နယ်သာလန်က တူရကီကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး ဗန်ဒိုက်ဟာ အသေးစား ဒဏ်ရာရခဲ့ပေမယ့် အခြေအနေ ကောင်းပါတယ်လို့ ပွဲအပြီး ထုတ်ပြောလာပါတယ်။

ဗန်ဒိုက်နဲ့ တူရကီ တိုက်စစ်သမားတို့ ထိတွေ့မှုဖြစ်ရာက အသက် ၃၀ အရွယ် ဗဟိုခံစစ်မှူးရဲ့ ညာဘက် ခြေကျင်းဝတ်မှာ ထိခိုက်မှု ဖြစ်ပွှားခဲ့တာပါ။ မနှစ်ကရာသီ ဒူးဒဏ်ရာကြောင့် ကာလရှည် ဒဏ်ရာရခဲ့တဲ့ ဗန်ဒိုက်ရဲ့ လက်ရွေးစင်အသင်းနဲ့ ဖြစ်ရပ်ဟာ လီဗာပူးပရိသတ်တွေကို ရင်ထိတ်ရမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့်လို့ ဗန်ဒိုက်ကတော့ အဆင်ပြေကြောင်း ပွဲအပြီးမှာ ထုတ်ပြောခဲ့လို့ လိဒ်ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်မယ် မျှော်လင့်ရတာဖြစ်ပါတယ်။

” ကျနော် အဆင်ပြေပါတယ်၊ ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ ဒဏ်ရာမဖြစ်ခဲ့ပါဘူး။ ” လို့ ဗန်ဒိုက်က ပြောပါတယ်။ သူကပဲ ” ကျနော်က လူကောင်ကြီးတာကြောင့် တကယ် ဒဏ်ရာမရဘဲ ဟန်ဆောင်ခဲ့တာလို့ သူတို့ ထင်ကြမှာပေါ့။ ဘာလို့လည်းဆိုတော့ ကျနော်က ခပ်ဖြေးဖြေး လဲကျသလို ဖြစ်ခဲ့တာကို ” လို့ ဆက်ပြီး ပြောဆိုခဲ့တယ်။

နယ်သာလန်အသင်းဟာ ၆-၀ ဖြင့် အနိုင်ရနေစဉ် ပွဲချိန် မိနစ် ၉၀ မှာ အဆိုပါဖြစ်ရပ် ဖြစ်ပွှားခဲ့တာပါ။ ဂိုးသမားက ဗန်ဒိုက်ကို ဘောလုံးပေးပေမယ့် ပေးချက် နှေးခဲ့တာကြောင့် ဘောလုံးကို တူရကီဘက်က ဖြတ်ယူဖို့ ကြိုးစားစဉ် ဗန်ဒိုက်ကို စလိုက်ထိုးပြီး ဝင်ခဲ့ခြင်းဖြစ်တယ်။

ဗန်ဒိုက်က လဲကျသွားချိန်မှာ တူရကီဘက်က ဘောလုံးရရှိသွားပြီး ခြေပဂိုး သွင်းယူနိုင်ခြင်းကြောင့် နယ်သာလန်တို့ clean sheet မရတော့ဘဲ ၆-၁ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဗန်ဒိုက်က ဆေးအကူကိုပါ ကွင်းထဲ ဝင်လာဖို့ လက်ပြခဲ့ပြီး နောက်ပိုင်းမှာတော့ အခြေအနေ ကောင်းမွန်ခဲ့တယ်လို့ ထုတ်ပြောလာခြင်း ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္က တူရကီကို ၆-၁ ျဖင့္ အႏုိုင္ရတဲ့ပြဲမွာ ခံစစ္မွဴး ဗန္ဒိုက္ဟာ အေသးစား ဒဏ္ရာရခဲ့ေပမယ့္ အေျခအေန ေကာင္းပါတယ္လို႔ ပြဲအျပီး ထုတ္ေျပာလာပါတယ္။

ဗန္ဒိုက္နဲ႔ တူရကီ တိုက္စစ္သမားတို႔ ထိေတြ႔မႈျဖစ္ရာက အသက္ ၃၀ အရြယ္ ဗဟိုခံစစ္မွဴးရဲ႕ ညာဘက္ ေျခက်င္းဝတ္မွာ ထိခိုက္မႈ ျဖစ္ပႊားခဲ့တာပါ။ မႏွစ္ကရာသီ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ ဒဏ္ရာရခဲ့တဲ့ ဗန္ဒိုက္ရဲ႕ လက္ေရြးစင္အသင္းနဲ႔ ျဖစ္ရပ္ဟာ လီဗာပူးပရိသတ္ေတြကို ရင္ထိတ္ရမႈေတြ ျဖစ္ေစခဲ့ပါတယ္။

ဒါေပမယ့္လို႔ ဗန္ဒိုက္ကေတာ့ အဆင္ေျပေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာခဲ့လို႔ လိဒ္ယူႏုိက္တက္နဲ႔ ယွဥ္ျပိဳင္ရမယ့္ ပရီးမီးယားလိဂ္ပြဲမွာ ပါဝင္ႏုိင္မယ္ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။

” က်ေနာ္ အဆင္ေျပပါတယ္၊ ကံေကာင္းတယ္ပဲ ေျပာရမွာေပါ့။ ဒဏ္ရာမျဖစ္ခဲ့ပါဘူး။ ” လို႔ ဗန္ဒိုက္က ေျပာပါတယ္။ သူကပဲ ” က်ေနာ္က လူေကာင္ၾကီးတာေၾကာင့္ တကယ္ ဒဏ္ရာမရဘဲ ဟန္ေဆာင္ခဲ့တာလို႔ သူတို႔ ထင္ၾကမွာေပါ့။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္က ခပ္ေျဖးေျဖး လဲက်သလို ျဖစ္ခဲ့တာကို ” လို႔ ဆက္ျပီး ေျပာဆိုခဲ့တယ္။

နယ္သာလန္အသင္းဟာ ၆-၀ ျဖင့္ အႏုိင္ရေနစဥ္ ပြဲခ်ိန္ မိနစ္ ၉၀ မွာ အဆိုပါျဖစ္ရပ္ ျဖစ္ပႊားခဲ့တာပါ။ ဂိုးသမားက ဗန္ဒိုက္ကို ေဘာလံုးေပးေပမယ့္ ေပးခ်က္ ေႏွးခဲ့တာေၾကာင့္ ေဘာလံုးကို တူရကီဘက္က ျဖတ္ယူဖို႔ ၾကိဳးစားစဥ္ ဗန္ဒိုက္ကို စလိုက္ထိုးျပီး ဝင္ခဲ့ျခင္းျဖစ္တယ္။

ဗန္ဒိုက္က လဲက်သြားခ်ိန္မွာ တူရကီဘက္က ေဘာလံုးရရွိသြားျပီး ေျခပဂိုး သြင္းယူႏုိင္ျခင္းေၾကာင့္ နယ္သာလန္တို႔ clean sheet မရေတာ့ဘဲ ၆-၁ ရလဒ္ ထြက္ေပၚခဲ့ပါတယ္။ ဗန္ဒိုက္က ေဆးအကူကိုပါ ကြင္းထဲ ဝင္လာဖို႔ လက္ျပခဲ့ျပီး ေနာက္ပိုင္းမွာေတာ့ အေျခအေန ေကာင္းမြန္ခဲ့တယ္လို႔ ထုတ္ေျပာလာျခင္း ျဖစ္ပါတယ္။