လီဗာပူးညာအစွန်လူ ထရန့်ဟာ ကမ္ဘာအကောင်းဆုံး အစွန်လူအဖြစ်မှ အင်္ဂလန်ရဲ့ စတုတ္ထဦးစားပေး အစွန်လူအဆင့်ကို လျော့ကျခဲ့ပါပြီဆိုတာကတော့ ဒေးလီးမေလ်းက ဖော်ပြခဲ့တဲ့ သတင်းခေါင်းစီးဖြစ်ပါတယ်။

လီဗာပူးမှာ ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ထရန့်ဟာ အင်္ဂလန်မှာတော့ ပုံမှန်ပွဲကစားခွင့် မရဘူးဖြစ်နေပါတယ်။ သူဟာ အင်္ဂလန်အသင်းအတွက် ထူးထူးချွန်ချွန် ကစားပြနိုင်ခြင်းလည်း မရှိဘဲ လက်ရွေးစင် ပရိသတ်တွေထံက မရှိမဖြစ် ကစားသမားအဖြစ် ချီးကျူးအားပေးခြင်းလည်း မရထားပါဘူး။

ဒီအခြေအနေကို နားလည်ထားတဲ့ ထရန့်ကတော့ အခွင့်အရေး ရလာမယ်ဆိုရင် အင်္ဂလန်အတွက် အကောင်းဆုံး စွမ်းဆောင်ပြလိုကြောင်း ထုတ်ပြောလာခဲ့ပါတယ်။

ထရန့်က ” နေရှင်းလိဂ် တတိယနေရာလုပွဲအတွက် ခြေစစ်ပွဲဖြစ်တဲ့ ဆွစ်ဇလန်နဲ့ပွဲမှာ ကျနော် ကစားတာ သိပ်ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ အဲ့နောက်ပိုင်းမှာ အင်္ဂလန်အတွက် ကျနော် ခြေစွမ်းပြနိုင်ခြင်း မရှိတော့ပါဘူး။ အဲ့တာကလွဲရင် အင်္ဂလန်အတွက် ကျနော်ရဲ့ စွမ်းဆောင်ရည်က သာမာန်ပါပဲ။ ဒါက ကျနော် တိုးတက်လာဖို့ လိုတာပါ။

ပွဲအနည်းငယ်မှာ အခွင့်အရေးတွေ နည်းနည်းပဲရပါတယ်။ အင်္ဂလန်မှာက နေရာအတွက် ပြိုင်ဆိုင်ရမှု ပိုပြီး ပြင်းထန်ပါတယ်။ ကလပ်မှာတော့ ကျနော်က ပုံမှန်ပွဲကစားခွင့်တွေ ရထားပါတယ်။ နေ့တိုင်းမှာ ကိုယ်တိုင် တောင်းဆိုနေတဲ့ အဆင့်အတန်းအတိုင်း အင်္ဂလန်မှာ လုပ်ပြနိုင်ခြင်း မရှိပါဘူး။ အဲ့ခြေစွမ်းကို မရောက်ဘူးဖြစ်နေပါတယ်။

အဲ့လိုပြောရတာက ခက်ခဲပါတယ်။ အင်္ဂလန်မှာက ခြားနားတဲ့ နည်းစနစ်နဲ့ ကစားနေသလို အသင်းဖော်တွေကလည်း မတူပါဘူး။ ဒါက ဆင်ခြေပေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အချိန်တိုင်း တူညီတဲ့ ကစားသမားတွေနဲ့ ကစားနေရတာ မဟုတ်တော့ ကျနော်ရဲ့ ပုံစံကောင်းတွေ ရှာဖွေဖို့က ခက်ခဲပါတယ်။ လူတိုင်းလည်း ခက်ခဲမှာပါပဲ။

အင်္ဂလန်ကို လာရောက်ပူးပေါင်းကတည်းက ကျနော်ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မပြသနိုင်ပါဘူး။ ကလပ်မှာ ပုံမှန် ပြသနေကျ ခြေစွမ်းတွေကို မပြသနိုင်ပါဘူး။ အင်္ဂလန်အတွက် အများကြီး လုပ်ပြဖို့ ကျနော်လည်း မျှော်လင့်ထားပါတယ်။ ဒီအခွင့်အရေး ရလာဖို့နဲ့ အခွင့်အရေးကို အရယူနိုင်ဖို့ မျှော်လင့်ပါတယ်။

အင်္ဂလန်နဲ့ ဆုဖလားတွေ အနိုင်ရလိုတယ်၊ ပုံမှန်ပွဲကစားခွင့် ရလိုတယ်။ အသင်းကို ဦးဆောင်လိုပါတယ်။ အဲ့တာက ကျနော်အတွက်တော့ အောင်မြင်မှု ဖြစ်လာမှာပါ။ ကျနော် ကိုယ်ကစားရမယ့် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဒီကနေ့ညမှာ အန်ဒိုရာကို အိမ်ကွင်း ဝင်ဘာလေမှာ ယှဉ်ပြိုင်သွားရမှာဖြစ်တယ်။ ထရန့်ဟာ ပုံမှန်ကစားနေကျ မဟုတ်တဲ့ ကွင်းလယ်လူအဖြစ် ပါဝင်ရမယ်လို့လည်း သိထားရတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔ဟာ ကမၻာအေကာင္းဆံုး အစြန္လူအျဖစ္မွ အဂၤလန္ရဲ႕ စတုတၳဦးစားေပး အစြန္လူအဆင့္ကို ေလ်ာ့က်ခဲ့ပါျပီဆိုတာကေတာ့ ေဒးလီးေမလ္းက ေဖာ္ျပခဲ့တဲ့ သတင္းေခါင္းစီးျဖစ္ပါတယ္။

လီဗာပူးမွာ ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသထားႏုိင္တဲ့ ထရန္႔ဟာ အဂၤလန္မွာေတာ့ ပံုမွန္ပြဲကစားခြင့္ မရဘူးျဖစ္ေနပါတယ္။ သူဟာ အဂၤလန္အသင္းအတြက္ ထူးထူးခၽြန္ခၽြန္ ကစားျပႏုိင္ျခင္းလည္း မရွိဘဲ လက္ေရြးစင္ ပရိသတ္ေတြထံက မရွိမျဖစ္ ကစားသမားအျဖစ္ ခ်ီးက်ဴးအားေပးျခင္းလည္း မရထားပါဘူး။

ဒီအေျခအေနကို နားလည္ထားတဲ့ ထရန္႔ကေတာ့ အခြင့္အေရး ရလာမယ္ဆိုရင္ အဂၤလန္အတြက္ အေကာင္းဆံုး စြမ္းေဆာင္ျပလိုေၾကာင္း ထုတ္ေျပာလာခဲ့ပါတယ္။

ထရန္႔က ” ေနရွင္းလိဂ္ တတိယေနရာလုပြဲအတြက္ ေျခစစ္ပြဲျဖစ္တဲ့ ဆြစ္ဇလန္နဲ႔ပြဲမွာ က်ေနာ္ ကစားတာ သိပ္ေကာင္းခ့ဲတယ္လို႔ ထင္ပါတယ္။ အဲ့ေနာက္ပိုင္းမွာ အဂၤလန္အတြက္ က်ေနာ္ ေျခစြမ္းျပႏုိင္ျခင္း မရွိေတာ့ပါဘူး။ အဲ့တာကလြဲရင္ အဂၤလန္အတြက္ က်ေနာ္ရဲ႕ စြမ္းေဆာင္ရည္က သာမာန္ပါပဲ။ ဒါက က်ေနာ္ တိုးတက္လာဖို႔ လိုတာပါ။

ပြဲအနည္းငယ္မွာ အခြင့္အေရးေတြ နည္းနည္းပဲရပါတယ္။ အဂၤလန္မွာက ေနရာအတြက္ ျပိဳင္ဆိုင္ရမႈ ပိုျပီး ျပင္းထန္ပါတယ္။ ကလပ္မွာေတာ့ က်ေနာ္က ပံုမွန္ပြဲကစားခြင့္ေတြ ရထားပါတယ္။ ေန႔တိုင္းမွာ ကိုယ္တိုင္ ေတာင္းဆိုေနတဲ့ အဆင့္အတန္းအတိုင္း အဂၤလန္မွာ လုပ္ျပႏုိင္ျခင္း မရွိပါဘူး။ အဲ့ေျခစြမ္းကို မေရာက္ဘူးျဖစ္ေနပါတယ္။

အဲ့လိုေျပာရတာက ခက္ခဲပါတယ္။ အဂၤလန္မွာက ျခားနားတဲ့ နည္းစနစ္နဲ႔ ကစားေနသလို အသင္းေဖာ္ေတြကလည္း မတူပါဘူး။ ဒါက ဆင္ေျခေပးေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ အခ်ိန္တိုင္း တူညီတဲ့ ကစားသမားေတြနဲ႔ ကစားေနရတာ မဟုတ္ေတာ့ က်ေနာ္ရဲ႕ ပံုစံေကာင္းေတြ ရွာေဖြဖို႔က ခက္ခဲပါတယ္။ လူတိုင္းလည္း ခက္ခဲမွာပါပဲ။

အဂၤလန္ကို လာေရာက္ပူးေပါင္းကတည္းက က်ေနာ္ရဲ႕ အေကာင္းဆံုး ေျခစြမ္းေတြကို မျပသႏုိင္ပါဘူး။ ကလပ္မွာ ပံုမွန္ ျပသေနက် ေျခစြမ္းေတြကို မျပသႏုိင္ပါဘူး။ အဂၤလန္အတြက္ အမ်ားၾကီး လုပ္ျပဖို႔ က်ေနာ္လည္း ေမွ်ာ္လင့္ထားပါတယ္။ ဒီအခြင့္အေရး ရလာဖို႔နဲ႔ အခြင့္အေရးကို အရယူႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။

အဂၤလန္နဲ႔ ဆုဖလားေတြ အႏုိင္ရလိုတယ္၊ ပံုမွန္ပြဲကစားခြင့္ ရလိုတယ္။ အသင္းကို ဦးေဆာင္လိုပါတယ္။ အဲ့တာက က်ေနာ္အတြက္ေတာ့ ေအာင္ျမင္မႈ ျဖစ္လာမွာပါ။ က်ေနာ္ ကိုယ္ကစားရမယ့္ ေဘာလံုးအေပၚမွာပဲ အာရံုစိုက္ထားပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဟာ ဒီကေန႔ညမွာ အန္ဒိုရာကို အိမ္ကြင္း ဝင္ဘာေလမွာ ယွဥ္ျပိဳင္သြားရမွာျဖစ္တယ္။ ထရန္႔ဟာ ပံုမွန္ကစားေနက် မဟုတ္တဲ့ ကြင္းလယ္လူအျဖစ္ ပါဝင္ရမယ္လို႔လည္း သိထားရတာျဖစ္ပါတယ္။