လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က အင်္ဂလန်အသင်း နောက်ဆုံးကစားထားတဲ့ လက်ရွေးစင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့စဉ် တွဲဘက် ကွင်းလယ်လူအဖြစ် ကစားခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားလေး ဘယ်လင်ဟမ်ကို ထုတ်ဖော် ချီးကျူးမှု လုပ်သွားခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူဟာ မနှစ်ကနွေမှာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ခဲ့ကာ ပုံမှန်ပွဲကစားခွင့်ကို ရယူလာနိုင်ခဲ့တယ်။ ဘယ်လင်ဟမ်က ဥရောပအဆင့်မြင့်တန်း လိဂ်တစ်ခုမှာ အသက်ငယ်ငယ်နဲ့ အရေးပါနေပြီး တူညီတဲ့ အရွယ်တုန်းက ဟန်ဒါဆန်ဟာ ဆန်းဒါးလန်းကနေ ကိုဗင်ထရီ အသင်းထံ အငှားကစားနေခဲ့ရတာပါ။

“ ဘယ်လင်ဂမ်က ကျွန်တော် အဲ့အရွယ်တုန်းကထက် အများကြီး ပိုသာပါတယ် ” လို့ ဟန်ဒါဆန်က ဝန်ခံပါတယ်။

ဘယ်လင်ဟမ်ရဲ့ အလားအလာတွေကို ပြောဆိုဖို့ရာ ဟန်ဒါဆန်က နောက်တွန့် မနေပါဘူး။ သူ့ရဲ့ စီနီယာဟောင်း စတီဗင်ဂျရတ်ကို အားကျသူလို့ ဝန်ခံထားတဲ့ ဘယ်လင်ဟမ်ဟာ ထိပ်တန်း တစ်ယောက်ဖြစ်လာဖို့ လိုအပ်တဲ့ မိသားစု ပံ့ပိုးမှုနဲ့တကွ အလားအလာတွေ ပိုင်ဆိုင်ထားတယ်လို့ ဟန်ဒိုက ပြောပါသေးတယ်။

ဟန်ဒါဆန်ကပဲ ” ဘယ်လင်ဟမ်ကို အရမ်းချီးကျူးပြီးတော့ ဖိအားပေးတာမျိုး ကျနော် မလုပ်ချင်ဘူး။ ဒါပေမယ့် သူက ထူးချွန်ပြီး ပါးနပ်မှုရှိတဲ့ ကစားသမားပါ။ သူ့နားမှာ ကောင်းမွန်တဲ့ အသင်းဖော်တွေနဲ့ မိသားစုဝင်တွေလည်း ရှိထားတယ်။ အဲ့တာက သူ့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါမယ်။ သူက အနာဂတ်မှာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ဆယ်ကျော်သက် ကစားသမားလေး ပိုပို ထူးချွန်လာပြီး ထိပ်တန်းအဆင့်ကို တိုးတက်လာစေဖို့နဲ့ ပတ်သက်လို့လည်း “ ဒါပေမယ့် သူ့ကို သူလုပ်နေတဲ့အတိုင်းလေးပဲ ဆက်လုပ်သွားစေချင်ပါတယ်။ နေ့တိုင်း လေ့ကျင့်ရေးမှာ အလုပ်ကြိုးစားပြီး ကိုယ့်ရည်မှန်းချက်ကို အာရုံစိုက်ထားဖို့ပေါ့။

သူ့ဘေးနားမှာ လူကောင်းတွေ ရှိပြီးသားပါ။ ကွင်းထဲက ခြေစွမ်းကို ထိန်းထားပြီး ဘောလုံးအပေါ်ပဲ အာရုံစိုက်ထားပါ။ အဲ့ဒီ့အတိုင်း ဆက်လုပ်ပြီး သူ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုရင် သူက ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာမှာပါ။ သူက ထိပ်တန်းအဆင့် ဖြစ်နေပြီးသားဆိုပေမယ့် နောက်နှစ်တွေကျရင် ပိုပိုပြီး အင်အားကြီးမားလာပါလိမ့်မယ် ” လို့ အကြံကောင်း ပေးခဲ့တာဖြစ်တယ်။

လာမယ့် နွေမှာတော့ လီဗာပူးအသင်းဟာ ဝါရင့် ကွင်းလယ်လူ ဂျိမ်းမီလ်နာကို လက်လွတ်ရမှာ ဖြစ်တဲ့အပြင် အသက် ၃၂ နှစ်နဲ့ ၃၁ နှစ် အရွယ်တွေ ရောက်လာမယ့် ဟန်ဒါဆန်၊ သီယာဂို နေရာတွေမှာ အင်အားဖြည့်မှုတွေ လုပ်ရဖို့ ရှိနေတာပါ။ မာဆေးဆိုဒ်သတင်းတွေမှာတော့ လီဗာပူးဟာ ဟန်ဒါဆန်နေရာ ကာလရှည် အစားထိုးဖို့ ဘယ်လင်ဟမ်ကို လျာထားတယ်လို့ ဖော်ပြထားကြတယ်။

ဘယ်လင်ဟမ်ကို လက်ရွေးစင်အသင်းမှာ တွဲခေါ်နေတဲ့ ဟန်ဒါဆန်ရဲ့ အပြုအမှုဟာ အနာဂတ်ကောင်းရှိတဲ့ လူငယ်တစ်ဦးကို လမ်းညွှန်မှုတွေ လုပ်ပေးနေခြင်းလို့ လီဗာပူးပရိသတ်တွေက မှတ်ချက်ပေးနေကြတယ်။ ပရိသတ်တွေကတော့ အေးဂျင့်ဟန်ဒိုရဲ့ လုပ်ဆောင်ချက်တွေကို နှစ်သက်ကြောင်းနဲ့ ဘယ်လင်ဟမ်ကို အန်ဖီးထံ အပါခေါ်လာနိုင်ဖို့ ဆက်လက် ကြိုးစားပေးဖို့ထိပါ တုန့်ပြန်နေကြတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က အဂၤလန္အသင္း ေနာက္ဆံုးကစားထားတဲ့ လက္ေရြးစင္ပြဲမွာ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့စဥ္ တြဲဘက္ ကြင္းလယ္လူအျဖစ္ ကစားခဲ့တဲ့ ဆယ္ေက်ာ္သက္ ကစားသမားေလး ဘယ္လင္ဟမ္ကို ထုတ္ေဖာ္ ခ်ီးက်ဴးမႈ လုပ္သြားခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူဟာ မႏွစ္ကေႏြမွာ ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႔ခဲ့ကာ ပံုမွန္ပြဲကစားခြင့္ကို ရယူလာႏုိင္ခဲ့တယ္။ ဘယ္လင္ဟမ္က ဥေရာပအဆင့္ျမင့္တန္း လိဂ္တစ္ခုမွာ အသက္ငယ္ငယ္နဲ႔ အေရးပါေနျပီး တူညီတဲ့ အရြယ္တုန္းက ဟန္ဒါဆန္ဟာ ဆန္းဒါးလန္းကေန ကိုဗင္ထရီ အသင္းထံ အငွားကစားေနခဲ့ရတာပါ။

“ ဘယ္လင္ဂမ္က ကြၽန္ေတာ္ အဲ့အ႐ြယ္တုန္းကထက္ အမ်ားႀကီး ပိုသာပါတယ္ ” လို႔ ဟန္ဒါဆန္က ဝန္ခံပါတယ္။

ဘယ္လင္ဟမ္ရဲ႕ အလားအလာေတြကို ေျပာဆိုဖို႔ရာ ဟန္ဒါဆန္က ေနာက္တြန္႔ မေနပါဘူး။ သူ႔ရဲ႕ စီနီယာေဟာင္း စတီဗင္ဂ်ရတ္ကို အားက်သူလို႔ ဝန္ခံထားတဲ့ ဘယ္လင္ဟမ္ဟာ ထိပ္တန္း တစ္ေယာက္ျဖစ္လာဖို႔ လိုအပ္တဲ့ မိသားစု ပံ့ပိုးမႈနဲ႔တကြ အလားအလာေတြ ပိုင္ဆိုင္ထားတယ္လို႔ ဟန္ဒိုက ေျပာပါေသးတယ္။

ဟန္ဒါဆန္ကပဲ ” ဘယ္လင္ဟမ္ကို အရမ္းခ်ီးက်ဴးၿပီးေတာ့ ဖိအားေပးတာမ်ိဳး က်ေနာ္ မလုပ္ခ်င္ဘူး။ ဒါေပမယ့္ သူက ထူးခၽြန္ျပီး ပါးနပ္မႈရွိတဲ့ ကစားသမားပါ။ သူ႔နားမွာ ေကာင္းမြန္တဲ့ အသင္းေဖာ္ေတြနဲ႔ မိသားစုဝင္ေတြလည္း ရွိထားတယ္။ အဲ့တာက သူ႔အတြက္ အေရးပါတဲ့ အစိတ္အပိုင္းေတြ ျဖစ္လာပါမယ္။ သူက အနာဂတ္မွာ ထိပ္တန္းကစားသမားတစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္”လို႔ ေျပာဆိုခဲ့တာပါ။

ဆယ္ေက်ာ္သက္ ကစားသမားေလး ပိုပို ထူးခၽြန္လာျပီး ထိပ္တန္းအဆင့္ကို တိုးတက္လာေစဖို႔နဲ႔ ပတ္သက္လို႔လည္း “ ဒါေပမယ့္ သူ႔ကို သူလုပ္ေနတဲ့အတိုင္းေလးပဲ ဆက္လုပ္သြားေစခ်င္ပါတယ္။ ေန႔တိုင္း ေလ့က်င့္ေရးမွာ အလုပ္ႀကိဳးစားၿပီး ကိုယ့္ရည္မွန္းခ်က္ကို အာ႐ုံစိုက္ထားဖို႔ေပါ့။

သူ႔ေဘးနားမွာ လူေကာင္းေတြ ရွိၿပီးသားပါ။ ကြင္းထဲက ေျခစြမ္းကို ထိန္းထားၿပီး ေဘာလုံးအေပၚပဲ အာ႐ုံစိုက္ထားပါ။ အဲ့ဒီ့အတိုင္း ဆက္လုပ္ၿပီး သူ ႀကံ့ခိုင္မႈ ျပည့္ဝေနမယ္ဆိုရင္ သူက ထိပ္တန္းကစားသမားတစ္ေယာက္ ျဖစ္လာမွာပါ။ သူက ထိပ္တန္းအဆင့္ ျဖစ္ေနၿပီးသားဆိုေပမယ့္ ေနာက္ႏွစ္ေတြက်ရင္ ပိုပိုၿပီး အင္အားႀကီးမားလာပါလိမ့္မယ္ ” လို႔ အၾကံေကာင္း ေပးခ့ဲတာျဖစ္တယ္။

လာမယ့္ ေႏြမွာေတာ့ လီဗာပူးအသင္းဟာ ဝါရင့္ ကြင္းလယ္လူ ဂ်ိမ္းမီလ္နာကို လက္လြတ္ရမွာ ျဖစ္တဲ့အျပင္ အသက္ ၃၂ ႏွစ္နဲ႔ ၃၁ ႏွစ္ အရြယ္ေတြ ေရာက္လာမယ့္ ဟန္ဒါဆန္၊ သီယာဂို ေနရာေတြမွာ အင္အားျဖည့္မႈေတြ လုပ္ရဖို႔ ရွိေနတာပါ။ မာေဆးဆိုဒ္သတင္းေတြမွာေတာ့ လီဗာပူးဟာ ဟန္ဒါဆန္ေနရာ ကာလရွည္ အစားထိုးဖို႔ ဘယ္လင္ဟမ္ကို လ်ာထားတယ္လို႔ ေဖာ္ျပထားၾကတယ္။

ဘယ္လင္ဟမ္ကို လက္ေရြးစင္အသင္းမွာ တြဲေခၚေနတဲ့ ဟန္ဒါဆန္ရဲ႕ အျပဳအမႈဟာ အနာဂတ္ေကာင္းရွိတဲ့ လူငယ္တစ္ဦးကို လမ္းညႊန္မႈေတြ လုပ္ေပးေနျခင္းလို႔ လီဗာပူးပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကတယ္။ ပရိသတ္ေတြကေတာ့ ေအးဂ်င့္ဟန္ဒိုရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ႏွစ္သက္ေၾကာင္းနဲ႔ ဘယ္လင္ဟမ္ကို အန္ဖီးထံ အပါေခၚလာႏုိင္ဖို႔ ဆက္လက္ ၾကိဳးစားေပးဖို႔ထိပါ တုန္႔ျပန္ေနၾကတာျဖစ္ပါတယ္။