ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူးကို ပေါင် ၃၆ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ခံစစ်မှူး ကိုနာတေးက အသင်းဖော် ဗန်ဒိုက်ထံက သင်ယူမှုတွေ လုပ်နိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဒီရာသီမှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုးမက်စ်တို့ ဒဏ်ရာက ပြန်သက်သာနေခြင်းအပြင် နက်ဖီးလစ်ကိုလည်း ကာလရှည် သက်တမ်းတိုးထားခြင်းကြောင့် လီဗာပူးရဲ့ ဗဟိုခံစစ်အတွဲနေရာအတွက် နေရာပြိုင်ဆိုင်မှုက ပြင်းထန်လာနေပါတယ်။

ကိုနတေးက “ ဗန်ဒိုက်က မယုံနိုင်လောက်စရာ ကစားသမားပါ။ သူနဲ့အတူ တွဲဘက်ကစားပြီး သူ့ထံက သင်ယူရမှာပါ။ သူဟာ ဗဟိုခံစစ်မှူးနေရာမှာတော့ ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ် ” လို့ ဖွင့်ဟခဲ့ပါတယ်။

ပြင်သစ်သားဟာ ဘွန်ဒက်လီဂါထံ အသက် ၁၈ နှစ်မှာတင် ပြောင်းရွှေ့ခဲ့သူဖြစ်ကာ ၄ နှစ်အတွင်း လိုက်ဇစ်အတွက် ၉၅ ပွဲထိ ကစားပေးထားနိုင်တာပါ။ ဒီနွေမှာ လီဗာပူးအသင်းထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခံရခြင်းက သူ့ကို အံ့သြသင့်စေခဲ့ပါသေးတယ်။

ကိုနာတေးက “ ကျနော်ရဲ့ အကိုက လီဗာပူးက စိတ်ဝင်စားနေတဲ့အကြောင်း လာပြောတုန်းက မယုံနိုင်ခဲ့ပါဘူး။ ဒါပေမယ့်လို့ ကလော့ပ်နဲ့ စကားပြောခွင့်ရခဲ့ပြီး သူတို့က တကယ်ကို ခေါ်ယူလိုနေတာကို သိလိုက်ရတာက ကျနော်အတွက် အံ့သြသင့်စရာ ဖြစ်ခဲ့ပါတယ် ” လို့ ဖွင့်ဟခဲ့တယ်။

ကိုနတေးဟာ အခုချိန်ထိ လီဗာပူးအသင်းနဲ့ ပွဲထွက် ကစားရခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ပွဲကြပ်ကာလတွေ ရောက်လာတော့မှာဖြစ်လို့ မကြာခင်မှာ သူ့ရဲ့ ပွဲကစားခွင့်တွေ မြင်လာရမှာဖြစ်တယ်။ ကိုနတေးနဲ့ ပထမဆုံး တွဲဘက်ပေးမယ့် ခံစစ်သမားက ဘယ်သူဖြစ်မလဲဆိုတာက စိတ်လှုပ်ရှားစရာ ကိစ္စဖြစ်လာပါလိမ့်မယ်။

နိုင်ငံတကာ သီတင်းပတ်အပြီးမှာ လီဗာပူးဟာ ပွဲဆက်များမှုတွေကို စတင် ရင်ဆိုင်ရတော့မှာဖြစ်ကာ အဓိက ခံစစ်သမား ၄ ယောက်ကို အလှည့်ကျ ထုတ်သုံးဖို့ စဉ်းစားနေကြောင်း ကလော့ပ်က ထုတ်ပြောထားပါသေးတယ်။

“ ဗာဂျယ်အကြောင်း ပြောရတာကို ကြိုက်ပါတယ်။ ဒါပေမယ့် မနှစ်ကရာသီ သူ ဘောလုံးမကစားခဲ့ဘူး ဆိုတာမျိုးတွေ၊ မာတစ်နဲ့ ဂိုးမက်စ်တို့ကလည်း မကစားနိုင်ခဲ့ကြဘူး ဆိုတာတွေ မပြောလိုပါဘူး။ အခြေအနေတွေက မလွယ်ကူခဲ့သလို လူတွေက သူတို့ ဘယ်လောက်ထိ ကောင်းကြတယ်ဆိုတာကို မေ့သွားခဲ့ကြတယ်။

အဓိက ခံစစ်သမား ၄ ယောက်လုံး ပွဲကစားရမှာပါ။ ကျနေ်ာတို့က သူတို့ကို ပေါင်းဖက်စေမှုတွေဖြင့် ပွဲထုတ်ရမှာဖြစ်ပါတယ်။ ကာလရှည် ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေက တစ်ပတ်အတွင်း ၃ ပွဲလောက် ကစားရတာမျိုးကို ကစားနိုင်မှာ မဟုတ်ပါဘူး။ ကျနေ်ာတို့ နည်းလမ်း ရှာသွားမှာပါ ” လို့ ကလော့ပ်က ပြောဆိုထားပါတယ်။

ZAWGYI

ဒီေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးကို ေပါင္ ၃၆ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ခံစစ္မွဴး ကိုနာေတးက အသင္းေဖာ္ ဗန္ဒိုက္ထံက သင္ယူမႈေတြ လုပ္ႏုိင္ဖို႔ စိတ္အားထက္သန္ေနပါတယ္။

ဒီရာသီမွာ ဗန္ဒိုက္၊ မာတစ္၊ ဂိုးမက္စ္တုိ႔ ဒဏ္ရာက ျပန္သက္သာေနျခင္းအျပင္ နက္ဖီးလစ္ကိုလည္း ကာလရွည္ သက္တမ္းတိုးထားျခင္းေၾကာင့္ လီဗာပူးရဲ႕ ဗဟိုခံစစ္အတြဲေနရာအတြက္ ေနရာျပိဳင္ဆိုင္မႈက ျပင္းထန္လာေနပါတယ္။

ကိုနေတးက “ ဗန္ဒိုက္က မယံုႏုိင္ေလာက္စရာ ကစားသမားပါ။ သူနဲ႔အတူ တြဲဘက္ကစားျပီး သူ႔ထံက သင္ယူရမွာပါ။ သူဟာ ဗဟိုခံစစ္မွဴးေနရာမွာေတာ့ ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးပဲ ျဖစ္ပါတယ္ ” လို႔ ဖြင့္ဟခဲ့ပါတယ္။

ျပင္သစ္သားဟာ ဘြန္ဒက္လီဂါထံ အသက္ ၁၈ ႏွစ္မွာတင္ ေျပာင္းေရႊ႔ခဲ့သူျဖစ္ကာ ၄ ႏွစ္အတြင္း လိုက္ဇစ္အတြက္ ၉၅ ပြဲထိ ကစားေပးထားႏုိင္တာပါ။ ဒီေႏြမွာ လီဗာပူးအသင္းထံ ျမင့္မားတဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ကမ္းလွမ္းခံရျခင္းက သူ႔ကို အံ့ၾသသင့္ေစခဲ့ပါေသးတယ္။

ကိုနာေတးက “ က်ေနာ္ရဲ႕ အကိုက လီဗာပူးက စိတ္ဝင္စားေနတဲ့အေၾကာင္း လာေျပာတုန္းက မယံုႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္လို႔ ကေလာ့ပ္နဲ႔ စကားေျပာခြင့္ရခဲ့ျပီး သူတို႔က တကယ္ကို ေခၚယူလိုေနတာကို သိလိုက္ရတာက က်ေနာ္အတြက္ အံ့ၾသသင့္စရာ ျဖစ္ခဲ့ပါတယ္ ” လို႔ ဖြင့္ဟခဲ့တယ္။

ကိုနေတးဟာ အခုခ်ိန္ထိ လီဗာပူးအသင္းနဲ႔ ပြဲထြက္ ကစားရျခင္း မရွိေသးပါဘူး။ ဒါေပမယ့္လို႔ ပြဲၾကပ္ကာလေတြ ေရာက္လာေတာ့မွာျဖစ္လို႔ မၾကာခင္မွာ သူ႔ရဲ႕ ပြဲကစားခြင့္ေတြ ျမင္လာရမွာျဖစ္တယ္။ ကိုနေတးနဲ႔ ပထမဆံုး တြဲဘက္ေပးမယ့္ ခံစစ္သမားက ဘယ္သူျဖစ္မလဲဆိုတာက စိတ္လႈပ္ရွားစရာ ကိစၥျဖစ္လာပါလိမ့္မယ္။

ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ လီဗာပူးဟာ ပြဲဆက္မ်ားမႈေတြကို စတင္ ရင္ဆိုင္ရေတာ့မွာျဖစ္ကာ အဓိက ခံစစ္သမား ၄ ေယာက္ကို အလွည့္က် ထုတ္သံုးဖို႔ စဥ္းစားေနေၾကာင္း ကေလာ့ပ္က ထုတ္ေျပာထားပါေသးတယ္။

“ ဗာဂ်ယ္အေၾကာင္း ေျပာရတာကို ၾကိဳက္ပါတယ္။ ဒါေပမယ့္ မႏွစ္ကရာသီ သူ ေဘာလံုးမကစားခဲ့ဘူး ဆိုတာမ်ိဳးေတြ၊ မာတစ္နဲ႔ ဂိုးမက္စ္တို႔ကလည္း မကစားႏုိင္ခဲ့ၾကဘူး ဆိုတာေတြ မေျပာလိုပါဘူး။ အေျခအေနေတြက မလြယ္ကူခဲ့သလို လူေတြက သူတို႔ ဘယ္ေလာက္ထိ ေကာင္းၾကတယ္ဆိုတာကို ေမ့သြားခဲ့ၾကတယ္။

အဓိက ခံစစ္သမား ၄ ေယာက္လံုး ပြဲကစားရမွာပါ။ က်ေန္ာတို႔က သူတို႔ကို ေပါင္းဖက္ေစမႈေတြျဖင့္ ပြဲထုတ္ရမွာျဖစ္ပါတယ္။ ကာလရွည္ ဒဏ္ရာရခဲ့တဲ့ ကစားသမားေတြက တစ္ပတ္အတြင္း ၃ ပြဲေလာက္ ကစားရတာမ်ိဳးကို ကစားႏုိင္မွာ မဟုတ္ပါဘူး။ က်ေန္ာတို႔ နည္းလမ္း ရွာသြားမွာပါ ” လို႔ ကေလာ့ပ္က ေျပာဆိုထားပါတယ္။