စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်ဟာ လီဗာပူးအတွက် ပြဿနာအသစ်တွေ သယ်ဆောင်ပေးလာခဲ့ပြီး အဓိက အားဖြင့် ဒဏ်ရာကြောင့် မဟုတ်တဲ့ ကိစ္စတွေလည်း ပါဝင်လာခဲ့ပါတယ်။

ဂူနီယာကွင်းလယ်လူ ကိတ်တာဟာ လက်ရွေးစင်တာဝန်အတွက် သူ့နိုင်ငံကို ပြန်သွားချိန် ပြည်တွင်းမှာ စစ်တပ် အာဏာသိမ်းခြင်းကို ရင်ဆိုင်ခဲ့ရပြီး အတော်လေး ကမောက်ကမနိုင်တဲ့ အခြေအနေကို ကြုံတွေ့ခဲ့တာပါ။ သတင်းကောင်းကတော့ သူ အပါအဝင် ကစားသမားအချို့နဲ့ ဝန်ထမ်းအချို့ကို ဂူနီယာက ကယ်ထုတ်ဖို့ လီဗာပူး အပါအဝင် ဥရောပကလပ်တွေရဲ့ ကြိုးစားမှု အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

ကိတ်တာဟာ ဥရောပကို ပြန်လာရမယ့် လမ်းခရီးမှာ ရှိနေတယ် သိထားရပြီး အခုချိန်ထိတော့ မာဆေးဆိုဒ်ကို ပြန်ရောက်လာပြီးလို့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ သူရင်ဆိုင်ခဲ့ရတဲ့ အခြေအနေတွေအရ ဂူနီယာသားဟာ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပွဲကစားပေးဖို့ရာ စိတ်ခံစားချက် အဆင်ပြေနေမှာ မဟုတ်ဘူးလို့လည်း ယူဆထားရပါတယ်။

ထိုနည်းတူပဲ လီဗာပူးအသင်းဟာ ဘရာဇီးလက်ရွေးစင်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညိုနဲ့ ဖာမင်နိုတို့ကို ကိုဗစ်ဆိုင်ရာ ကန့်သတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဘရာဇီးထံ ပြန်ပို့ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဘရာဇီးဘက်က ဖီဖာကို လက်ရွေးစင်တာဝန် လာရောက် မထမ်းဆောင်တဲ့ ကစားသမားတွေအား ၅ ရက် ပွဲပယ်ပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုထားတယ်။

ဖီဖာဘက်က အခုချိန်ထိ ပွဲပယ်ကိစ္စကို အတည်ပြုပေးလာခြင်း မရှိသေးပါဘူး။ သို့ပေမယ့် တူညီတဲ့ တောင်းဆိုမှုမျိုးကို တောင်အမေရိက လက်ရွေးစင်အသင်းအချို့က ပြုလုပ်ခဲ့ရာမှာ ဖီဖာဘက်က လိုက်လျောခဲ့တယ်လို့ အသံထွက်နေပါတယ်။ ဒါကြောင့် လိဒ်နဲ့ပွဲမှာ အယ်လီဆန်အပြင် ဖာဘင်ညိုလည်း ပါဝင်ဖို့ မသေချာပါဘူး။

လူငယ်ကွင်းလယ်လူ အယ်လီးယော့ကတော့ အင်္ဂလန် ယူ-၂၁ အသင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်လာခဲ့ပေမယ့် အဆိုပါကိစ္စဟာ ကြိုတင်ပြင်ဆင်မှုပဲဖြစ်ပြီး ပြင်းထန်တဲ့ ဒဏ်ရာ အခြေအနေတော့ မဟုတ်ပါဘူး။ သို့ပေမယ့် ကြားရက်မှာ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ ရှိသေးတာကြောင့် သူ့ကို လိဒ်ယူနိုက်တက်ပွဲမှာ ထည့်သုံးဖို့ မသေချာပါဘူး။

မန်နေဂျာကလော့ပ်ဟာ လိဒ်နဲ့ပွဲအတွက် ဟန်ဒါဆန်၊ သီယာဂို၊ ချိန်ဘာလိန်၊ မီလ်နာနဲ့ ဂျုံးတို့ကို ရွေးချယ်စရာတွေ ရှိနေဦးမှာဖြစ်တယ်။ ဒီတစ်ကြိမ်မှာတော့ လူငယ် ကွင်းလယ်လူ ကာတစ်ဂျုံး နေရာရလာမယ်လို့ မှန်းဆမှုတွေ ရှိနေပါတယ်။

ကာတစ်ဂျုံးဟာ နှစ်သစ်ကူးရင် အသက် ၂၁ နှစ်ကို ရောက်တော့မှာပါ။ သူဟာ လီဗာပူးစီနီယာကစားသမားဘဝ နှစ်ရာသီအတွင်း ပွဲပေါင်း ၄၇ ပွဲ ကစားထားကာ ကိုယ်တိုင် ၇ ဂိုး သွင်းယူထားပါတယ်။ တိုက်စစ်အားသန်ပြီး ပေါက်ကွဲအားကောင်းကောင်း ကစားနိုင်ခြင်းက ဂျုံးရဲ့ အမှတ်လက္ခဏာဖြစ်တယ်။

အယ်လီးယော့ကို ကွင်းလယ်မှာ နေရာပေးနေပေမယ့် ကားတစ်ဂျုံးဟာ ကွင်းလယ်လူ စစ်စစ်ဖြစ်ပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်တယ်။ ဟန်ဒါဆန်၊ သီယာဂို၊ ကာတစ်ဂျုံး ကွင်းလယ်အတွဲဟာ သမ္ဘာနဲ့ ကစားအားရှိမှုတွေဖြင့် ပေါင်းစပ်ထားတဲ့ ကွင်းလယ် သုံးယောက်တန်းအဖြစ် ဆာလာ၊ မာနေး၊ ဂျိုတာတို့ကို ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

ZAWGYI

စက္တင္ဘာ ႏုိင္ငံတကာသီတင္းပတ္ဟာ လီဗာပူးအတြက္ ျပႆနာအသစ္ေတြ သယ္ေဆာင္ေပးလာခဲ့ျပီး အဓိက အားျဖင့္ ဒဏ္ရာေၾကာင့္ မဟုတ္တဲ့ ကိစၥေတြလည္း ပါဝင္လာခဲ့ပါတယ္။

ဂူနီယာကြင္းလယ္လူ ကိတ္တာဟာ လက္ေရြးစင္တာဝန္အတြက္ သူ႔ႏုိင္ငံကို ျပန္သြားခ်ိန္ ျပည္တြင္းမွာ စစ္တပ္ အာဏာသိမ္းျခင္းကို ရင္ဆိုင္ခဲ့ရျပီး အေတာ္ေလး ကေမာက္ကမႏုိင္တဲ့ အေျခအေနကို ၾကံဳေတြ႔ခဲ့တာပါ။ သတင္းေကာင္းကေတာ့ သူ အပါအဝင္ ကစားသမားအခ်ိဳ႔နဲ႔ ဝန္ထမ္းအခ်ိဳ႔ကို ဂူနီယာက ကယ္ထုတ္ဖို႔ လီဗာပူး အပါအဝင္ ဥေရာပကလပ္ေတြရဲ႕ ၾကိဳးစားမႈ ေအာင္ျမင္ခဲ့တယ္လို႔ သိရပါတယ္။

ကိတ္တာဟာ ဥေရာပကို ျပန္လာရမယ့္ လမ္းခရီးမွာ ရွိေနတယ္ သိထားရျပီး အခုခ်ိန္ထိေတာ့ မာေဆးဆိုဒ္ကို ျပန္ေရာက္လာျပီးလို႔ အတည္ျပဳႏုိင္ျခင္း မရွိေသးပါဘူး။ သူရင္ဆိုင္ခဲ့ရတဲ့ အေျခအေနေတြအရ ဂူနီယာသားဟာ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ပြဲကစားေပးဖို႔ရာ စိတ္ခံစားခ်က္ အဆင္ေျပေနမွာ မဟုတ္ဘူးလို႔လည္း ယူဆထားရပါတယ္။

ထိုနည္းတူပဲ လီဗာပူးအသင္းဟာ ဘရာဇီးလက္ေရြးစင္ေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳနဲ႔ ဖာမင္ႏိုတို႔ကို ကိုဗစ္ဆိုင္ရာ ကန္႔သတ္ႏုိင္ငံတစ္ခုျဖစ္တဲ့ ဘရာဇီးထံ ျပန္ပို႔ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ဘရာဇီးဘက္က ဖီဖာကို လက္ေရြးစင္တာဝန္ လာေရာက္ မထမ္းေဆာင္တဲ့ ကစားသမားေတြအား ၅ ရက္ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ေပးဖို႔ ေတာင္းဆိုထားတယ္။

ဖီဖာဘက္က အခုခ်ိန္ထိ ပြဲပယ္ကိစၥကို အတည္ျပဳေပးလာျခင္း မရွိေသးပါဘူး။ သို႔ေပမယ့္ တူညီတဲ့ ေတာင္းဆိုမႈမ်ိဳးကို ေတာင္အေမရိက လက္ေရြးစင္အသင္းအခ်ိဳ႔က ျပဳလုပ္ခဲ့ရာမွာ ဖီဖာဘက္က လိုက္ေလ်ာခဲ့တယ္လို႔ အသံထြက္ေနပါတယ္။ ဒါေၾကာင့္ လိဒ္နဲ႔ပြဲမွာ အယ္လီဆန္အျပင္ ဖာဘင္ညိဳလည္း ပါဝင္ဖို႔ မေသခ်ာပါဘူး။

လူငယ္ကြင္းလယ္လူ အယ္လီးေယာ့ကေတာ့ အဂၤလန္ ယူ-၂၁ အသင္းကေန ဒဏ္ရာေၾကာင့္ ႏုတ္ထြက္လာခဲ့ေပမယ့္ အဆိုပါကိစၥဟာ ၾကိဳတင္ျပင္ဆင္မႈပဲျဖစ္ျပီး ျပင္းထန္တဲ့ ဒဏ္ရာ အေျခအေနေတာ့ မဟုတ္ပါဘူး။ သို႔ေပမယ့္ ၾကားရက္မွာ ေအစီမီလန္နဲ႔ ခ်န္ပီယံလိဂ္ပြဲ ရွိေသးတာေၾကာင့္ သူ႔ကို လိဒ္ယူႏုိက္တက္ပြဲမွာ ထည့္သံုးဖို႔ မေသခ်ာပါဘူး။

မန္ေနဂ်ာကေလာ့ပ္ဟာ လိဒ္နဲ႔ပြဲအတြက္ ဟန္ဒါဆန္၊ သီယာဂို၊ ခ်ိန္ဘာလိန္၊ မီလ္နာနဲ႔ ဂ်ံဳးတို႔ကို ေရြးခ်ယ္စရာေတြ ရွိေနဦးမွာျဖစ္တယ္။ ဒီတစ္ၾကိမ္မွာေတာ့ လူငယ္ ကြင္းလယ္လူ ကာတစ္ဂ်ံဳး ေနရာရလာမယ္လို႔ မွန္းဆမႈေတြ ရွိေနပါတယ္။

ကာတစ္ဂ်ံဳးဟာ ႏွစ္သစ္ကူးရင္ အသက္ ၂၁ ႏွစ္ကို ေရာက္ေတာ့မွာပါ။ သူဟာ လီဗာပူးစီနီယာကစားသမားဘဝ ႏွစ္ရာသီအတြင္း ပြဲေပါင္း ၄၇ ပြဲ ကစားထားကာ ကိုယ္တိုင္ ၇ ဂိုး သြင္းယူထားပါတယ္။ တိုက္စစ္အားသန္ျပီး ေပါက္ကြဲအားေကာင္းေကာင္း ကစားႏုိင္ျခင္းက ဂ်ံဳးရဲ႕ အမွတ္လကၡဏာျဖစ္တယ္။

အယ္လီးေယာ့ကို ကြင္းလယ္မွာ ေနရာေပးေနေပမယ့္ ကားတစ္ဂ်ံဳးဟာ ကြင္းလယ္လူ စစ္စစ္ျဖစ္ျပီး အလားအလာေကာင္းေတြ ပိုင္ဆိုင္ထားသူျဖစ္တယ္။ ဟန္ဒါဆန္၊ သီယာဂို၊ ကာတစ္ဂ်ံဳး ကြင္းလယ္အတြဲဟာ သမၻာနဲ႔ ကစားအားရွိမႈေတြျဖင့္ ေပါင္းစပ္ထားတဲ့ ကြင္းလယ္ သံုးေယာက္တန္းအျဖစ္ ဆာလာ၊ မာေနး၊ ဂ်ိဳတာတို႔ကို ေထာက္ပံ့ေပးႏုိင္မွာ ျဖစ္ပါတယ္။