စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ်အပြီး ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ လီဗာပူးအသင်းဟာ ဘရာဇီးလက်ရွေးစင်တွေဖြစ်တဲ့ အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နိုတို့ကို ထုတ်သုံးခွင့်ရမှာ မဟုတ်ပါဘူး။

ဘရာဇီးအသင်းအတွက် သူတို့ သုံးဦးကို စေလွှတ်ပေးဖို့ ကလပ်ဘက်က ငြင်းဆန်ခဲ့ခြင်းကြောင့် ၅ ရက် ပွဲပယ်ခံရမှာဖြစ်တယ်။ လိဒ်ယူနိုက်တက်ဘက်မှာလည်း တိုက်စစ်သမား ရာဖင်ဟာ ပါဝင်နိုင်မှာ မဟုတ်ကြောင်းက သေချာခဲ့ပြီဖြစ်ပါတယ်။

ဘရာဇီး ကစားသမားတွေ ပါဝင်လာနိုင်ခြင်း မရှိတဲ့ အနေအထားမှာ ယာဂင်ကလော့ပ် ဘယ်လို ရွေးချယ်စရာတွေ လုပ်လာနိုင်မလဲ? အဲ့အတွက် ဝါရင့် လီဗာပူးသတင်းထောက် တစ်ဦးဖြစ်တဲ့ Ian Doyle ရဲ့ အမြင်တွေကို လေ့လာကြည့်ကြရအောင်လား။

ကလယ်ဟာ ပါဝင်လာမယ်

အယ်လီဆန် မကစားနိုင်ရင် လီဗာပူးရဲ့ ဂိုးပေါက်ကို ဘယ်သူ ကာကွယ်မလဲဆိုတာက ပရိသတ်တွေ သိလိုနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနွေမှာတည်းက လီဗာပူးအသင်းဟာ ဒုတိယဂိုးသမား နေရာကို အတ်ဒရီယန်ကို ကျော်ပြီး ကလယ်ဟာကို ရွေးချယ်ထားခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂိုးသမားဟာ သူ့ရဲ့ တတိယမြောက် ပရီးမီးယားလိဂ်ပွဲအဖြစ် လိဒ်ကွင်းထံ သွားရာမှာ ပါဝင်သွားပါမယ်။

နယ်သာလန်နဲ့ပွဲမှာ ဗန်ဒိုက် အသေးစား ဒဏ်ရာရခဲ့ပေမယ့် ပြင်းထန်ခဲ့ခြင်း မရှိပါဘူး။ သူရယ် မာတစ်ရယ်တို့ဟာ ခံစစ်အထိုင်အဖြစ် ဆက်လက် ပွဲထွက်လာမှာဖြစ်ပြီး ညာအစွန်မှာ ထရန့်နဲ့ ဘယ်အစွန်မှာ ရိုဘိုတို့ကို သုံးခြင်းဖြင့် ခံစစ် တည်ငြိမ်မှုတွေကို ဆက်လက် တည်တံ့နိုင်ဖို့ ယာဂင် ရွေးချယ်မှာ ဖြစ်ပါတယ်။

နံပါတ် ၆ နေရာ တာဝန်ယူမယ့် ဟန်ဒါဆန်

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ သူကာလရှည် ကစားခဲ့တဲ့ နံပါတ် ၆ နေရာကို ပြန်လည် တာဝန်ယူမှာဖြစ်ပါတယ်။ သူ့ရဲ့ တွဲဘက်အဖြစ် စပိန်အသင်းရဲ့ နိုင်ငံတကာ ပွဲစဉ်ကနေ နုတ်ထွက်ထားခဲ့တဲ့ သီယာဂို ပါဝင်လာမှာဖြစ်တယ်။ ကျန် ကွင်းလယ်တစ်နေရာအတွက် ကာတစ်ဂျုံး၊ ချိန်ဘာလိန်တို့နဲ့အတူ ကိတ်တာက ရွေးချယ်ခံရမှာပါ။

လီဗာပူးကွင်းလယ်လူတွေထဲမှာတော့ ကိတ်တာဟာ ဒဏ်ရာပြဿနာ ကင်းစင်နေသလို ကြံ့ခိုင်မှုလည်း အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ ဂူနီယာပြဿနာတွေကနေ လွှတ်မြောက်လာခဲ့တဲ့ ကိတ်တာကို ယာဂင် ပွဲထွက်ခွင့်ပေးမယ်လို့ Ian Doyle က ယူဆထားဆဲဖြစ်ပါတယ်။

တိုက်စစ်က ပြန်ပါလာမယ့် ဂျိုတာ

ချယ်ဆီးနဲ့ပွဲမှာ ဖာမင်နိုကို ပွဲထွက်လူစာရင်းကနေ ထုတ်သုံးခဲ့ပေမယ့် ဒီပွဲမှာတော့ ဂျိုတာကပဲ ပြန်ပါလာရမှာပါ။ ဒါဟာ ရွေးချယ်စရာမရှိတဲ့ အနေအထားကြောင့်ဖြစ်သလို သူ့ရဲ့ ဂိုးပေါက်တွေ့နေခြင်းကြောင့်လည်း ပါဝင်ပါတယ်။ တွဲဘက်အဖြစ် ဆာလာ၊ မာနေးတို့က တိုက်စစ်မှာ ချိတ်ဆက်ကစားကြမှာ ဖြစ်ပါတယ်။

တိုက်စစ်သမား မီနာမီနို ဒဏ်ရာရနေပြီး အိုရီဂီကို ရွေးချယ်လို့ ရနိုင်ဦးမှာဖြစ်ပါတယ်။

ZAWGYI

စက္တင္ဘာလ ႏုိင္ငံတကာသီတင္းပတ္အျပီး ယွဥ္ျပိဳင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲမွာေတာ့ လီဗာပူးအသင္းဟာ ဘရာဇီးလက္ေရြးစင္ေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဖာမင္ႏိုတို႔ကို ထုတ္သံုးခြင့္ရမွာ မဟုတ္ပါဘူး။

ဘရာဇီးအသင္းအတြက္ သူတို႔ သံုးဦးကို ေစလႊတ္ေပးဖို႔ ကလပ္ဘက္က ျငင္းဆန္ခဲ့ျခင္းေၾကာင့္ ၅ ရက္ ပြဲပယ္ခံရမွာျဖစ္တယ္။ လိဒ္ယူႏုိက္တက္ဘက္မွာလည္း တိုက္စစ္သမား ရာဖင္ဟာ ပါဝင္ႏုိင္မွာ မဟုတ္ေၾကာင္းက ေသခ်ာခဲ့ျပီျဖစ္ပါတယ္။

ဘရာဇီး ကစားသမားေတြ ပါဝင္လာႏိုင္ျခင္း မရွိတဲ့ အေနအထားမွာ ယာဂင္ကေလာ့ပ္ ဘယ္လို ေရြးခ်ယ္စရာေတြ လုပ္လာႏုိင္မလဲ? အဲ့အတြက္ ဝါရင့္ လီဗာပူးသတင္းေထာက္ တစ္ဦးျဖစ္တဲ့ Ian Doyle ရဲ႕ အျမင္ေတြကို ေလ့လာၾကည့္ၾကရေအာင္လား။

ကလယ္ဟာ ပါဝင္လာမယ္

အယ္လီဆန္ မကစားႏုိင္ရင္ လီဗာပူးရဲ႕ ဂိုးေပါက္ကို ဘယ္သူ ကာကြယ္မလဲဆိုတာက ပရိသတ္ေတြ သိလိုေနတဲ့ ကိစၥျဖစ္ပါတယ္။ ဒီေႏြမွာတည္းက လီဗာပူးအသင္းဟာ ဒုတိယဂိုးသမား ေနရာကို အတ္ဒရီယန္ကို ေက်ာ္ျပီး ကလယ္ဟာကို ေရြးခ်ယ္ထားခဲ့ျပီျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ဂိုးသမားဟာ သူ႔ရဲ႕ တတိယေျမာက္ ပရီးမီးယားလိဂ္ပြဲအျဖစ္ လိဒ္ကြင္းထံ သြားရာမွာ ပါဝင္သြားပါမယ္။

နယ္သာလန္နဲ႔ပြဲမွာ ဗန္ဒိုက္ အေသးစား ဒဏ္ရာရခဲ့ေပမယ့္ ျပင္းထန္ခဲ့ျခင္း မရွိပါဘူး။ သူရယ္ မာတစ္ရယ္တို႔ဟာ ခံစစ္အထိုင္အျဖစ္ ဆက္လက္ ပြဲထြက္လာမွာျဖစ္ျပီး ညာအစြန္မွာ ထရန္႔နဲ႔ ဘယ္အစြန္မွာ ရိုဘိုတို႔ကို သံုးျခင္းျဖင့္ ခံစစ္ တည္ျငိမ္မႈေတြကို ဆက္လက္ တည္တံ့ႏုိင္ဖို႔ ယာဂင္ ေရြးခ်ယ္မွာ ျဖစ္ပါတယ္။

နံပါတ္ ၆ ေနရာ တာဝန္ယူမယ့္ ဟန္ဒါဆန္

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ သူကာလရွည္ ကစားခဲ့တဲ့ နံပါတ္ ၆ ေနရာကို ျပန္လည္ တာဝန္ယူမွာျဖစ္ပါတယ္။ သူ႔ရဲ႕ တြဲဘက္အျဖစ္ စပိန္အသင္းရဲ႕ ႏုိင္ငံတကာ ပြဲစဥ္ကေန ႏုတ္ထြက္ထားခဲ့တဲ့ သီယာဂို ပါဝင္လာမွာျဖစ္တယ္။ က်န္ ကြင္းလယ္တစ္ေနရာအတြက္ ကာတစ္ဂ်ံဳး၊ ခ်ိန္ဘာလိန္တို႔နဲ႔အတူ ကိတ္တာက ေရြးခ်ယ္ခံရမွာပါ။

လီဗာပူးကြင္းလယ္လူေတြထဲမွာေတာ့ ကိတ္တာဟာ ဒဏ္ရာျပႆနာ ကင္းစင္ေနသလို ၾကံ႕ခိုင္မႈလည္း အေကာင္းဆံုးပံုစံမွာ ရွိေနပါတယ္။ ဂူနီယာျပႆနာေတြကေန လႊတ္ေျမာက္လာခဲ့တဲ့ ကိတ္တာကို ယာဂင္ ပြဲထြက္ခြင့္ေပးမယ္လို႔ Ian Doyle က ယူဆထားဆဲျဖစ္ပါတယ္။

တိုက္စစ္က ျပန္ပါလာမယ့္ ဂ်ိဳတာ

ခ်ယ္ဆီးနဲ႔ပြဲမွာ ဖာမင္ႏိုကို ပြဲထြက္လူစာရင္းကေန ထုတ္သံုးခဲ့ေပမယ့္ ဒီပြဲမွာေတာ့ ဂ်ိဳတာကပဲ ျပန္ပါလာရမွာပါ။ ဒါဟာ ေရြးခ်ယ္စရာမရွိတဲ့ အေနအထားေၾကာင့္ျဖစ္သလို သူ႔ရဲ႕ ဂိုးေပါက္ေတြ႔ေနျခင္းေၾကာင့္လည္း ပါဝင္ပါတယ္။ တြဲဘက္အျဖစ္ ဆာလာ၊ မာေနးတို႔က တိုက္စစ္မွာ ခ်ိတ္ဆက္ကစားၾကမွာ ျဖစ္ပါတယ္။

တိုက္စစ္သမား မီနာမီႏို ဒဏ္ရာရေနျပီး အိုရီဂီကို ေရြးခ်ယ္လို႔ ရႏုိင္ဦးမွာျဖစ္ပါတယ္။