လီဗာပူးအသင်းဟာ အင်္ဂလန်ရဲ့ အထွန်းတောက်ဆုံး လူငယ်တစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေခ့ပါတယ်။

၂၀၂၀ မှာ ဘာမင်ဂမ်ကနေ ဒေါ့မွန်အသင်းထံ ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ ဘယ်လင်ဟမ်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးသူဖြစ်ပေမယ့် အင်္ဂလန်ရဲ့ ဦးစားပေး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာခဲ့တယ်။ မနှစ်ကရာသီ ဂျာမနီမှာ ၄၆ ပွဲ ကစားခဲ့သလို ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တဲ့ အင်္ဂလန်သားကို လီဗာပူးက ကွင်းလယ် အားဖြည့်မှုအတွက် စိတ်ဝင်စားနေခဲ့ပါတယ်။

ဗြိတိန်သတင်းတွေမှာ လီဗာပူးက လာမယ့် နွေဈေးကွက်မှာ ဘယ်လင်ဟမ်ကို ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တယ်။ အခြေအနေတွေက အဲ့လို ရိုးရှားမှာ မဟုတ်ပေမယ့်လို့ လီဗာပူးက ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်ပါတယ်။

The Times သတင်းထောက် Paul Joyce က အဆိုပါသတင်းကို အတည်ပြုပေးခဲ့တယ်။ ဒါပေမယ့်လို့ ဘယ်လင်ဟမ်ရဲ့ အခြေအနေဟာ တိုက်စစ်မှူး ဟာလန်းရဲ့ အနာဂတ်နဲ့ ဆက်နွယ်နေမှာဖြစ်ပြီး နော်ဝေသားကို ရောင်းထုတ်ရမယ်ဆိုရင် ဘယ်လင်ဟမ်ကို အသင်းပြောင်းခွင့် ပေးမှာ မဟုတ်ပါဘူး။

ကွင်းလယ်လူအတွက် အင်္ဂလန်ဘက်က အလေးအနက် စိတ်ဝင်စားနေခြင်းတွေ ရှိထားတယ်လို့လည်း သူက ဆိုခဲ့တယ်။ လီဗာပူးအပြင် မန်စီးတီး၊ ချယ်ဆီးတို့ကလည်း ဘယ်လင်ဟမ်ကို ခေါ်ယူခွင့်ရလာချိန်မှာ ဝင်ရောက် ကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့် ရှိနေပါတယ်။

ဘယ်လင်ဟမ်ကိုယ်တိုင်ကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာဖလားမှာ အင်္ဂလန်အတွက် ကစားခွင့်ရဖို့ ဒေါ့မွန်မှာ ပွဲကစားခွင့်တွေကို ဆက်လက် ဆုပ်ကိုင်ထားဦးမှာဖြစ်တယ်။ သူမျှော်လင့်သလို လုပ်နိုင်ခဲ့ရင်တော့ အင်္ဂလန်ကို ပြန်လာချိန်မှာ ဘယ်လင်ဟမ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ လုပ်ခပိုင်းက မြင့်မားပါလိမ့်မယ်။

ဘယ်လင်ဟမ်ဟာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံရေး ရှိထားခဲ့သလို သူ့ကို ခေါ်ယူလိုတယ်ဆိုရင် လီဗာပူးဘက်က ကလပ်စံချိန်တင်ကြေး သုံးစွဲရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အဂၤလန္ရဲ႕ အထြန္းေတာက္ဆံုး လူငယ္တစ္ဦးျဖစ္တဲ့ ဘယ္လင္ဟမ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာေနခ့ပါတယ္။

၂၀၂၀ မွာ ဘာမင္ဂမ္ကေန ေဒါ့မြန္အသင္းထံ ေပါင္ ၂၅ သန္းျဖင့္ ေျပာင္းေရႊ႔ခဲ့တဲ့ ဘယ္လင္ဟမ္ဟာ အသက္ ၁၈ ႏွစ္ပဲ ရွိေသးသူျဖစ္ေပမယ့္ အဂၤလန္ရဲ႕ ဦးစားေပး ကစားသမားေတြထဲက တစ္ဦး ျဖစ္လာခဲ့တယ္။ မႏွစ္ကရာသီ ဂ်ာမနီမွာ ၄၆ ပြဲ ကစားခဲ့သလို ကိုယ္တိုင္ ၄ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ ျပဳလုပ္ထားႏုိင္ခဲ့တဲ့ အဂၤလန္သားကို လီဗာပူးက ကြင္းလယ္ အားျဖည့္မႈအတြက္ စိတ္ဝင္စားေနခဲ့ပါတယ္။

ျဗိတိန္သတင္းေတြမွာ လီဗာပူးက လာမယ့္ ေႏြေစ်းကြက္မွာ ဘယ္လင္ဟမ္ကို ေပါင္ သန္း ၈၀ ျဖင့္ ကမ္းလွမ္းမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚေနခဲ့တယ္။ အေျခအေနေတြက အဲ့လို ရိုးရွားမွာ မဟုတ္ေပမယ့္လို႔ လီဗာပူးက ဘယ္လင္ဟမ္ကို စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြက မွန္ကန္ပါတယ္။

The Times သတင္းေထာက္ Paul Joyce က အဆိုပါသတင္းကို အတည္ျပဳေပးခဲ့တယ္။ ဒါေပမယ့္လို႔ ဘယ္လင္ဟမ္ရဲ႕ အေျခအေနဟာ တိုက္စစ္မွဴး ဟာလန္းရဲ႕ အနာဂတ္နဲ႔ ဆက္ႏြယ္ေနမွာျဖစ္ျပီး ေနာ္ေဝသားကို ေရာင္းထုတ္ရမယ္ဆိုရင္ ဘယ္လင္ဟမ္ကို အသင္းေျပာင္းခြင့္ ေပးမွာ မဟုတ္ပါဘူး။

ကြင္းလယ္လူအတြက္ အဂၤလန္ဘက္က အေလးအနက္ စိတ္ဝင္စားေနျခင္းေတြ ရွိထားတယ္လို႔လည္း သူက ဆိုခ့ဲတယ္။ လီဗာပူးအျပင္ မန္စီးတီး၊ ခ်ယ္ဆီးတို႔ကလည္း ဘယ္လင္ဟမ္ကို ေခၚယူခြင့္ရလာခ်ိန္မွာ ဝင္ေရာက္ ကမ္းလွမ္းမႈလုပ္ဖို႔ အဆင္သင့္ ရွိေနပါတယ္။

ဘယ္လင္ဟမ္ကိုယ္တိုင္ကေတာ့ ၂၀၂၂ ခုႏွစ္ ကမၻာဖလားမွာ အဂၤလန္အတြက္ ကစားခြင့္ရဖို႔ ေဒါ့မြန္မွာ ပြဲကစားခြင့္ေတြကို ဆက္လက္ ဆုပ္ကိုင္ထားဦးမွာျဖစ္တယ္။ သူေမွ်ာ္လင့္သလို လုပ္ႏုိင္ခဲ့ရင္ေတာ့ အဂၤလန္ကို ျပန္လာခ်ိန္မွာ ဘယ္လင္ဟမ္ရဲ႕ ေျပာင္းေရႊ႔ေၾကးနဲ႔ လုပ္ခပိုင္းက ျမင့္မားပါလိမ့္မယ္။

ဘယ္လင္ဟမ္ဟာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ အေတာ္ေလး ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိထားခဲ့သလို သူ႔ကို ေခၚယူလိုတယ္ဆိုရင္ လီဗာပူးဘက္က ကလပ္စံခ်ိန္တင္ေၾကး သံုးစြဲရဖို႔ ရွိေနတာျဖစ္ပါတယ္။