုတာ တွေးစရာပဲ။ ” လို့ ကလော့ပ်က လတ်တလော ဖွင့်လာခဲ့တာပါ။

လီဗာပူးနဲ့ ကလော့ပ်ရဲ့ စာချုပ်က ၂၀၂၄ နွေမှာ ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုး ကိစ္စနဲ့ ဂျာမနီ လက်ရွေးစင်အသင်းကို တာဝန်ယူရေး ကိစ္စတွေ ပြောဆိုဖို့ စောလွန်းတယ်လို့ ကလော့ပ်က ဆိုထားပါတယ်။ ဒါပေမယ့်လို့ ဒီတစ်ကြိမ် လီဗာပူးနဲ့စာချုပ် ပြည့်ပြီးရင် ခေတ္တ နားချိန် ယူဖို့လည်း စဉ်းစားထားကြောင်း ဆိုခဲ့ပါတယ်။

” အဲ့အကြောင်းတွေ ပြောလို့ မရသေးပါဘူး။ အဝေးကြီး လိုပါသေးတယ်။ ၃ နှစ်အတွင်း ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ လူအတော်များများက လာမယ့် နှစ်ပတ်၊ သုံးပတ်မှာ ဘယ်နေရာ ရောက်နေမယ်ဆိုတာကိုတောင သိကြတာ မဟုတ်ဘူး။

၂၀၂၄ မှာ လီဗာပူးအသင်းနဲ့ လမ်းခွဲဖြစ်ခဲ့ရင် ကျနော် တစ်နှစ် အနားယူပါမယ်။ ဂျာမနီနဲ့ ဖလစ်ရဲ့ စာချုပ်က ၂၀၂၅ ခုနှစ်ထိ ရှိနေတာဆိုတော့ ဒါက ကျနော်အတွက် ရွေးချယ်စရာ တစ်ခုပေါ့။ ၂၀၂၄ ခုနှစ်စာချုပ်နဲ့ ပတ်သက်လို့ ဘယ်သူမှလည်း ကျနော်ကို ပြောဆိုလာတာတွေ မရှိသေးပါဘူး ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ပေရာ္ဖယ္ရွင္နယ္ ေဘာလံုးေလာကမွာ မန္ေနဂ်ာ တစ္ေယာက္ ျဖစ္ေနရတာက လံုေလာက္တဲ့ နားခ်ိန္ မရွိျဖစ္ေနျပီး ဒါကပဲ တစ္ခုတည္းေသာ ျပသနာလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

ဂ်ာမန္သားၾကီးဟာ ေနာက္လဆိုရင္ လီဗာပူးအသင္းကို တာ၀န္ယူတာ ၆ နွစ္ ျပည့္မွာ ျဖစ္ပါတယ္။ ၂၀၁၅ ေအာက္တိုဘာမွာ ကေလာ့ပ္နဲ႔ သူ႔ရဲ႕ နည္းျပအဖြဲ႔ဟာ လီဗာပူးအသင္းကို စတင္ တာ၀န္ယူခဲ့တာပါ။ ထိုစဥ္တည္းက စလို႔ ကေလာ့ပ္ဟာ လီဗာပူးကို တျဖည္းျဖည္း အသြင္ေျပာင္း တည္ေဆာက္လာခဲ့တာ ျဖစ္ျပီး ခ်န္ပီယံလိဂ္နဲ႕ ပရီးမီးယားလိဂ္တို႔မွာ ဗိုလ္စြဲသည္ထိ ေအာင္ျမင္ခဲ့ပါတယ္။

ဒီလို လုပ္ေဆာင္ရတာေတြက အသက္ ၅၄ နွစ္ အရြယ္ ကေလာ့ပ္ အတြက္ေတာ့ ေတာင္းဆိုမႈမ်ားတဲ့ အလုပ္တာ၀န္ တစ္ခု ျဖစ္ပါတယ္။ ေဘာလံုးရာသီေတြ မစတင္ခင္ေလာက္သာ ကလပ္အသင္း မန္ေနဂ်ာေတြက နားခြင့္ ရတာ ျဖစ္ျပီး ထိုကာလေတြနဲ႕ နုိင္ငံတကာ သီတင္းပတ္ေတြမွာ ကေလာ့ပ္က ဂ်ာမနီသို႔ ျပန္ေလ့ရွိပါတယ္။

ဒီတစ္ပတ္ နုိင္ငံအသင္းေတြ ကစားခ်ိန္မွာ ကေလာ့ပ္က သူ႔ရဲ႕ အနားမရနိုင္တဲ့ အခ်ိန္ဇယားေတြ အေၾကာင္းကို ဖြင့္ဟ ေျပာဆိုမႈ ျပဳလုပ္လာခဲ့တာ ျဖစ္ပါတယ္။

” က်ေနာ္ လုပ္ေဆာင္ေနတာေတြက မယံုနိူင္စရာ ေကာငး္ေအာင္ ေပ်ာ္စရာပါ။ က်ေနာ္လည္း ေက်နပ္ ေပ်ာ္ရႊင္ပါတယ္။ ျပသနာက တစ္ခုပဲ။ ကေ်နာ့္ အလုပ္က နားခ်ိန္ သိပ္ရတာ မဟုတ္ဘူး။ အနားယူခြင့္ ရဖို႔က အခြင့္ မရွိဘူး။ က်ေနာ့္ အေနနဲ႕ အသက္အရြယ္ ေတာ္ေတာ္ရလာသည္ထိ ဒီလို တကယ္ပဲ လုပ္ရမွာလား ဆိုတာ ေတြးစရာပဲ။ ” လို႔ ကေလာ့ပ္က လတ္တေလာ ဖြင့္လာခဲ့တာပါ။

လီဗာပူးနဲ႕ ကေလာ့ပ္ရဲ႕ စာခ်ဳပ္က ၂၀၂၄ ေႏြမွာ ကုန္ဆံုးမွာ ျဖစ္ျပီး စာခ်ဳပ္သက္တမ္းတိုး ကိစၥနဲ႔ ဂ်ာမနီ လက္ေရြးစင္အသင္းကို တာဝန္ယူေရး ကိစၥေတြ ေျပာဆိုဖို႔ ေစာလြနး္တယ္လို႔ ကေလာ့ပ္က ဆိုထားပါတယ္။ ဒါေပမယ့္လို႔ ဒီတစ္ၾကိမ္ လီဗာပူးနဲ႔စာခ်ဳပ္ ျပည့္ျပီးရင္ ေခတၱ နားခ်ိန္ ယူဖို႔လည္း စဥ္းစားထားေၾကာင္း ဆုိခဲ့ပါတယ္။

” အဲ့အေၾကာင္းေတြ ေျပာလို႔ မရေသးပါဘူး။ အေဝးၾကီး လိုပါေသးတယ္။ ၃ ႏွစ္အတြင္း ဘာျဖစ္လာမလဲဆိုတာကို ဘယ္သူမွ မသိႏိုင္ပါဘူး။ လူအေတာ္မ်ားမ်ားက လာမယ့္ ႏွစ္ပတ္၊ သံုးပတ္မွာ ဘယ္ေနရာ ေရာက္ေနမယ္ဆိုတာကိုေတာင သိၾကတာ မဟုတ္ဘူး။

၂၀၂၄ မွာ လီဗာပူးအသင္းနဲ႔ လမ္းခြဲျဖစ္ခဲ့ရင္ က်ေနာ္ တစ္ႏွစ္ အနားယူပါမယ္။ ဂ်ာမနီနဲ႔ ဖလစ္ရဲ႕ စာခ်ဳပ္က ၂၀၂၅ ခုႏွစ္ထိ ရွိေနတာဆိုေတာ့ ဒါက က်ေနာ္အတြက္ ေရြးခ်ယ္စရာ တစ္ခုေပါ့။ ၂၀၂၄ ခုႏွစ္စာခ်ဳပ္နဲ႔ ပတ္သက္လို႔ ဘယ္သူမွလည္း က်ေနာ္ကို ေျပာဆိုလာတာေတြ မရွိေသးပါဘူး ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။