လီဗာပူးကစားသမားဟောင်း ကာရေဂါက ကလပ်ဟာ ဒီနွေမှာ လူသစ်ခေါ်ယူရေးထက် အသင်းသားတွေကို သက်တမ်းတိုးဖို့ကိုပဲ ဦးတည်လာနေတယ်လို့ ပြောလာပါတယ်။

စီနီယာအသင်းသား အများစုဟာ စာချုပ်သက်တမ်း ၂ နှစ် ဝန်းကျင်ပဲ ကျန်ရှိနေကြကာ သူတို့ကို ဆက်ထိန်းရေးက ကလပ်ရဲ့ အဓိက ဦးတည်ချက်ဖြစ်လာခဲ့တယ်။ လီဗာပူးဟာ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ရဲ့ အနာဂတ်တွေကို စီမံရတော့မှာဖြစ်ကာ လာမယ့် နွေမှာဆိုရင် ချိန်ဘာလိန်၊ ကိတ်တာတို့ကလည်း စာချုပ် တစ်နှစ်ပဲ ကျန်ရှိမှာဖြစ်ပါတယ်။

ကမ္ဘာအကောင်းဆုံး ကစားသမားတွေကို တန်ဖိုးနည်းနည်းဖြင့် လက်မလွတ်ရရေး ကြိုးစားနေခြင်းဟာ အောင်မြင်မှုတွေလည်း ရှိထားခဲ့ပြီး အသင်းသား အများအပြားကို စာချုပ်သစ်တွေ ပေးထားနိုင်ပါပြီ။ ကလပ်ဟာ ဆာလာနဲ့ ပတ်သက်လို့လည်း ကြိုးစားမှု လုပ်မှဖြစ်ပြီး အောင်မြင်မယ်လို့ ကာရေဂါက မြင်ပါတယ်။

ကာရေဂါက ” လီဗာပူးက လူစာရင်းတစ်ခုလုံးကို ကာလရှည် စာချုပ်တွေ ပေးရဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကလပ်မှာက ကမ္ဘာအကောင်းဆုံး ကစားသမားအချို့ ရှိနေတယ်။ အယ်လီဆန်ကို ၆ နှစ် သက်တမ်းတိုးထားတယ်။ နောက် ဗန်ဒိုက်ကို တိုးထားပါတယ်။ ဆာလာကတော့ အသင်းဘက်က သက်တမ်းတိုးလိုတဲ့ နောက်ထပ် ကစားသမားဖြစ်ပါမယ်။

အရင်နှစ်တွေတုန်းကဆိုရင်၊ ပြောရရင် အသင်းမှာ ကျနော် ရှိနေတုန်းက အချိန်မှာဆိုရင်ပေါ့ဗျာ။ ကျနေ်ာတို့မှာ အရည်အချင်းရှိ ကစားသမားတွေ ရှိခဲ့ပေမယ့် သူတို့တွေက ရီးရဲလ်မက်ဒရစ် (သို့) ဘာစီလိုနာကို ရောက်သွားတော့တာပဲ။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ကျနေ်ာတို့ဟာ ကစားသမားတွေ အများကြီးကို လက်လွတ်ရပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အသင်းက နွေဈေးကွက်မှာ ကစားသမား ခေါ်ယူမှုတွေ အများကြီး မလုပ်ထားပါဘူး။ ကိုနတေးကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားတ်။ အဲ့အတွက်လည်း ကစားသမား ပြန်လည် ရောင်းထုတ်မှုကနေ ငွေကြေး ပြန်ရထားပါလိမ့်မယ်။

လီဗာပူးက စာချုပ်သစ်တွေ ဆက်တိုက်ပေးမယ်လို့ ကျနော်ထင်တယ်။ အသင်းသားတွေကို သူတို့ရဲ့ ကစားသမားဘဝကို လီဗာပူးမှာပဲ ကုန်ဆုံးစေမယ့် အထိပေါ့။ ရိုဘို၊ ဖာဘင်ညိုတို့နောက် ဂျော်ဒန်က နောက်ဆုံး သက်တမ်းတိုးမှု ဖြစ်ထားပြီး ဆာလာလည်း သက်တမ်းတိုးမယ်လို့ ကျနော် ထင်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကစားသမားေဟာင္း ကာေရဂါက ကလပ္ဟာ ဒီေႏြမွာ လူသစ္ေခၚယူေရးထက္ အသင္းသားေတြကို သက္တမ္းတိုးဖို႔ကိုပဲ ဦးတည္လာေနတယ္လို႔ ေျပာလာပါတယ္။

စီနီယာအသင္းသား အမ်ားစုဟာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ ဝန္းက်င္ပဲ က်န္ရွိေနၾကကာ သူတို႔ကို ဆက္ထိန္းေရးက ကလပ္ရဲ႕ အဓိက ဦးတည္ခ်က္ျဖစ္လာခ့ဲတယ္။ လီဗာပူးဟာ ဆာလာ၊ မာေနး၊ ဖာမင္ႏိုတို႔ရဲ႕ အနာဂတ္ေတြကို စီမံရေတာ့မွာျဖစ္ကာ လာမယ့္ ေႏြမွာဆိုရင္ ခ်ိန္ဘာလိန္၊ ကိတ္တာတို႔ကလည္း စာခ်ဳပ္ တစ္ႏွစ္ပဲ က်န္ရွိမွာျဖစ္ပါတယ္။

ကမၻာအေကာင္းဆံုး ကစားသမားေတြကို တန္ဖိုးနည္းနည္းျဖင့္ လက္မလြတ္ရေရး ၾကိဳးစားေနျခင္းဟာ ေအာင္ျမင္မႈေတြလည္း ရွိထားခဲ့ျပီး အသင္းသား အမ်ားအျပားကို စာခ်ဳပ္သစ္ေတြ ေပးထားႏုိင္ပါျပီ။ ကလပ္ဟာ ဆာလာနဲ႔ ပတ္သက္လို႔လည္း ၾကိဳးစားမႈ လုပ္မွျဖစ္ျပီး ေအာင္ျမင္မယ္လို႔ ကာေရဂါက ျမင္ပါတယ္။

ကာေရဂါက ” လီဗာပူးက လူစာရင္းတစ္ခုလံုးကို ကာလရွည္ စာခ်ဳပ္ေတြ ေပးရဖို႔ ၾကိဳးစားေနတာျဖစ္ပါတယ္။ ကလပ္မွာက ကမၻာအေကာင္းဆံုး ကစားသမားအခ်ိဳ႔ ရွိေနတယ္။ အယ္လီဆန္ကို ၆ ႏွစ္ သက္တမ္းတိုးထားတယ္။ ေနာက္ ဗန္ဒိုက္ကို တိုးထားပါတယ္။ ဆာလာကေတာ့ အသင္းဘက္က သက္တမ္းတိုးလိုတဲ့ ေနာက္ထပ္ ကစားသမားျဖစ္ပါမယ္။

အရင္ႏွစ္ေတြတုန္းကဆိုရင္၊ ေျပာရရင္ အသင္းမွာ က်ေနာ္ ရွိေနတုန္းက အခ်ိန္မွာဆိုရင္ေပါ့ဗ်ာ။ က်ေန္ာတို႔မွာ အရည္အခ်င္းရွိ ကစားသမားေတြ ရွိခဲ့ေပမယ့္ သူတို႔ေတြက ရီးရဲလ္မက္ဒရစ္ (သို႔) ဘာစီလိုနာကို ေရာက္သြားေတာ့တာပဲ။

ကုန္ခ့ဲတဲ့ ႏွစ္ေတြမွာ က်ေန္ာတို႔ဟာ ကစားသမားေတြ အမ်ားၾကီးကို လက္လြတ္ရပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ အသင္းက ေႏြေစ်းကြက္မွာ ကစားသမား ေခၚယူမႈေတြ အမ်ားၾကီး မလုပ္ထားပါဘူး။ ကိုနေတးကို ေပါင္ ၃၆ သန္းနဲ႔ ေခၚယူထားတ္။ အဲ့အတြက္လည္း ကစားသမား ျပန္လည္ ေရာင္းထုတ္မႈကေန ေငြေၾကး ျပန္ရထားပါလိမ့္မယ္။

လီဗာပူးက စာခ်ဳပ္သစ္ေတြ ဆက္တိုက္ေပးမယ္လို႔ က်ေနာ္ထင္တယ္။ အသင္းသားေတြကို သူတို႔ရဲ႕ ကစားသမားဘဝကို လီဗာပူးမွာပဲ ကုန္ဆံုးေစမယ့္ အထိေပါ့။ ရိုဘို၊ ဖာဘင္ညိဳတို႔ေနာက္ ေဂ်ာ္ဒန္က ေနာက္ဆံုး သက္တမ္းတိုးမႈ ျဖစ္ထားျပီး ဆာလာလည္း သက္တမ္းတိုးမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။