ဟာဗေး အယ်လီးယော့ဟာ ဒဏ်ရာ ကုသမှုတွေ ခံယူဖို့ အင်္ဂလန် ယူ-၂၁ လူစာရင်းက နုတ်ထွက်ကာ လီဗာပူးအသင်းထံ ပြန်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်တိုက်စစ်သမားဟာ အန်ဖီးမှာ ချယ်ဆီးနဲ့ ၁-၁ သရေကျတဲ့ပွဲအတွင်း အသေးစား ကြွက်သား ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်။ အင်္ဂါနေ့မှာ ယှဉ်ပြိုင်ကစားမယ့် ကိုဆိုဗိုနဲ့ ယူရိုခြေစစ်ပွဲမှာ ပါဝင်ဖို့ရာ ကြံ့ခိုင်မှု မလုံလောက်ခြင်းကြောင့် လီဗာပူးကို ပြန်လာခြင်းဖြစ်ကြောင်း သတင်းထောက် ဂျိမ်းပီယော့ဇ်က အတည်ပြုခဲ့ပါတယ်။

အယ်လီးယော့ရဲ့ ဒဏ်ရာဟာ ကြိုတင်ပြင်ဆင်မှုပဲ ဖြစ်ပြီး ပြင်းထန်ခြင်း မရှိပါဘူးလို့ ပီယော့ဇ်က ဆိုခဲ့တယ်။ သူဟာ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် လိဒ်ယူနိုက်တက်နဲ့ပွဲကို ပါဝင်ပေးဖို့တောင် အဆင်သင့်ဖြစ်နေလောက်မှာ ဖြစ်ပါတယ်။ ကလပ်ဘက်ကတော့ အယ်လီးယော့ရဲ့ အခြေအနေကို လာမယ့် ရက်ပိုင်းအတွင်း စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဘန်လေကို အနိုင်ရစဉ် ပွဲထွက်လူစာရင်းက ပါဝင်ခဲ့တဲ့ ကိတ်တာဟာ သူ့ရဲ့ ပုံမှန် နေရာမဟုတ်တဲ့ ကွင်းလယ်တိုက်စစ်မှာ ကစားနေရသူဖြစ်တယ်။ သူဟာ ဖာဘင်ညို၊ ဟန်ဒိုတို့နဲ့ တွဲဘက်ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ကစားခွင့်ရခဲ့ပါတယ်။

တိုက်စစ်သမား မီနာမီနိုကလည်း ဂျပန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့စဉ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့်ပဲ မာဆေးဆိုဒ်ကို ပြန်လာခဲ့ရပြီဖြစ်တယ်။ သူ့ရဲ့ ဒဏ်ရာ အခြေအနေဟာ အယ်လီးယော့ထက် ပိုမို စိုးရိမ်ရကာ တနင်္ဂနွေနေ့ပွဲမှာ ပါဝင်ဖို့ မသေချာပါဘူး။

လီဗာပူးကွင်းလယ်လူဖြစ်တဲ့ ကိတ်တာကလည်း ဂူနီယာလက်ရွေးစင်နဲ့ သွားရောက် ပူးပေါင်းစဉ်မှာ အာဏာသိမ်းဖြစ်ရပ်ကို ရင်ဆိုင်ထားရပြီး မာဆေးဆိုဒ်ကို ပြန်လာဖို့ ခက်ခဲနေပါတယ်။ ကလပ်ဘက်ကတော့ ကွင်းလယ်လူကို ဂူနီယာကနေ ခေါ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒါကြောင့် တနင်္ဂနွေနေ့မှာတော့ မန်နေဂျာကလော့ပ်ဟာ ကွင်းလယ်အတွဲအဖြစ် ဖာဘင်ညို၊ ဟန်ဒိုနဲ့ သီယာဂိုတို့ကို ထုတ်သုံးဖွယ်ရှိပြီး အခြားသော ရွေးချယ်စရာအဖြစ် မီလ်နာ၊ ဂျုံး၊ ချိန်ဘာလိန်တို့ ရှိနေမှာ ဖြစ်ပါတယ်။

ZAWGYI

ဟာေဗး အယ္လီးေယာ့ဟာ ဒဏ္ရာ ကုသမႈေတြ ခံယူဖို႔ အဂၤလန္ ယူ-၂၁ လူစာရင္းက ႏုတ္ထြက္ကာ လီဗာပူးအသင္းထံ ျပန္လာခ့ဲျပီျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္တိုက္စစ္သမားဟာ အန္ဖီးမွာ ခ်ယ္ဆီးနဲ႔ ၁-၁ သေရက်တဲ့ပြဲအတြင္း အေသးစား ၾကြက္သား ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရတယ္။ အဂၤါေန႔မွာ ယွဥ္ျပိဳင္ကစားမယ့္ ကိုဆိုဗိုနဲ႔ ယူရိုေျခစစ္ပြဲမွာ ပါဝင္ဖို႔ရာ ၾကံ႔ခိုင္မႈ မလံုေလာက္ျခင္းေၾကာင့္ လီဗာပူးကို ျပန္လာျခင္းျဖစ္ေၾကာင္း သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က အတည္ျပဳခဲ့ပါတယ္။

အယ္လီးေယာ့ရဲ႕ ဒဏ္ရာဟာ ၾကိဳတင္ျပင္ဆင္မႈပဲ ျဖစ္ျပီး ျပင္းထန္ျခင္း မရွိပါဘူးလုိ႔ ပီေယာ့ဇ္က ဆိုခဲ့တယ္။ သူဟာ တနဂၤေႏြေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ လိဒ္ယူႏုိက္တက္နဲ႔ပြဲကို ပါဝင္ေပးဖို႔ေတာင္ အဆင္သင့္ျဖစ္ေနေလာက္မွာ ျဖစ္ပါတယ္။ ကလပ္ဘက္ကေတာ့ အယ္လီးေယာ့ရဲ႕ အေျခအေနကို လာမယ့္ ရက္ပိုင္းအတြင္း စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

ဘန္ေလကို အႏုိင္ရစဥ္ ပြဲထြက္လူစာရင္းက ပါဝင္ခဲ့တဲ့ ကိတ္တာဟာ သူ႔ရဲ႕ ပံုမွန္ ေနရာမဟုတ္တဲ့ ကြင္းလယ္တိုက္စစ္မွာ ကစားေနရသူျဖစ္တယ္။ သူဟာ ဖာဘင္ညိဳ၊ ဟန္ဒိုတို႔နဲ႔ တြဲဘက္ျပီး ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ကစားခြင့္ရခဲ့ပါတယ္။

တိုက္စစ္သမား မီနာမီႏိုကလည္း ဂ်ပန္လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းခဲ့စဥ္မွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ပဲ မာေဆးဆိုဒ္ကို ျပန္လာခဲ့ရျပီျဖစ္တယ္။ သူ႔ရဲ႕ ဒဏ္ရာ အေျခအေနဟာ အယ္လီးေယာ့ထက္ ပိုမို စိုးရိမ္ရကာ တနဂၤေႏြေန႔ပြဲမွာ ပါဝင္ဖို႔ မေသခ်ာပါဘူး။

လီဗာပူးကြင္းလယ္လူျဖစ္တဲ့ ကိတ္တာကလည္း ဂူနီယာလက္ေရြးစင္နဲ႔ သြားေရာက္ ပူးေပါင္းစဥ္မွာ အာဏာသိမ္းျဖစ္ရပ္ကို ရင္ဆိုင္ထားရျပီး မာေဆးဆိုဒ္ကို ျပန္လာဖို႔ ခက္ခဲေနပါတယ္။ ကလပ္ဘက္ကေတာ့ ကြင္းလယ္လူကို ဂူနီယာကေန ေခၚထုတ္ႏုိင္ဖို႔ ၾကိဳးစားေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ တနဂၤေႏြေန႔မွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ကြင္းလယ္အတြဲအျဖစ္ ဖာဘင္ညိဳ၊ ဟန္ဒိုနဲ႔ သီယာဂိုတို႔ကို ထုတ္သံုးဖြယ္ရွိျပီး အျခားေသာ ေရြးခ်ယ္စရာအျဖစ္ မီလ္နာ၊ ဂ်ံဳး၊ ခ်ိန္ဘာလိန္တို႔ ရွိေနမွာ ျဖစ္ပါတယ္။