လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်မှာ အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ကို ဘရာဇီးအသင်းအတွက် လွတ်ပေးဖို့ ငြင်းဆန်ခဲ့ခြင်းကြောင့် လက်ရွေးစင်ဘက်က အရေးယူဖို့ တောင်းဆိုခြင်းကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်မှာ ဘရာဇီးသားတွေကို လွတ်ပေးရမယ်ဆိုရင် သူတို့ သုံးဦးဟာ အင်္ဂလန်ကို ပြန်လာခဲ့ရင် ကွာရန်တင်း ၁၀ ရက် ဝင်ကြရမှာဖြစ်တယ်။ ဒီအခြေအနေကြောင့်ပဲ လီဗာပူး အပါအဝင် ပရီးမီးယားလိဂ်ကလပ်တွေက ဗြိတိန်အစိုးရက တားမြစ်ထားတဲ့ နိုင်ငံတွေထဲ သက်ဆိုင်ရာ ကစားသမားတွေကို စေလွှတ်ခြင်း မလုပ်ဖို့ သဘောညီခဲ့ကြပါတယ်။

ဖာမင်နိုကတော့ ဒဏ်ရာကြောင့် ဘရာဇီးအသင်းထံ ပူးပေါင်းနိုင်မှာ မဟုတ်ပေမယ့် အယ်လီဆန်တို့ကတော့ နိုင်ငံအသင်းကို ကိုယ်စားပြုပေးလိုတယ်လို့ ထုတ်ပြောထားတယ်။ ဒါပေမယ့်လည်း ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် သူတို့ မာဆေးဆိုဒ်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။

အဆိုပါကိစ္စကို မကျေနပ်တဲ့ ဘရာဇီးအသင်းက လက်ရွေးစင်တာဝန်တွေကို လာရောက် ပူးပေါင်းခြင်း မရှိတဲ့ အယ်လီဆန်၊ ဖာဘင်ညို အပါအဝင် ပရီးမီးယားလိဂ် ကစားသမား ၅ ဦးကို နိုင်ငံတကာ သီတင်းပတ်အပြီး ၅ ရက်တိတိ ဘောလုံးကစားခွင့် မပေးတဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့ ဖီဖာကို တောင်းဆိုထားပါတယ်။

ဘရာဇီးအသင်းက တောင်းဆိုတဲ့အတိုင်း ဖီဖာဘက်က လုပ်ဆောင်ပေးမယ်ဆိုရင် လီဗာပူးကစားသမား နှစ်ဦးဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဖီဖာဘက်က အဆိုပါကိစ္စကို ဘယ်လို ဆုံးဖြတ်ချက် ချမှတ်သလဲဆိုတာအတွက် နောက်ဆက်တွဲ သတင်းတွေလည်း ထွက်မလာသေးတာဖြစ်ပါတယ်။

ဒီတစ်ကြိမ် နိုင်ငံတကာသီတင်းပတ်ဟာ ပြဿနာအချို့တွေ ရှိနေခဲ့ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားတို့ပွဲကလည်း ကိုဗစ်ဆိုင်ရာ စည်းကမ်းဖောက်မှုတွေဖြင့် ပျယ်ပြယ်ခဲ့ရတယ်။ ဒါ့အပြင် ကွင်းလယ်လူ ကိတ်တာကလည်း လက်ရွေးစင်တာဝန် သွားရောက် ထမ်းဆောင်စဉ် စစ်တပ်အာဏာသိမ်းမှုကို ရင်ဆိုင်ရခြင်းကြောင့် ဂူနီယာမှာပဲ ပိတ်မိနေဆဲဖြစ်ပါတယ်။

လီဗာပူးကတော့ အခြားသော ကလပ်တွေနှင့် ပူးပေါင်းပြီး ဂူနီယာကနေ ကိတ်တာ အပါအဝင် ဘောလုံးသမားအချို့ကို ခေါ်ထုတ်ဖို့ စီစဉ်ထားခဲ့ပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏုိင္ငံတကာသီတင္းပတ္မွာ အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ကို ဘရာဇီးအသင္းအတြက္ လြတ္ေပးဖို႔ ျငင္းဆန္ခဲ့ျခင္းေၾကာင့္ လက္ေရြးစင္ဘက္က အေရးယူဖို႔ ေတာင္းဆိုျခင္းကို ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္။

စက္တင္ဘာ ႏုိင္ငံတကာသီတင္းပတ္မွာ ဘရာဇီးသားေတြကို လြတ္ေပးရမယ္ဆိုရင္ သူတို႔ သံုးဦးဟာ အဂၤလန္ကို ျပန္လာခဲ့ရင္ ကြာရန္တင္း ၁၀ ရက္ ဝင္ၾကရမွာျဖစ္တယ္။ ဒီအေျခအေနေၾကာင့္ပဲ လီဗာပူး အပါအဝင္ ပရီးမီးယားလိဂ္ကလပ္ေတြက ျဗိတိန္အစိုးရက တားျမစ္ထားတဲ့ ႏုိင္ငံေတြထဲ သက္ဆိုင္ရာ ကစားသမားေတြကို ေစလႊတ္ျခင္း မလုပ္ဖို႔ သေဘာညီခဲ့ၾကပါတယ္။

ဖာမင္ႏိုကေတာ့ ဒဏ္ရာေၾကာင့္ ဘရာဇီးအသင္းထံ ပူးေပါင္းႏုိင္မွာ မဟုတ္ေပမယ့္ အယ္လီဆန္တို႔ကေတာ့ ႏုိင္ငံအသင္းကို ကိုယ္စားျပဳေပးလိုတယ္လို႔ ထုတ္ေျပာထားတယ္။ ဒါေပမယ့္လည္း ကိုဗစ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြေၾကာင့္ သူတို႔ မာေဆးဆိုဒ္မွာပဲ ဆက္ရွိေနခဲ့ပါတယ္။

အဆိုပါကိစၥကို မေက်နပ္တဲ့ ဘရာဇီးအသင္းက လက္ေရြးစင္တာဝန္ေတြကို လာေရာက္ ပူးေပါင္းျခင္း မရွိတဲ့ အယ္လီဆန္၊ ဖာဘင္ညိဳ အပါအဝင္ ပရီးမီးယားလိဂ္ ကစားသမား ၅ ဦးကို ႏုိင္ငံတကာ သီတင္းပတ္အျပီး ၅ ရက္တိတိ ေဘာလံုးကစားခြင့္ မေပးတဲ့ ျပစ္ဒဏ္ ခ်မွတ္ေပးဖို႔ ဖီဖာကို ေတာင္းဆိုထားပါတယ္။

ဘရာဇီးအသင္းက ေတာင္းဆိုတဲ့အတိုင္း ဖီဖာဘက္က လုပ္ေဆာင္ေပးမယ္ဆိုရင္ လီဗာပူးကစားသမား ႏွစ္ဦးဟာ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ဖီဖာဘက္က အဆိုပါကိစၥကို ဘယ္လို ဆံုးျဖတ္ခ်က္ ခ်မွတ္သလဲဆိုတာအတြက္ ေနာက္ဆက္တြဲ သတင္းေတြလည္း ထြက္မလာေသးတာျဖစ္ပါတယ္။

ဒီတစ္ၾကိမ္ ႏုိင္ငံတကာသီတင္းပတ္ဟာ ျပႆနာအခ်ိဳ႕ေတြ ရွိေနခဲ့ျပီး ဘရာဇီးနဲ႔ အာဂ်င္တီးနားတို႔ပြဲကလည္း ကိုဗစ္ဆိုင္ရာ စည္းကမ္းေဖာက္မႈေတြျဖင့္ ပ်ယ္ျပယ္ခဲ့ရတယ္။ ဒါ့အျပင္ ကြင္းလယ္လူ ကိတ္တာကလည္း လက္ေရြးစင္တာဝန္ သြားေရာက္ ထမ္းေဆာင္စဥ္ စစ္တပ္အာဏာသိမ္းမႈကို ရင္ဆိုင္ရျခင္းေၾကာင့္ ဂူနီယာမွာပဲ ပိတ္မိေနဆဲျဖစ္ပါတယ္။

လီဗာပူးကေတာ့ အျခားေသာ ကလပ္ေတြႏွင့္ ပူးေပါင္းျပီး ဂူနီယာကေန ကိတ္တာ အပါအဝင္ ေဘာလံုးသမားအခ်ိဳ႔ကို ေခၚထုတ္ဖို႔ စီစဥ္ထားခဲ့ျပီလို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။