ဂျိုတာဟာ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ပေါ်တူဂီက အဇာဘိုင်ဂျန်ကို ၃-၀ နှင့် အနိုင်ရတဲ့ပွဲမှာ ပွဲထွက် လူစာရင်းက ပါဝင်ခဲ့ပြီး ကိုယ်တိုင် ၁ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ဆီနီဂေါက ကွန်ဂိုကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ မာနေးက ပင်နယ်တီသွင်းဂိုး ရယူပေးနိုင်ခဲ့တယ်။

ရော်ဘတ်ဆန်က စကော်တလန်က သြစတြီးယားကို ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ်၊ နယ်သာလန်က တူရကီကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေပြီး သူ့ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဝန်းကျင် ကျသင့်မယ်လို့ သိရပါတယ်။

အယ်လီးယော့ဟာ ဒီအပတ် လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့်ပွဲမှာ ပါဝင်ကစားနိုင်ဖွယ် ရှိပြီး မီနာမီနိုကတော့ အေစီမီလန်နဲ့ပွဲမှ ပါဝင်နိုင်ဖွယ် ရှိပါတယ်။ ညာအစွန်လူ နီကိုးကတော့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ဖို့ မသေချာသေးပါဘူး။

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်လူ မီလ်နာဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ရွေးချယ်ခံဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိထားရတယ်။

သတင်းထောက် Fabrizio Romano က လီဗာပူးအသင်းဟာ ဒီနွေမှာ လက်စတာတိုက်စစ်သမား ဒါကာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့သလို ဇွန်လမှာတင် အိုရီဂီနဲ့ ရှာကွီရီကို ရောင်းထုတ်နိုင်ရင် သူ့ကကို ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရှိခဲ့တယ်လို့ ဖော်ပြလာပါတယ်။

ကွင်းလယ်လူ ကိတ်တာဟာ ဥရောပကို ပြန်လာဖို့ အဆင်သင့်ဖြစ်နေပြီး ဂူနီယာကနေ လေယာဉ်ဖြင့် ထွက်ခွာလာနိုင်ဖို့ လီဗာပူးဘက်က စီစဉ်မှုတွေ လုပ်ပေးနိုင်ခဲ့ပါပြီ။

ဒီကနေ့ နေ့ခင်းပိုင်းမှာတော့ လီဗာပူးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဝတ်ဆင်ကစားမယ့် တတိယဂျာစီကို ကြေညာပေးမှာဖြစ်ပါတယ်။

ZAWGYI

ဂ်ိဳတာဟာ ကမၻာဖလားေျခစစ္ပြဲအျဖစ္ ေပၚတူဂီက အဇာဘိုင္ဂ်န္ကို ၃-၀ ႏွင့္ အႏိုင္ရတဲ့ပြဲမွာ ပြဲထြက္ လူစာရင္းက ပါဝင္ခဲ့ျပီး ကိုယ္တုိင္ ၁ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။

ဆီနီေဂါက ကြန္ဂိုကို ၃-၁ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ မာေနးက ပင္နယ္တီသြင္းဂိုး ရယူေပးႏုိင္ခဲ့တယ္။

ေရာ္ဘတ္ဆန္က စေကာ္တလန္က ၾသစၾတီးယားကို ၁-၀ ျဖင့္ အႏိုင္ရတဲ့ပြဲစဥ္မွာ အသင္းေခါင္းေဆာင္အျဖစ္၊ နယ္သာလန္က တူရကီကို ၆-၁ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ ဗန္ဒိုက္က အသင္းေခါင္းေဆာင္အျဖစ္ ပါဝင္ခဲ့ၾကပါတယ္။

လီဗာပူးအသင္းဟာ ေဒါ့မြန္ကြင္းလယ္လူ ဘယ္လင္ဟမ္ကို စိတ္ဝင္စားေနျပီး သူ႔ကို ေခၚယူမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး ေပါင္ သန္း ၈၀ ဝန္းက်င္ က်သင့္မယ္လို႔ သိရပါတယ္။

အယ္လီးေယာ့ဟာ ဒီအပတ္ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲမွာ ပါဝင္ကစားႏုိင္ဖြယ္ ရွိျပီး မီနာမီႏိုကေတာ့ ေအစီမီလန္နဲ႔ပြဲမွ ပါဝင္ႏိုင္ဖြယ္ ရွိပါတယ္။ ညာအစြန္လူ နီကိုးကေတာ့ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ပါဝင္ဖို႔ မေသခ်ာေသးပါဘူး။

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္လူ မီလ္နာဟာ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ေရြးခ်ယ္ခံဖို႔ အဆင္သင့္ျဖစ္ေနျပီလို႔ သိထားရတယ္။

သတင္းေထာက္ Fabrizio Romano က လီဗာပူးအသင္းဟာ ဒီေႏြမွာ လက္စတာတိုက္စစ္သမား ဒါကာကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့သလို ဇြန္လမွာတင္ အိုရီဂီနဲ႔ ရွာကီြရီကို ေရာင္းထုတ္ႏုိင္ရင္ သူ႔ကကို ေခၚယူႏုိင္ဖို႔ အခြင့္အေရး ရွိခဲ့တယ္လို႔ ေဖာ္ျပလာပါတယ္။

ကြင္းလယ္လူ ကိတ္တာဟာ ဥေရာပကို ျပန္လာဖို႔ အဆင္သင့္ျဖစ္ေနျပီး ဂူနီယာကေန ေလယာဥ္ျဖင့္ ထြက္ခြာလာႏုိင္ဖို႔ လီဗာပူးဘက္က စီစဥ္မႈေတြ လုပ္ေပးႏုိင္ခဲ့ပါျပီ။

ဒီကေန႔ ေန႔ခင္းပိုင္းမွာေတာ့ လီဗာပူးအသင္းဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီမွာ ဝတ္ဆင္ကစားမယ့္ တတိယဂ်ာစီကို ေၾကညာေပးမွာျဖစ္ပါတယ္။