ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟောက လီဗာပူးအသင်းရဲ့ လူစာရင်းဟာ မန်စီးတီး၊ ချယ်ဆီးတို့ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ မြင်နေပါတယ်။

ပွဲထွက် ၁၁ ဦးလူစာရင်းထဲက ဒဏ်ရာရမှုတွေ ရှိလာမယ်ဆိုရင် လီဗာပူးရဲ့ အရန်စာရင်းဟာ ပရီးမီးယားလိဂ်က အဆင့် ၁၀ အသင်း သာသာပဲ ရှိတယ်လို့ အဘွန်လဟောက မြင်ပါတယ်။ ချယ်ဆီးနဲ့ပွဲမှာဆိုရင် သွင်းဂိုးယူဖို့ လိုအပ်နေချိန်မှာ ယာဂင်ကလော့ပ်ရဲ့ အရန်စာရင်းက အားပျော့လွန်းတယ်လို့ သူက ဆိုသေးတာဖြစ်ပါတယ်။

အဘွန်လဟောက “ လီဗာပူးဟာ ထိပ်တန်းအသင်း ဖြစ်နေဆဲပါပဲ။ ဒါပေမယ့်လို့ ဒဏ်ရာပြဿနာတွေ ပေါ်လာရင် သူတို့ ပြဿနာတတ်ပါပြီ။ ဘာလို့လည်းဆိုတော့ သူတို့အသင်းရဲ့ အရန်အင်အားဟာ အဆင့် ၁၀ အသင်းရဲ့ အင်အားလောက်ပဲ ရှိလို့ပါပဲ။

ယာဂင်ကလော့ပ်က ချယ်ဆီးကို ရင်ဆိုင်ရာမှာ လူစားလဲဖို့ အရန်စာရင်းကို ကြည့်တော့ ကိတ်တာ၊ ချိန်ဘာလိန်၊ မီနာမီနိုနဲ့ ကိုစတက်တို့ပဲ ရှိနေတယ်။ ဒါက ပွဲကို အနိုင်ရဖို့ နောက်ဆုံး လုပ်ရမယ့်အခွင့်အရေးမှာ သူ့မှာရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။

လီဗာပူးက ၁၀ ယောက်ပဲကျန်တဲ့ ချယ်ဆီးကို ရင်ဆိုင်ပြီး သွင်းဂိုး ၁ ဂိုး ရဖို့ လိုနေချိန်မှာ အရန်ခုံမှာ ချိန်ဘာလိန်နဲ့ မီနာမီနိုလို ကစားသမားမျိုးတွေပဲ ရှိနေတာဗျာ။ ကျနော်ကတော့ ဒီအရန်လူစာရင်းက လီဗာပူးကို ပေးဆပ်မှု ကြီးမားစေမယ်လို မြင်သာပါပဲ ” လို့ မှတ်ချက်ပေးခဲ့တယ်။

အင်္ဂလန်တိုက်စစ်သမားဟောင်းက လီဗာပူးရဲ့ အပြောင်းအရွှေ့ ခေါ်ယူမှု နည်းပါးခြင်းတွေကို အံ့သြသင့်နေပြီး ချန်ပီယံဖြစ်မှာ မဟုတ်ဘဲ ထိပ်ဆုံး လေးသင်းမှာ နောက်ဆုံးက ရပ်တည်သွားမယ်လို့ ခန့်မှန်းသွားခဲ့တာဖြစ်ပါတယ်။

“ သူတို့ ကစားသမား ခေါ်ယူမှုတွေ နည်းပါးခဲ့တာက အံ့သြသင့်ဖို့တော့ ကောင်းပါတယ်။ ဗန်ဒိုက် ပြန်လာနိုင်တာ သိပ်ကောင်းပေမယ့် အခြားသော ထိပ်သီး လေးသင်းကလည်း သိပ်ကောင်းတဲ့ ခံစစ်တွေကို ပိုင်ဆိုင်ထားတာပါ။

ဇန်နဝါရီမှာ မာနေးနဲ့ ဆာလာက အာဖရိကပွဲတွေကို သွားကစားရမယ်။ သူတို့ မရှိတဲ့ ကာလကို လီဗာပူးက ကျော်ဖြတ်ရမှာဖြစ်ပါတယ်။ ဒီရာသီမှာ လီဗာပူးက ချယ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်ရဲ့နောက် အဆင့် ၄ မှာပဲ ရပ်တည်သွားမယ်လို့ ထင်ပါတယ် ” လို့ အဘွန်လဟောက သုံးသပ်သွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း အဘြန္လေဟာက လီဗာပူးအသင္းရဲ႕ လူစာရင္းဟာ မန္စီးတီး၊ ခ်ယ္ဆီးတို႔ကို ယွဥ္ျပိဳင္ႏိုင္မွာ မဟုတ္ဘူးလို႔ ျမင္ေနပါတယ္။

ပြဲထြက္ ၁၁ ဦးလူစာရင္းထဲက ဒဏ္ရာရမႈေတြ ရွိလာမယ္ဆိုရင္ လီဗာပူးရဲ႕ အရန္စာရင္းဟာ ပရီးမီးယားလိဂ္က အဆင့္ ၁၀ အသင္း သာသာပဲ ရွိတယ္လို႔ အဘြန္လေဟာက ျမင္ပါတယ္။ ခ်ယ္ဆီးနဲ႔ပြဲမွာဆိုရင္ သြင္းဂိုးယူဖို႔ လိုအပ္ေနခ်ိန္မွာ ယာဂင္ကေလာ့ပ္ရဲ႕ အရန္စာရင္းက အားေပ်ာ့လြန္းတယ္လို႔ သူက ဆိုေသးတာျဖစ္ပါတယ္။

အဘြန္လေဟာက “ လီဗာပူးဟာ ထိပ္တန္းအသင္း ျဖစ္ေနဆဲပါပဲ။ ဒါေပမယ့္လို႔ ဒဏ္ရာျပႆနာေတြ ေပၚလာရင္ သူတို႔ ျပႆနာတတ္ပါျပီ။ ဘာလို႔လည္းဆိုေတာ့ သူတို႔အသင္းရဲ႕ အရန္အင္အားဟာ အဆင့္ ၁၀ အသင္းရဲ႕ အင္အားေလာက္ပဲ ရွိလို႔ပါပဲ။

ယာဂင္ကေလာ့ပ္က ခ်ယ္ဆီးကို ရင္ဆိုင္ရာမွာ လူစားလဲဖို႔ အရန္စာရင္းကို ၾကည့္ေတာ့ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ မီနာမီႏိုနဲ႔ ကိုစတက္တို႔ပဲ ရွိေနတယ္။ ဒါက ပြဲကို အႏုိင္ရဖို႔ ေနာက္ဆံုး လုပ္ရမယ္ ့အခြင့္အေရးမွာ သူ႔မွာရွိတဲ့ ကစားသမားေတြျဖစ္ပါတယ္။

လီဗာပူးက ၁၀ ေယာက္ပဲက်န္တဲ့ ခ်ယ္ဆီးကို ရင္ဆိုင္ျပီး သြင္းဂိုး ၁ ဂိုး ရဖို႔ လိုေနခ်ိန္မွာ အရန္ခံုမွာ ခ်ိန္ဘာလိန္နဲ႔ မီနာမီႏိုလို ကစားသမားမ်ိဳးေတြပဲ ရွိေနတာဗ်ာ။ က်ေနာ္ကေတာ့ ဒီအရန္လူစာရင္းက လီဗာပူးကို ေပးဆပ္မႈ ၾကီးမားေစမယ္လို ျမင္သာပါပဲ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

အဂၤလန္တိုက္စစ္သမားေဟာင္းက လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ေခၚယူမႈ နည္းပါးျခင္းေတြကို အံ့ၾသသင့္ေနျပီး ခ်န္ပီယံျဖစ္မွာ မဟုတ္ဘဲ ထိပ္ဆံုး ေလးသင္းမွာ ေနာက္ဆံုးက ရပ္တည္သြားမယ္လို႔ ခန္႔မွန္းသြားခဲ့တာျဖစ္ပါတယ္။

“ သူတို႔ ကစားသမား ေခၚယူမႈေတြ နည္းပါးခဲ့တာက အံ့ၾသသင့္ဖို႔ေတာ့ ေကာင္းပါတယ္။ ဗန္ဒိုက္ ျပန္လာႏုိင္တာ သိပ္ေကာင္းေပမယ့္ အျခားေသာ ထိပ္သီး ေလးသင္းကလည္း သိပ္ေကာင္းတဲ့ ခံစစ္ေတြကို ပိုင္ဆိုင္ထားတာပါ။

ဇန္နဝါရီမွာ မာေနးနဲ႔ ဆာလာက အာဖရိကပြဲေတြကို သြားကစားရမယ္။ သူတို႔ မရွိတဲ့ ကာလကို လီဗာပူးက ေက်ာ္ျဖတ္ရမွာျဖစ္ပါတယ္။ ဒီရာသီမွာ လီဗာပူးက ခ်ယ္ဆီး၊ မန္စီးတီး၊ ယူႏုိက္တက္ရဲ႕ေနာက္ အဆင့္ ၄ မွာပဲ ရပ္တည္သြားမယ္လို႔ ထင္ပါတယ္ ” လို႔ အဘြန္လေဟာက သံုးသပ္သြားခဲ့တာျဖစ္ပါတယ္။