အင်္ဂလန်အသင်းနဲ့ အန်ဒိုရာတို့ ယှဉ်ပြိုင်ကစားတဲ့ ကမ္ဘာဖလား ခြေစစ်ပွဲမှာ ထရန့်ဟာ ဟန်ဒါဆန်နဲ့ ဘယ်လင်ဂမ်တို့နဲ့အတူ ကွင်းလယ် သုံးယောက်တန်းမှာ တွဲကစားခဲ့ကြပါတယ်။

မန်နေဂျာဆောက်ဂိတ်က လေးယောက်တန်း ခံစစ်ကို အသုံးပြုပေမယ့် လီဗာပူး ညာအစွန်လူကို အစွန်လူအဖြစ် ပွဲမထုတ်ဘဲ ပိုပြီး ဗဟိုကျတဲ့ နေရာကို ရွှေ့ကစားနိုင်တဲ့ ကွင်းလယ်လူအဖြစ် ကစားစေခဲ့တာဖြစ်တယ်။ ဆောက်ဂိတ်ရဲ့ နေရာချမှုကို ဟန်ဒါဆန်က ကျေနပ်ပေမယ့် သူ့ရဲ့ လီဗာပူး အသင်းဖော်ကို ပိုပြီး အသားကျတဲ့ နေရာမှာသာ ကစားစေချင်ကြောင်း ထုတ်ပြောလာပါတယ်။

“ ထရန့်က ကွင်းလယ်လူအဖြစ် ကောင်းကောင်း ကစားခဲ့ပါတယ်။ အဲ့ဒီ့နေရာမှာ သူ ပထမဆုံး ကစားခဲ့ရတာဆိုတော့ တချိန်လုံး သင်ယူနေရတယ်။ ဒါက သူ့အတွက် အတွေ့အကြုံ သစ်ပါပဲ။ သူ တကယ်ကို ကောင်းကောင်းလုပ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကျွန်တော်တို့ လူအနည်းငယ် ပြောင်းလဲခဲ့ပေမယ့် သူ့အတွက် ဒါက သိပ်ကောင်းတဲ့ အတွေ့အကြုံပါပဲ။ ရှေ့တန်းကို လိုက်ပါရတာက သူ့အတွက် မခက်ခဲသလို ဒါက သူ့အတွက် ကောင်းတယ်လို့ နည်းပြက တွေးနေမှာပါ။

ဒါပေမယ့် ကလပ်မှာ သူက ညာအစွန်နေရာမှာ ကစားတာ သိပ်ကောင်းတာကြောင့် အနာဂတ်မှာ သူ နေရာပြောင် ကစားမယ်လို့ မထင်ဘူး။ ဒါပေမယ့် သူဘာလုပ်နိုင်တယ်ဆိုတာကို နည်းပြက ရှာဖွေစမ်းသပ်တာ ကောင်းပါတယ်။ ဘယ်နေရာမှာမဆို ကစားနိုင်တဲ့ အရည်အချင်းရှိဖို့လိုတယ်လေ။

ကျွန်တော့်အမြင်ကတော့ သူက ညာအစွန်ကနေ ဖြတ်တင်ပေးပို့မှုတွေ လုပ်ရင် အတော်လေး ထူးချွန်တာကြောင့် အဲ့နေရာမှာပဲ ဆက်ကစားစေချင်ပါတယ် ” လို့ ဟန်ဒါဆန်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ထရန့်ဟာ ကွင်းလယ်နေရာနဲ့ သိပ်တော့ မစိမ်းလှပါဘူး။ သူဟာ အကယ်ဒမီအသင်းမှာ ကစားစဉ်က ကွင်းလယ်လူနေရာက စတင်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ စီနီယာအသင်းကို တက်လှမ်းလိုရင် အစွန်နေရာက ကစားတာက ပိုပြီး အကျိုးဖြစ်မယ်လို့ နည်းပြတွေက ယုံကြည်ခြင်းကြောင့် အစွန်ဘက်ကို ရွေ့ကစားခဲ့တာဖြစ်တယ်။

ဖန်တီးမှုမှာ အမြင့်ကြွယ်ဝတဲ့ ထရန့်ကို ကွင်းလယ်ထံ တင်ကစားဖို့ အကြံပေးမှုတွေလည်း ရှိခဲ့ပြီး အင်္ဂလန်မန်နေဂျာ ဆောက်ဂိတ်က လက်တွေ့ ကစားစေခဲ့တာဖြစ်တယ်။ လီဗာပူးမှာတော့ မန်နေဂျာကလော့ပ်ဟာ ထရန့်ကို သူ့ရဲ့ အကောင်းဆုံးနေရာမှာပဲ ဆက်ကစားနေစေပြီး ကွင်းလယ်ကို ရွှေ့ပြောင်းကစားစေမယ့် သဘောတွေ ပြသလာခြင်းတော့ မရှိသေးတာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္အသင္းနဲ႔ အန္ဒိုရာတို႔ ယွဥ္ျပိဳင္ကစားတဲ့ ကမၻာဖလား ေျခစစ္ပြဲမွာ ထရန္႔ဟာ ဟန္ဒါဆန္နဲ႔ ဘယ္လင္ဂမ္တို႔နဲ႔အတူ ကြင္းလယ္ သံုးေယာက္တန္းမွာ တြဲကစားခဲ့ၾကပါတယ္။

မန္ေနဂ်ာေဆာက္ဂိတ္က ေလးေယာက္တန္း ခံစစ္ကို အသံုးျပဳေပမယ့္ လီဗာပူး ညာအစြန္လူကို အစြန္လူအျဖစ္ ပြဲမထုတ္ဘဲ ပိုၿပီး ဗဟိုက်တဲ့ ေနရာကို ေ႐ႊ႕ကစားႏိုင္တဲ့ ကြင္းလယ္လူအျဖစ္ ကစားေစခဲ့တာျဖစ္တယ္။ ေဆာက္ဂိတ္ရဲ႕ ေနရာခ်မႈကို ဟန္ဒါဆန္က ေက်နပ္ေပမယ့္ သူ႔ရဲ႕ လီဗာပူး အသင္းေဖာ္ကို ပိုၿပီး အသားက်တဲ့ ေနရာမွာသာ ကစားေစခ်င္ေၾကာင္း ထုတ္ေျပာလာပါတယ္။

“ ထရန္႔က ကြင္းလယ္လူအျဖစ္ ေကာင္းေကာင္း ကစားခဲ့ပါတယ္။ အဲ့ဒီ့ေနရာမွာ သူ ပထမဆုံး ကစားခဲ့ရတာဆိုေတာ့ တခ်ိန္လုံး သင္ယူေနရတယ္။ ဒါက သူ႔အတြက္ အေတြ႕အႀကဳံ သစ္ပါပဲ။ သူ တကယ္ကို ေကာင္းေကာင္းလုပ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ကြၽန္ေတာ္တို႔ လူအနည္းငယ္ ေျပာင္းလဲခဲ့ေပမယ့္ သူ႔အတြက္ ဒါက သိပ္ေကာင္းတဲ့ အေတြ႕အႀကဳံပါပဲ။ ေရွ႕တန္းကို လိုက္ပါရတာက သူ႔အတြက္ မခက္ခဲသလို ဒါက သူ႔အတြက္ ေကာင္းတယ္လို႔ နည္းျပက ေတြးေနမွာပါ။

ဒါေပမယ့္ ကလပ္မွာ သူက ညာအစြန္ေနရာမွာ ကစားတာ သိပ္ေကာင္းတာေၾကာင့္ အနာဂတ္မွာ သူ ေနရာေျပာင္ ကစားမယ္လို႔ မထင္ဘူး။ ဒါေပမယ့္ သူဘာလုပ္ႏိုင္တယ္ဆိုတာကို နည္းျပက ရွာေဖြစမ္းသပ္တာ ေကာင္းပါတယ္။ ဘယ္ေနရာမွာမဆို ကစားႏိုင္တဲ့ အရည္အခ်င္းရွိဖို႔လိုတယ္ေလ။

ကြၽန္ေတာ့္အျမင္ကေတာ့ သူက ညာအစြန္ကေန ျဖတ္တင္ေပးပို႔မႈေတြ လုပ္ရင္ အေတာ္ေလး ထူးခၽြန္တာေၾကာင့္ အဲ့ေနရာမွာပဲ ဆက္ကစားေစခ်င္ပါတယ္ ” လို႔ ဟန္ဒါဆန္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ထရန္႔ဟာ ကြင္းလယ္ေနရာနဲ႔ သိပ္ေတာ့ မစိမ္းလွပါဘူး။ သူဟာ အကယ္ဒမီအသင္းမွာ ကစားစဥ္က ကြင္းလယ္လူေနရာက စတင္ခဲ့တာျဖစ္ေပမယ့္ ေနာက္ပိုင္းမွာ စီနီယာအသင္းကို တက္လွမ္းလိုရင္ အစြန္ေနရာက ကစားတာက ပိုျပီး အက်ိဳးျဖစ္မယ္လို႔ နည္းျပေတြက ယံုၾကည္ျခင္းေၾကာင့္ အစြန္ဘက္ကို ေရြ႔ကစားခဲ့တာျဖစ္တယ္။

ဖန္တီးမႈမွာ အျမင့္ၾကြယ္ဝတဲ့ ထရန္႔ကို ကြင္းလယ္ထံ တင္ကစားဖို႔ အၾကံေပးမႈေတြလည္း ရွိခဲ့ျပီး အဂၤလန္မန္ေနဂ်ာ ေဆာက္ဂိတ္က လက္ေတြ႔ ကစားေစခဲ့တာျဖစ္တယ္။ လီဗာပူးမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ထရန္႔ကို သူ႔ရဲ႕ အေကာင္းဆံုးေနရာမွာပဲ ဆက္ကစားေနေစျပီး ကြင္းလယ္ကို ေရႊ႔ေျပာင္းကစားေစမယ့္ သေဘာေတြ ျပသလာျခင္းေတာ့ မရွိေသးတာျဖစ္ပါတယ္။