လီဗာပူးအသင်းဟာ ကစားသမားသစ် ခေါ်ယူရေးအတွက် လူငယ်ကြယ်ပွင့်တွေကို ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့် အချို့သော ကစားသမားတွေကို ခေါ်ယူရေးက ထင်သလောက် မလွယ်ခဲ့ဘူးလို့ မာဆေးဆိုဒ်အခြေစိုက် လီဗာပူးသတင်းဌာနက ဖော်ပြသွားပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ တိုက်စစ်ပိုင်းမှာ အင်အားနည်းနေပြီး ကလပ်ဘက်က လူငယ်ကြယ်ပွင့် အချို့ကို ကြိုးစားမှုတွေ ရှိခဲ့တာဖြစ်တယ်။ ဒီနွေမှာ မဟုတ်ပေမယ့်လည်း လီဗာပူးက ဘယ်ဂျီယံ လူငယ်တိုက်စစ်သမား ဒိုကူကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။

ဒိုကူကိုယ်တိုင်ကလည်း လီဗာပူးနဲ့ အပြောင်းအရွှေ့ကိစ္စ နီးစပ်ခဲ့ကြောင်းကို “ လီဗာပူးက ကျနော်နဲ့ ကျနော် မိဘတွေကို အန်ဖီးကွင်းထံ အလည်ခေါ်ခဲ့တယ်။ နောက် သူတို့ရဲ့ လေ့ကျင့်ရေးကွင်းကိုလည်း ခေါ်သွားခဲ့တယ်။ မာနေးနဲ့တောင် ကျနော် စကားပြောခဲ့ပြီး မန်နေဂျာကလော့ပ်ကလည်း ကျနော်ကို စိတ်ဝင်စားဟန် ပြခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

ဆာလာ၊ မာနေးတို့ရဲ့ အရန်အဖြစ်ထားပြီး စီနီယာပွဲကစားခွင့်တွေအတွက် လေ့ကျင့်ရေးကနေ ကြိုးစားယူဖို့ ဒိုကူကို မျှော်လင့်ခဲ့ပေမယ့် ကစားသမားဘက်က အမြင်မှာတော့ အဲ့လို မဟုတ်ပါဘူး။ ဒိုကူကတော့ တိုးတက်နိုင်ဆဲ ဆယ်ကျော်သက် ကစားသမားအရွယ်မှာ အရန်ခုံမှာ ရှိနေခြင်းထက် ကွင်းထဲမှာ ကစားနေရတာက သူ့ရဲ့ တိုးတက်မှုအတွက် ပိုမို အကူအညီဖြစ်မယ်လို့ ယုံကြည်တယ်။

လီဗာပူးရဲ့ ၅ ဦးမြောက် တိုက်စစ်သမားအဖြစ် တစ်ရာသီ ၁၀ ပွဲ ဝန်းကျင်ပဲ ကစားခွင့်ရမယ့်အခြေအနေကို လူငယ်တွေက ဆန္ဒ မရှိကြပါဘူး။ လီဗာပူးက အတိတ်တုန်းက ချိတ်ဆက်မှုတွေ လုပ်ခဲ့ပေမယ့် ဘယ်ဂျီယံ လူငယ်လေးက တိုးတက်ဖို့ အလိုအပ်ဆုံးဟာ ပွဲကစားခွင့်ဆိုတဲ့ ယုံကြည်ချက်ဖြင့် မာဆေးဆိုဒ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။

အန်းဒါးလက်ကနေ ပြင်သစ်ကလပ် ရီးနက်စ်အသင်းထံ ပြောင်းခဲ့ပြီးနောက် ပုံမှန် ပွဲကစားခွင့် ရနေတဲ့ ဒိုကူဟာ ယူရို ၂၀၂၀ မှာ စောင့်ကြည့်ခံရတဲ့ လူငယ်တိုက်စစ်သမား ဖြစ်လာခဲ့ပါတယ်။

ထိုနည်းတူပဲ လီဗာပူးဟာ ဂျာမနီမှ နွိုက်စ်ဟောက်နဲ့ ဒိန်းမတ်မှ ဒမ်းစဂတ်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် လူငယ်ကွင်းလယ်လူတွေက ပုံမှန်ပွဲကစားခွင့် အာမခံချက် နည်းပါးခြင်းကြောင့် လီဗာပူးကို ပြောင်းလာဖို့ ငြင်းဆန်ခဲ့ကြတယ်။ လီဗာပူးဘက်ကတော့ လူငယ်သွေးသစ်တွေကို ခေါ်ယူရာမှာ ပွဲကစားရမယ်လို့ အာမခံချက် ပေးမှာ မဟုတ်ဘဲ ပွဲထွက်ခွင့်အတွက် ကိုယ်တိုင် ကြိုးစားယူရမယ့် တာဝန်လို့ ယုံကြည်ပါတယ်။

၂၀၂၀ မှာ ကိုစတက်နဲ့ ဂျိုတာကို ခေါ်ယူခဲ့စဉ် သူတို့ နှစ်ဦးကို စီနီယာအဆင့်မှာ ပွဲကစားခွင့်ရမယ်ဆိုတဲ့ အာမခံချက်မျိုး လီဗာပူးဘက်က မပေးခဲ့ပါဘူး။ ဒါပေမယ့်လို့ သူတို့နှစ်ဦးဟာ အခွင့်အရေးကို ကိုယ်တိုင်ပဲ ကြိုးစားယူရပြီး ဂျိုတာဟာ စီနီယာပွဲကစားခွင့်မှာ ဖာမင်နိုကို ကျော်ပြီး နေရာရသင့်သူလို့ ယုံကြည်တဲ့ ပရိသတ်တွေတောင် တိုးများလာခဲ့ပါပြီ။

လီဗာပူးဘက်ကတော့ လာမယ့် ဈေးကွက်တွေမှာလည်း အသက် ၂၁-၂၄ နှစ်ကြား ကစားသမား ခေါ်ယူမှုတွေကိုပဲ ဆက်လက် ကြိုးစားဦးမယ်လို့ သိထားရတယ်။ စီနီယာလူစာရင်းကို အရန်ခုံကပဲ ဖိအားပေးနေတာမျိုး မဟုတ်ဘဲ ကွင်းထဲမှာ ကိုယ်တိုင် ဖိအားပေးနိုင်မယ့် ဂျိုတာ၊ ကိုစတက်လို ကစားသမားမျိုးတွေ ထပ်မံရရှိရေးက အသင်းရဲ့ ဦးတည်ချက်ပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကစားသမားသစ္ ေခၚယူေရးအတြက္ လူငယ္ၾကယ္ပြင့္ေတြကို ခ်ိတ္ဆက္မႈေတြ ရွိခဲ့ေပမယ့္ အခ်ိဳ႔ေသာ ကစားသမားေတြကို ေခၚယူေရးက ထင္သေလာက္ မလြယ္ခဲ့ဘူးလို႔ မာေဆးဆိုဒ္အေျခစိုက္ လီဗာပူးသတင္းဌာနက ေဖာ္ျပသြားပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ တိုက္စစ္ပိုင္းမွာ အင္အားနည္းေနျပီး ကလပ္ဘက္က လူငယ္ၾကယ္ပြင့္ အခ်ိဳ႔ကို ၾကိဳးစားမႈေတြ ရွိခဲ့တာျဖစ္တယ္။ ဒီေႏြမွာ မဟုတ္ေပမယ့္လည္း လီဗာပူးက ဘယ္ဂ်ီယံ လူငယ္တိုက္စစ္သမား ဒိုကူကို ေခၚယူဖို႔ ၾကိဳးစားခဲ့ပါေသးတယ္။

ဒိုကူကိုယ္တိုင္ကလည္း လီဗာပူးနဲ႔ အေျပာင္းအေရႊ႔ကိစၥ နီးစပ္ခဲ့ေၾကာင္းကို “ လီဗာပူးက က်ေနာ္နဲ႔ က်ေနာ္ မိဘေတြကို အန္ဖီးကြင္းထံ အလည္ေခၚခဲ့တယ္။ ေနာက္ သူတို႔ရဲ႕ ေလ့က်င့္ေရးကြင္းကိုလည္း ေခၚသြားခဲ့တယ္။ မာေနးနဲ႔ေတာင္ က်ေနာ္ စကားေျပာခဲ့ျပီး မန္ေနဂ်ာကေလာ့ပ္ကလည္း က်ေနာ္ကို စိတ္ဝင္စားဟန္ ျပခဲ့ပါတယ္။ ” လို႔ ဆိုပါတယ္။

ဆာလာ၊ မာေနးတို႔ရဲ႕ အရန္အျဖစ္ထားျပီး စီနီယာပြဲကစားခြင့္ေတြအတြက္ ေလ့က်င့္ေရးကေန ၾကိဳးစားယူဖို႔ ဒိုကူကို ေမွ်ာ္လင့္ခဲ့ေပမယ့္ ကစားသမားဘက္က အျမင္မွာေတာ့ အဲ့လို မဟုတ္ပါဘူး။ ဒိုကူကေတာ့ တိုးတက္ႏုိင္ဆဲ ဆယ္ေက်ာ္သက္ ကစားသမားအရြယ္မွာ အရန္ခံုမွာ ရွိေနျခင္းထက္ ကြင္းထဲမွာ ကစားေနရတာက သူ႔ရဲ႕ တိုးတက္မႈအတြက္ ပိုမို အကူအညီျဖစ္မယ္လို႔ ယံုၾကည္တယ္။

လီဗာပူးရဲ႕ ၅ ဦးေျမာက္ တုိက္စစ္သမားအျဖစ္ တစ္ရာသီ ၁၀ ပြဲ ဝန္းက်င္ပဲ ကစားခြင့္ရမယ့္အေျခအေနကို လူငယ္ေတြက ဆႏၵ မရွိၾကပါဘူး။ လီဗာပူးက အတိတ္တုန္းက ခ်ိတ္ဆက္မႈေတြ လုပ္ခဲ့ေပမယ့္ ဘယ္ဂ်ီယံ လူငယ္ေလးက တိုးတက္ဖို႔ အလိုအပ္ဆံုးဟာ ပြဲကစားခြင့္ဆိုတဲ့ ယံုၾကည္ခ်က္ျဖင့္ မာေဆးဆိုဒ္ကလပ္ရဲ႕ ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တယ္။

အန္းဒါးလက္ကေန ျပင္သစ္ကလပ္ ရီးနက္စ္အသင္းထံ ေျပာင္းခဲ့ျပီးေနာက္ ပံုမွန္ ပြဲကစားခြင့္ ရေနတဲ့ ဒိုကူဟာ ယူရို ၂၀၂၀ မွာ ေစာင့္ၾကည့္ခံရတဲ့ လူငယ္တိုက္စစ္သမား ျဖစ္လာခဲ့ပါတယ္။

ထိုနည္းတူပဲ လီဗာပူးဟာ ဂ်ာမနီမွ ႏိြဳက္စ္ေဟာက္နဲ႔ ဒိန္းမတ္မွ ဒမ္းစဂတ္တို႔ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ လူငယ္ကြင္းလယ္လူေတြက ပံုမွန္ပြဲကစားခြင့္ အာမခံခ်က္ နည္းပါးျခင္းေၾကာင့္ လီဗာပူးကို ေျပာင္းလာဖို႔ ျငင္းဆန္ခဲ့ၾကတယ္။ လီဗာပူးဘက္ကေတာ့ လူငယ္ေသြးသစ္ေတြကို ေခၚယူရာမွာ ပြဲကစားရမယ္လို႔ အာမခံခ်က္ ေပးမွာ မဟုတ္ဘဲ ပြဲထြက္ခြင့္အတြက္ ကိုယ္တိုင္ ၾကိဳးစားယူရမယ့္ တာဝန္လို႔ ယံုၾကည္ပါတယ္။

၂၀၂၀ မွာ ကိုစတက္နဲ႔ ဂ်ိဳတာကို ေခၚယူခဲ့စဥ္ သူတို႔ ႏွစ္ဦးကို စီနီယာအဆင့္မွာ ပြဲကစားခြင့္ရမယ္ဆိုတဲ့ အာမခံခ်က္မ်ိဳး လီဗာပူးဘက္က မေပးခဲ့ပါဘူး။ ဒါေပမယ့္လို႔ သူတို႔ႏွစ္ဦးဟာ အခြင့္အေရးကို ကိုယ္တုိင္ပဲ ၾကိဳးစားယူရျပီး ဂ်ိဳတာဟာ စီနီယာပြဲကစားခြင့္မွာ ဖာမင္ႏိုကို ေက်ာ္ျပီး ေနရာရသင့္သူလို႔ ယံုၾကည္တဲ့ ပရိသတ္ေတြေတာင္ တိုးမ်ားလာခဲ့ပါျပီ။

လီဗာပူးဘက္ကေတာ့ လာမယ့္ ေစ်းကြက္ေတြမွာလည္း အသက္ ၂၁-၂၄ ႏွစ္ၾကား ကစားသမား ေခၚယူမႈေတြကိုပဲ ဆက္လက္ ၾကိဳးစားဦးမယ္လို႔ သိထားရတယ္။ စီနီယာလူစာရင္းကို အရန္ခံုကပဲ ဖိအားေပးေနတာမ်ိဳး မဟုတ္ဘဲ ကြင္းထဲမွာ ကိုယ္တုိင္ ဖိအားေပးႏုိင္မယ့္ ဂ်ိဳတာ၊ ကိုစတက္လို ကစားသမားမ်ိဳးေတြ ထပ္မံရရွိေရးက အသင္းရဲ႕ ဦးတည္ခ်က္ပဲျဖစ္ပါတယ္။