ကိတ်တာဟာ ကမ္ဘာဖလား ခြေစစ်ပွဲအဖြစ် မိုရိုကိုနှင့် ယှဉ်ပြိုင်ရမယ့် ဂူနီယာအသင်းအတွက် ဇာတိမြေကို ပြန်ရောက်နေစဉ်မှာပဲ စစ်တပ်အာဏာသိမ်းမှုကို ရင်ဆိုင်ရပြီး ပြည်တွင်းမှာ ပိတ်မိနေဆဲလို့ သိရပါတယ်။

ဂူနီယာနိုင်ငံရဲ့ မြို့တော် Conakry ကနေ မိုရိုကိုအသင်းက ထွက်ခွာနိုင်ခဲ့ပေမယ့် အသက် ၂၆ နှစ်အရွယ် နိုင်ငံလက်ရွေးစင်အသင်း အသင်းခေါင်းဆောင် ကိတ်တာကတော့ သူ့အသင်းသားတွေနဲ့ ဆက်ရှိနေဆဲဖြစ်ပါတယ်။

ဖီဖာနဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကတော့ “ လက်ရှိ ဂူနီယာရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေး အခြေအနေတွေက အရမ်းကို ရှုပ်ထွေးနေပြီး အဖွဲ့ချုပ်နှစ်ခုရဲ့ တာဝန်ရှိသူတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။

ကစားသမားတွေ အန္တရာယ်ကင်းဖို့နဲ့ လုံခြုံစိတ်ချရစေဖို့အတွက်အပြင် စက်တင်ဘာလ ၆ ရက်နေ့ ဂူနီယာမှာ ယှဉ်ပြိုင်ကစားရမယ့် ခြေစစ်ပွဲမှ တာဝန်ရှိသူတွေကို ကာကွယ်ဖို့ရာ ပွဲစဉ်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် ” လို ဖော်ပြထားခဲ့တယ်။

ဗိုလ်မှူးကြီး Mamady Doumbouya ဦးဆောင်တဲ့ ဂူနီယာစစ်တပ်ဟာ တိုင်းပြည့်အာဏာ ရယူခဲ့ပြီလို့ ကြေညာခဲ့တဲ့နောက် ပြည်တွင်းမှာ သေနတ်ဖောက်သံတွေ နာရီအတန်ကြာ ဖြစ်ပွှားခဲ့ပါတယ်။ လက်တလောမှာတော့ နိုင်ငံအဝန်း ညမထွက်ရအမိန့်တွေ ထုတ်ပြန်ထားပြီဖြစ်တယ်။

မိုရိုကိုလူစာရင်းက အာဏာသိမ်းချိန်မှာ ဟိုတယ်အတွင်း ပိတ်မိနေခဲ့ပေမယ့် နောက်ပိုင်းမှာ ဂူနီယာမှာရှိတဲ့ သက်ဆိုင်ရာ သံရုံးကနေတစ်ဆင့် ပြန်လည် ထွက်ခွာနိုင်ခဲ့တယ်လို့ သိရတယ်။ ဒါပေမယ့်လို့ အခြေအနေတွေ အားလုံးကို ရှင်းလင်းစွာ သိရခြင်း မရှိသေးပါဘူး။

Sky Sports က ဖော်ပြရာမှာတော့ လီဗာပူးဟာ ကိတ်တာနဲ့ သူ့အသင်းဖော်တွေကို ဆက်သွယ်မှု ရှိခဲ့တယ်လို့ သိရပြီး ကစားသမားက အန္တရာယ်ကင်းတဲ့ အခြေအနေဖြစ်တယ်။ ကလပ်ဘက်က ဖြစ်နိုင်သမျှ အမြန်ဆုံး မာဆေးဆိုဒ်ကို ပြန်ခေါ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

ကိတ်တာတို့ဟာ အဖမ်းအဆီး မခံထားရသလို ပြည်တွင်းမှာ မငြိမ်သက်မှုတွေ ရှိနေပေမယ့်လည်း သူတို့လို ဘောလုံးသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေက လုံခြုံစိတ်ချရတယ်လို့ သိထားရတာဖြစ်တယ်။

ကံကောင်းပါစေ ကိတ်တာရေ၊ ကံကောင်းပါစေလို့ တကယ်ကို လေးလေးနက်နက် ဆုတောင်းပေးပါတယ်။

ZAWGYI

ကိတ္တာဟာ ကမၻာဖလား ေျခစစ္ပြဲအျဖစ္ မိုရိုကိုႏွင့္ ယွဥ္ျပိဳင္ရမယ့္ ဂူနီယာအသင္းအတြက္ ဇာတိေျမကို ျပန္ေရာက္ေနစဥ္မွာပဲ စစ္တပ္အာဏာသိမ္းမႈကို ရင္ဆိုင္ရျပီး ျပည္တြင္းမွာ ပိတ္မိေနဆဲလို႔ သိရပါတယ္။

ဂူနီယာႏုိင္ငံရဲ႕ ျမိဳ႔ေတာ္ Conakry ကေန မိုရိုကိုအသင္းက ထြက္ခြာႏုိင္ခဲ့ေပမယ့္ အသက္ ၂၆ ႏွစ္အရြယ္ ႏုိင္ငံလက္ေရြးစင္အသင္း အသင္းေခါင္းေဆာင္ ကိတ္တာကေတာ့ သူ႔အသင္းသားေတြနဲ႔ ဆက္ရွိေနဆဲျဖစ္ပါတယ္။

ဖီဖာနဲ႔ အာဖရိကေဘာလံုးအဖြဲ႔ခ်ဳပ္ကေတာ့ “ လက္ရွိ ဂူနီယာရဲ႕ ႏုိင္ငံေရးနဲ႔ လံုျခံဳေရး အေျခအေနေတြက အရမ္းကို ရႈပ္ေထြးေနျပီး အဖြဲ႔ခ်ဳပ္ႏွစ္ခုရဲ႕ တာဝန္ရွိသူေတြကလည္း နီးနီးကပ္ကပ္ ေစာင့္ၾကည့္ေနပါတယ္။

ကစားသမားေတြ အႏၱရာယ္ကင္းဖို႔နဲ႔ လံုျခံဳစိတ္ခ်ရေစဖို႔အတြက္အျပင္ စက္တင္ဘာလ ၆ ရက္ေန႔ ဂူနီယာမွာ ယွဥ္ျပိဳင္ကစားရမယ့္ ေျခစစ္ပြဲမွ တာဝန္ရွိသူေတြကို ကာကြယ္ဖို႔ရာ ပြဲစဥ္ကို ေရႊ႔ဆိုင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္ ” လို ေဖာ္ျပထားခဲ့တယ္။

ဗိုလ္မွဴးၾကီး Mamady Doumbouya ဦးေဆာင္တဲ့ ဂူနီယာစစ္တပ္ဟာ တိုင္းျပည့္အာဏာ ရယူခဲ့ျပီလို႔ ေၾကညာခဲ့တဲ့ေနာက္ ျပည္တြင္းမွာ ေသနတ္ေဖာက္သံေတြ နာရီအတန္ၾကာ ျဖစ္ပႊားခဲ့ပါတယ္။ လက္တေလာမွာေတာ့ ႏုိင္ငံအဝန္း ညမထြက္ရအမိန္႔ေတြ ထုတ္ျပန္ထားျပီျဖစ္တယ္။

မိုရိုကိုလူစာရင္းက အာဏာသိမ္းခ်ိန္မွာ ဟိုတယ္အတြင္း ပိတ္မိေနခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဂူနီယာမွာရွိတဲ့ သက္ဆိုင္ရာ သံရံုးကေနတစ္ဆင့္ ျပန္လည္ ထြက္ခြာႏုိင္ခဲ့တယ္လို႔ သိရတယ္။ ဒါေပမယ့္လို႔ အေျခအေနေတြ အားလံုးကို ရွင္းလင္းစြာ သိရျခင္း မရွိေသးပါဘူး။

Sky Sports က ေဖာ္ျပရာမွာေတာ့ လီဗာပူးဟာ ကိတ္တာနဲ႔ သူ႔အသင္းေဖာ္ေတြကို ဆက္သြယ္မႈ ရွိခဲ့တယ္လို႔ သိရျပီး ကစားသမားက အႏၱရာယ္ကင္းတဲ့ အေျခအေနျဖစ္တယ္။ ကလပ္ဘက္က ျဖစ္ႏုိင္သမွ် အျမန္ဆံုး မာေဆးဆိုဒ္ကို ျပန္ေခၚဖို႔ ၾကိဳးစားမွာျဖစ္ပါတယ္။

ကိတ္တာတို႔ဟာ အဖမ္းအဆီး မခံထားရသလို ျပည္တြင္းမွာ မျငိမ္သက္မႈေတြ ရွိေနေပမယ့္လည္း သူတို႔လို ေဘာလံုးသမားေတြနဲ႔ ဝန္ထမ္းေတြရဲ႕ အေျခအေနက လံုျခံဳစိတ္ခ်ရတယ္လို႔ သိထားရတာျဖစ္တယ္။

ကံေကာင္းပါေစ ကိတ္တာေရ၊ ကံေကာင္းပါေစလို႔ တကယ္ကို ေလးေလးနက္နက္ ဆုေတာင္းေပးပါတယ္။