ပရီးမီးယားလိဂ်ခံစစ်မှူးဟောင်း ဖာဒီနန်က သူ့ရဲ့ ကမ္ဘာအကောင်းဆုံး ခံစစ်မှူးအဖြစ် ဗာရိန်း၊ ဒီယော့စ်တို့ကို ကျော်ပြီး လီဗာပူးခံစစ်မှူး ဗန်ဒိုက်ကို ရွေးချယ်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ကုန်ခဲ့တဲ့ နှစ်ပိုင်းတွေမှာ အတော်လေး ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသခဲ့ပြီး သူဟာ ပုံမှန်ပွဲကစားနိုင်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေကို အမြဲတမ်း ပြသထားနိုင်တာပါ။ မနှစ်တုန်းက သူ ဒူးဒဏ်ရာကြောင့် ဘောလုံးမကစားနိုင်ချိန်မှာ လီဗာပူးအသင်းဟာ ရလဒ်ပိုင်း ထိခိုက်မှုတွေပါ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်။

ဗန်ဒိုက် နည်းတူ ဗာရိန်းနဲ့ ဒီယော့စ်တို့ကလည်း ခံစစ်သမားကောင်းတွေ ဖြစ်ပေမယ့် နယ်သာလန် အသင်းခေါင်းဆောင်ကတော့ တစ်ဆင့်မြင့်လွန်းလှတယ်လို့ ဖာဒီနန်က မြင်ပါတယ်။

” ဗန်ဒိုက်က ကုန်ခဲ့တဲ့ နှစ်နှစ်လောက် သူ ကြံ့ခိုင်နေချိန်မှာ တကယ်တော်တဲ့ ကစားသမားပါ။ သူက အသင်းအတွက် သက်ရောက်မှုကြီးတွေ ရှိခဲ့ပါတယ်။ ကုန်ခဲ့တဲ့ ၃ နှစ်လုံးမှာ ဗန်ဒိုက်က အဲ့လို ခံစစ်မှူးဖြစ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။

သူက စွမ်းဆောင်ရည် တည်ငြိမ်ခဲ့ပြီး အနိုင်ရဖို့အတွက် အရည်အချင်းရှိသူဖြစ်တယ်။ ဗာရိန်းက ရာမိုစ့်နဲ့ တွဲဘက်ကစားပြီး အောင်နိုင်ခဲ့တယ်ဆိုပေမယ့် ကုန်ခဲ့တဲ့ ၃ နှစ်အတွင်း ဗန်ဒိုက်ရဲ့ ပုံစံကောင်းတွေအရ သူက အရမ်းကို ခမ်းနားပါတယ်။

ဒီယော့စ်ကလည်း ထူးချွန်ပါတယ်။ ဒါပေမယ့်လို့ သူက မနှစ်ကရာသီ တစ်ခုတည်းမှာ သိပ်ကောင်းထားတာဖြစ်ပါတယ်။ ကျနော် ပြောနေတာက နှစ်ကာလရှည် စွမ်းဆောင်ရည် တည်တည်ငြိမ်ငြိမ် တောက်ပနေတဲ့ အကြောင်းဖြစ်ပါတယ်။

လက်တလော အခိုက်အတန့်တွေမှာတော့ ဒီခံစစ်သမား သုံးယောက်က အကောင်းဆုံး ခံစစ်သမားတွေ ဖြစ်ကြပါတယ် ” လို့ ဖာဒီနန်က မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ လီဗာပူးအသင်းကို ဆုဖလား စိန်ခေါ်သူ အဖြစ်ကနေ အောင်နိုင်သူအဖြစ် အသွင်ပြောင်းမှုမှာ အရေးပါခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ခံစစ်ပိုင်းစွမ်းရည်၊ ဘောလုံးပေးနိုင်စွမ်းနဲ့ ဦးဆောင်နိုင်မှုတွေဟာ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ အောင်မြင်မှုမှာ အဓိက ကျခဲ့တာပဲဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ခံစစ္မွဴးေဟာင္း ဖာဒီနန္က သူ႔ရဲ႕ ကမၻာအေကာင္းဆံုး ခံစစ္မွဴးအျဖစ္ ဗာရိန္း၊ ဒီေယာ့စ္တို႔ကို ေက်ာ္ျပီး လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ကို ေရြးခ်ယ္ခဲ့ပါတယ္။

ဗန္ဒိုက္ဟာ ကုန္ခဲ့တဲ့ ႏွစ္ပိုင္းေတြမွာ အေတာ္ေလး ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသခဲ့ျပီး သူဟာ ပံုမွန္ပြဲကစားႏုိင္မႈနဲ႔အတူ စြမ္းေဆာင္ရည္ေကာင္းေတြကို အျမဲတမ္း ျပသထားႏုိင္တာပါ။ မႏွစ္တုန္းက သူ ဒူးဒဏ္ရာေၾကာင့္ ေဘာလံုးမကစားႏုိင္ခ်ိန္မွာ လီဗာပူးအသင္းဟာ ရလဒ္ပိုင္း ထိခိုက္မႈေတြပါ ျဖစ္ေပၚခဲ့တာျဖစ္တယ္။

ဗန္ဒိုက္ နည္းတူ ဗာရိန္းနဲ႔ ဒီေယာ့စ္တို႔ကလည္း ခံစစ္သမားေကာင္းေတြ ျဖစ္ေပမယ့္ နယ္သာလန္ အသင္းေခါင္းေဆာင္ကေတာ့ တစ္ဆင့္ျမင့္လြန္းလွတယ္လို႔ ဖာဒီနန္က ျမင္ပါတယ္။

” ဗန္ဒိုက္က ကုန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္ သူ ၾကံ႕ခိုင္ေနခ်ိန္မွာ တကယ္ေတာ္တဲ့ ကစားသမားပါ။ သူက အသင္းအတြက္ သက္ေရာက္မႈၾကီးေတြ ရွိခဲ့ပါတယ္။ ကုန္ခဲ့တဲ့ ၃ ႏွစ္လံုးမွာ ဗန္ဒိုက္က အဲ့လို ခံစစ္မွဴးျဖစ္ခဲ့တယ္လို႔ က်ေနာ္ ထင္ပါတယ္။

သူက စြမ္းေဆာင္ရည္ တည္ျငိမ္ခဲ့ျပီး အႏုိင္ရဖို႔အတြက္ အရည္အခ်င္းရွိသူျဖစ္တယ္။ ဗာရိန္းက ရာမိုစ့္နဲ႔ တြဲဘက္ကစားျပီး ေအာင္ႏုိင္ခဲ့တယ္ဆိုေပမယ့္ ကုန္ခဲ့တဲ့ ၃ ႏွစ္အတြင္း ဗန္ဒိုက္ရဲ႕ ပံုစံေကာင္းေတြအရ သူက အရမ္းကို ခမ္းနားပါတယ္။

ဒီေယာ့စ္ကလည္း ထူးခၽြန္ပါတယ္။ ဒါေပမယ့္လို႔ သူက မႏွစ္ကရာသီ တစ္ခုတည္းမွာ သိပ္ေကာင္းထားတာျဖစ္ပါတယ္။ က်ေနာ္ ေျပာေနတာက ႏွစ္ကာလရွည္ စြမ္းေဆာင္ရည္ တည္တည္ျငိမ္ျငိမ္ ေတာက္ပေနတဲ့ အေၾကာင္းျဖစ္ပါတယ္။

လက္တေလာ အခိုက္အတန္႔ေတြမွာေတာ့ ဒီခံစစ္သမား သံုးေယာက္က အေကာင္းဆံုး ခံစစ္သမားေတြ ျဖစ္ၾကပါတယ္ ” လို႔ ဖာဒီနန္က မွတ္ခ်က္ေပးလိုက္တာျဖစ္ပါတယ္။

ဗန္ဒိုက္ဟာ လီဗာပူးအသင္းကို ဆုဖလား စိန္ေခၚသူ အျဖစ္ကေန ေအာင္ႏုိင္သူအျဖစ္ အသြင္ေျပာင္းမႈမွာ အေရးပါခဲ့သူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ခံစစ္ပိုင္းစြမ္းရည္၊ ေဘာလံုးေပးႏုိင္စြမ္းနဲ႔ ဦးေဆာင္ႏုိင္မႈေတြဟာ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားတို႔ ေအာင္ျမင္မႈမွာ အဓိက က်ခဲ့တာပဲျဖစ္ပါတယ္။