လီဗာပူးပရိသတ်တွေဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြန်ခေါ်ယူလို့ ရနိုင်မယ့် တိုက်စစ်မှူး စတားရစ်ကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းမှုတွေ ရှိနေပါတယ်။

လီဗာပူးတိုက်စစ်သမားဟောင်းဟာ မကြာသေးခင်က အသက် ၃၂ နှစ်ကို ပြည့်မြောက်ခဲ့ပြီဖြစ်တယ်။ အင်္ဂလန်မှာရှိခဲ့စဉ် သူ့ရဲ့ ဒဏ်ရာ မှတ်တမ်းဆိုးတွေကြောင့် စတားရစ်ကို ခေါ်ယူလိုတဲ့ ကလပ်တွေ ရှားပါးနေပြီး လက်ရှိအချိန်ထိ စပိန်မြေမှာ လေ့ကျင့်နေတဲ့ စတားရစ်ဟာ ကလပ်တစ်သင်းသင်းရဲ့ ကမ်းလှမ်းမှုတွေ မရသေးပါဘူး။

သူ့ရဲ့ မွေးနေ့မှာ စတားရစ်က “ ကျနော် ၃၂ နှစ် ပြည့်ပြီ။ အောင်မြင်မှုရဖို့ ကျနော့် ဘဝတစ်လျှောက်လုံးမှာ ဖြစ်ခဲ့ဖူးတာထက် အခုချိန်မှာ ပိုပြီး စိတ်အားထက်သန်နေတယ်။ အသက်ပိုကြီးလာတယ်၊ အသိဉာဏ် ပိုရှိလာတယ်၊ ကြံ့ခိုင်မှု အခြေအနေက အိုကေပဲ။ ဘုရားသခင်က ကောင်းပါတယ်။ မွေးနေ့ဆုတောင်း စကားတွေအတွက် လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အဲ့ဒါတွေက ကျနော့်အတွက် အများကြီး အဓိပ္ပါယ်ရှိတယ် ” လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

လီဗာပူးကနေ ထွက်ခွာပြီးနောက် တူရကီလိဂ်ထဲ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ဘဲ စာချုပ်ကုန်ခါနီး ၁၈ လအလိုမှာတင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ရပါသေးတယ်။ အဲ့နောက်ပိုင်း အမေရိကန်မှာ တစ်ဦးတည်း လေ့ကျင့်ခဲ့တဲ့ စတားရစ်ဟာ ဒီနွေမှာတော့ ဟန်ဒါဆန်နဲ့အတူ လာလီဂါကလပ် RCD Mallorca ရဲ့ လေ့ကျင့်ရေးကွင်းမှာ အတူ လေ့ကျင့်ခဲ့သေးတာပါ။

Mallorca အသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဟော့ဖင်ဟိန်အးသင်းမှ ဟိုပီကို ယူရို ၃.၅ သန်းဖြင့် ခေါ်ယူထားခဲ့ပြီဖြစ်ပေမယ့် တိုက်စစ်ပိုင်းကို အားဖြည့်လိုနေဆဲပါ။ သူတို့အသင်းနဲ့ လေ့ကျင့်ရေး ဆင်းနေတဲ့ စတားရင်းကို အပြီးသတ် ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်။

ဒီကနေ့မှာပဲ စတားရစ်ကတော့ “ ဂိုးတွေသွင်းရတာထက် ပိုကောင်းတဲ့ ခံစားချက် မရှိနိုင်တော့ပါဘူး။ ဒီနေ့မှာ ကွင်းပိတ်ပွဲ ကစားခဲ့ရတယ်ဆိုပေမယ့် ဂိုးသွင်းနိုင်တဲ့အပေါ် သိပ်ကောင်းတယ်လို့ ခံစားရပါတယ်။

နေ့ရက်တွေ ကုန်ဆုံးသွားတိုင်း ပိုပြီး ပုံစံကောင်းရလာတယ်လို့ ခံစားနေရတယ်။ စစ်မှန်တဲ့ ပွဲတွေကို ပြန်ကစားရမယ့် နေ့ရက် ရောက်လာမယ့် အချိန်ကို မစောင့်နိုင် ဖြစ်နေရပါတယ်။ ကမ္ဘာကြီးကို ကျနော်ရဲ့ အရည်အချင်းတွေ ပြသလိုပါတယ်။ ဘုရားသခင်က သိပ်ကောင်းပါတယ် ” လို့ ထုတ်ပြောခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးပရိသတ္ေတြဟာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ျပန္ေခၚယူလို႔ ရႏုိင္မယ့္ တိုက္စစ္မွဴး စတားရစ္ကို ေခၚယူဖို႔ အသင္းကို တိုက္တြန္းမႈေတြ ရွိေနပါတယ္။

လီဗာပူးတိုက္စစ္သမားေဟာင္းဟာ မၾကာေသးခင္က အသက္ ၃၂ ႏွစ္ကို ျပည့္ေျမာက္ခဲ့ျပီျဖစ္တယ္။ အဂၤလန္မွာရွိခဲ့စဥ္ သူ႔ရဲ႕ ဒဏ္ရာ မွတ္တမ္းဆိုးေတြေၾကာင့္ စတားရစ္ကို ေခၚယူလုိတဲ့ ကလပ္ေတြ ရွားပါးေနျပီး လက္ရွိအခ်ိန္ထိ စပိန္ေျမမွာ ေလ့က်င့္ေနတဲ့ စတားရစ္ဟာ ကလပ္တစ္သင္းသင္းရဲ႕ ကမ္းလွမ္းမႈေတြ မရေသးပါဘူး။

သူ႔ရဲ႕ ေမြးေန႔မွာ စတားရစ္က “ က်ေနာ္ ၃၂ ႏွစ္ ျပည့္ၿပီ။ ေအာင္ျမင္မႈရဖို႔ က်ေနာ့္ ဘဝတစ္ေလွ်ာက္လံုးမွာ ျဖစ္ခဲ့ဖူးတာထက္ အခုခ်ိန္မွာ ပိုၿပီး စိတ္အားထက္သန္ေနတယ္။ အသက္ပိုႀကီးလာတယ္၊ အသိဉာဏ္ ပိုရွိလာတယ္၊ ႀကံ့ခိုင္မႈ အေျခအေနက အိုေကပဲ။ ဘုရားသခင္က ေကာင္းပါတယ္။ ေမြးေန႔ဆုေတာင္း စကားေတြအတြက္ လူတိုင္းကို ေက်းဇူးတင္ပါတယ္။ အဲ့ဒါေတြက က်ေနာ့္အတြက္ အမ်ားႀကီး အဓိပၸါယ္ရွိတယ္ ” လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့တာပဲ ျဖစ္ပါတယ္။

လီဗာပူးကေန ထြက္ခြာျပီးေနာက္ တူရကီလိဂ္ထဲ ေျပာင္းေရႊ႔ခဲ့ေပမယ့္လည္း အဆင္မေျပခဲ့ဘဲ စာခ်ဳပ္ကုန္ခါနီး ၁၈ လအလိုမွာတင္ ႏွစ္ဦးသေဘာတူ လမ္းခြဲခဲ့ရပါေသးတယ္။ အဲ့ေနာက္ပိုင္း အေမရိကန္မွာ တစ္ဦးတည္း ေလ့က်င့္ခဲ့တဲ့ စတားရစ္ဟာ ဒီေႏြမွာေတာ့ ဟန္ဒါဆန္နဲ႔အတူ လာလီဂါကလပ္ RCD Mallorca ရဲ႕ ေလ့က်င့္ေရးကြင္းမွာ အတူ ေလ့က်င့္ခဲ့ေသးတာပါ။

Mallorca အသင္းဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးရက္မွာ ေဟာ့ဖင္ဟိန္အးသင္းမွ ဟိုပီကို ယူရို ၃.၅ သန္းျဖင့္ ေခၚယူထားခဲ့ျပီျဖစ္ေပမယ့္ တိုက္စစ္ပိုင္းကို အားျဖည့္လိုေနဆဲပါ။ သူတို႔အသင္းနဲ႔ ေလ့က်င့္ေရး ဆင္းေနတဲ့ စတားရင္းကို အျပီးသတ္ ေခၚယူသြားမလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္တယ္။

ဒီကေန႔မွာပဲ စတားရစ္ကေတာ့ “ ဂိုးေတြသြင္းရတာထက္ ပိုေကာင္းတဲ့ ခံစားခ်က္ မရွိႏုိင္ေတာ့ပါဘူး။ ဒီေန႔မွာ ကြင္းပိတ္ပြဲ ကစားခဲ့ရတယ္ဆိုေပမယ့္ ဂိုးသြင္းႏုိင္တဲ့အေပၚ သိပ္ေကာင္းတယ္လို႔ ခံစားရပါတယ္။

ေန႔ရက္ေတြ ကုန္ဆံုးသြားတိုင္း ပိုျပီး ပံုစံေကာင္းရလာတယ္လို႔ ခံစားေနရတယ္။ စစ္မွန္တဲ့ ပြဲေတြကို ျပန္ကစားရမယ့္ ေန႔ရက္ ေရာက္လာမယ့္ အခ်ိန္ကို မေစာင့့္ႏုိင္ ျဖစ္ေနရပါတယ္။ ကမၻာၾကီးကို က်ေနာ္ရဲ႕ အရည္အခ်င္းေတြ ျပသလိုပါတယ္။ ဘုရားသခင္က သိပ္ေကာင္းပါတယ္ ” လို႔ ထုတ္ေျပာခဲ့တာျဖစ္ပါတယ္။