ထရန့်ဟာ လက်ရွေးစင်ပွဲအဖြစ် အန်ဒိုရာကို ၄-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ကလပ်အသင်းဖော် ဟန်ဒိုနဲ့ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်တို့နဲ့ တွဲဘက်ကာ ကစားခွင့်ရခဲ့ပါတယ်။

ညာအစွန်လူဟာ သူကစားနေကျ မဟုတ်တဲ့ ကွင်းလယ်လူနေရာက ကစားခဲ့တာဖြစ်ပြီး ဒါဟာ ကစားဟန်မတူတဲ့ လက်ရွေးစင်အသင်းမှာ သူပွဲကစားခွင့်ရလာဖို့ အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှာ ညာအစွန်လူတွေ များပြားနေပေမယ့်လို့ မန်နေဂျာဆောက်ဂိတ်ရဲ့ နည်းစနစ်ပိုင်းအရ ထရန့်ဟာ ဦးစားပေးတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။

ထရန့်ဟာ ထူးချွန်စွာ ကစားပြနိုင်ခဲ့ခြင်းမျိုးတော့ မရှိပေမယ့် ပွဲချိန်တွင်းမှာ အကောင်းမြင်စရာ ကိစ္စတွေ ရှိနေခဲ့တယ်လို့ ဆောက်ဂိတ်က မြင်ပါတယ်။ ပွဲအပြီးမှာ အင်္ဂလန်မန်နေဂျာက

‘ ကျနေ်ာတို့ အပြောင်းအလဲ တစ်ခုခုကို မြင်လိုခဲ့ပြီး အဲ့တာကို ကြည့်ဖို့ရာ ပွဲကောင်းတစ်ပွဲဖြစ်တယ်လို့ ခံစားခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ထရန့်က သူ့ရဲ့ နေရာသစ်မှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်လာတယ်လို့ ခံစားနေရပါတယ်။

ပထမပိုင်းမှာလည်း သူက တူညီတဲ့ နေရာမှာပဲ အချိန်တွေ အများကြီး ကစားနေခဲ့ရပေမယ့် ကိစ္စအသစ်တွေအတွက် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေခဲ့ရတယ်။ အဲ့နေရာမှာ သူပျော်နေတယ်လို့ ထင်ပါတယ်။ ဘောလုံးနဲ့အတူ သူကစားနေတာကပဲ သူ့ရဲ့ ပျော်ရွှင်မှုကို ပြသနေတာက ရှင်းပါတယ်။

ထရန့်ဟာ ဘောလုံးကိုင်ကစားရာမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိထားသူဆိုတာ ကျနေ်ာတို့ သိပါတယ်။ လီဗာပူးမှာလည်း ဒီနေရာကနေ သူ ကိုယ်ဘာသာ အကောင်းဆုံး လုပ်ပြနိုင်အောင် ကြိုးစားထားနိုင်တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ နေရာလွတ်တွေ အများကြီး မရှိခြင်းနဲ့အတူ နေရာသစ်မှာ လုပ်ပြနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ခြားနားတဲ့ နေရာကနေ ပွဲထွက်ရတာဖြစ်ပေမယ့် ကျနေ်ာတို့ ဘာတစ်ခုကိုမှ ဆုံးရံှူးခဲ့တာမျိုး မရှိဘူးလို့ ထင်ပါတယ် ‘ ဆိုပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ထရန္႔ဟာ လက္ေရြးစင္ပြဲအျဖစ္ အန္ဒိုရာကို ၄-၀ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ကလပ္အသင္းေဖာ္ ဟန္ဒိုနဲ႔ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဟမ္တို႔နဲ႔ တြဲဘက္ကာ ကစားခြင့္ရခဲ့ပါတယ္။

ညာအစြန္လူဟာ သူကစားေနက် မဟုတ္တဲ့ ကြင္းလယ္လူေနရာက ကစားခဲ့တာျဖစ္ျပီး ဒါဟာ ကစားဟန္မတူတဲ့ လက္ေရြးစင္အသင္းမွာ သူပြဲကစားခြင့္ရလာဖို႔ အခြင့္အေရး တစ္ခုလည္း ျဖစ္ပါတယ္။ အဂၤလန္အသင္းမွာ ညာအစြန္လူေတြ မ်ားျပားေနေပမယ့္လို႔ မန္ေနဂ်ာေဆာက္ဂိတ္ရဲ႕ နည္းစနစ္ပိုင္းအရ ထရန္႔ဟာ ဦးစားေပးတစ္ေယာက္ေတာ့ မဟုတ္ခဲ့ပါဘူး။

ထရန္႔ဟာ ထူးခၽြန္စြာ ကစားျပႏုိင္ခဲ့ျခင္းမ်ိဳးေတာ့ မရွိေပမယ့္ ပြဲခ်ိန္တြင္းမွာ အေကာင္းျမင္စရာ ကိစၥေတြ ရွိေနခဲ့တယ္လို႔ ေဆာက္ဂိတ္က ျမင္ပါတယ္။ ပြဲအျပီးမွာ အဂၤလန္မန္ေနဂ်ာက

‘ က်ေန္ာတို႔ အေျပာင္းအလဲ တစ္ခုခုကို ျမင္လိုခဲ့ျပီး အဲ့တာကို ၾကည့္ဖို႔ရာ ပြဲေကာင္းတစ္ပြဲျဖစ္တယ္လို႔ ခံစားခဲ့ရတယ္။ ဒုတိယပိုင္းမွာေတာ့ ထရန္႔က သူ႔ရဲ႕ ေနရာသစ္မွာ ပိုျပီး သက္ေသာင့္သက္သာ ျဖစ္လာတယ္လို႔ ခံစားေနရပါတယ္။

ပထမပိုင္းမွာလည္း သူက တူညီတဲ့ ေနရာမွာပဲ အခ်ိန္ေတြ အမ်ားၾကီး ကစားေနခဲ့ရေပမယ့္ ကိစၥအသစ္ေတြအတြက္ လုပ္ေဆာင္ႏုိင္ဖို႔ ၾကိဳးစားေနခဲ့ရတယ္။ အဲ့ေနရာမွာ သူေပ်ာ္ေနတယ္လို႔ ထင္ပါတယ္။ ေဘာလံုးနဲ႔အတူ သူကစားေနတာကပဲ သူ႔ရဲ႕ ေပ်ာ္ရႊင္မႈကို ျပသေနတာက ရွင္းပါတယ္။

ထရန္႔ဟာ ေဘာလံုးကိုင္ကစားရာမွာ ထူးခၽြန္တဲ့ အရည္အခ်င္းေတြ ရွိထားသူဆိုတာ က်ေန္ာတို႔ သိပါတယ္။ လီဗာပူးမွာလည္း ဒီေနရာကေန သူ ကိုယ္ဘာသာ အေကာင္းဆံုး လုပ္ျပႏုိင္ေအာင္ ၾကိဳးစားထားႏုိင္တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ေနရာလြတ္ေတြ အမ်ားၾကီး မရွိျခင္းနဲ႔အတူ ေနရာသစ္မွာ လုပ္ျပႏုိင္ဖို႔ ခက္ခဲခဲ့ပါတယ္။ ျခားနားတဲ့ ေနရာကေန ပြဲထြက္ရတာျဖစ္ေပမယ့္ က်ေန္ာတို႔ ဘာတစ္ခုကိုမွ ဆံုးရံွဴးခဲ့တာမ်ိဳး မရွိဘူးလို႔ ထင္ပါတယ္ ‘ ဆိုျပီး ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။