ဒီအပတ် လိဒ်ယူနိုက်တက်ထံ သွားရောက် ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲမှာ ဗန်ဒိုက် ပြန်လည် ကစားနိုင်ဖို့ သေချာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာသီတင်းပတ်မှာ ဗန်ဒိုက်ဟာ ထိတွေ့မှု အနည်းငယ် ရှိခဲ့တာပါ။ ဒါပေမယ့် ကြံ့ခိုင်မှု ကောင်းနေဆဲဖြစ်ပါတယ်။ နောက်ထပ် ထိခိုက်မှုတွေ ရှိခဲ့တဲ့ မီနာမီနို၊ အယ်လီးယော့တို့ရဲ့ အခြေအနေတို့နဲ့တကွ ဖာမင်နို၊ မီလ်နာ၊ ကိတ်တာတို့ရဲ့ ကြံ့ခိုင်မှု ကိစ္စတွေကို ယာဂင်က ထုတ်ပြောမှု လုပ်သွားခဲ့ပါတယ်။

ယာဂင်ကလော့ပ်က “ တာကီက အသင်းကို ပြန်ရောက်နေခဲ့ပြီးပါပြီ။ သူက ဂျပန်အသင်းနဲ့ ပူးပေါင်းစဉ် ဒဏ်ရာ ရလာခဲ့ပါတယ်။

ဗာဂျယ်ကလည်း အရမ်းကို ထိန့်လန့်စရာ အခိုက်အတန့်ကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ ပွဲအပြီးမှာ ကျနော် သူ့ကို အဆင်ပြေလား၊ ရာနှုန်းပြည့် အဆင်ပြေတာ သေချာလားလို့ အထပ်ထပ်အခါခါ မေးမြန်းခဲ့ရတယ်။ ဒဏ်ရာဘယ်လိုရတာလဲဆိုတဲ့ ဗီဒီယိုပါ ပို့ခိုင်းခဲ့တာပါ။ သူက သူ့ခြေထောက်ပေါ်ကို ဝိတ်နဲ့ ဖိကျခဲ့တာတင်ပါလို့ ပြောပြခဲ့တယ်။

ဗာဂျယ်က သူအဆင်ပြေတယ်လို့ ပြောပါတယ်။ ဒီတော့ ဗာဂျယ်တစ်ယောက် ထိန့်လန့်စရာ အခြေအနေကို ရင်ဆိုင်ခဲ့ရတာကလွဲရင် ကျန်တဲ့ ကစားသမားတွေ အားလုံးက အဆင်ပြေပါတယ်။

ဘော်ဘီကတော့ ချယ်ဆီးနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကနေ သက်သာလာခြင်း မရှိသေးပါဘူး။ ဟာဗေးကလည်း အဆင်ပြေပါတယ်။ မီလ်နာရဲ့ အခြေအနေကိုတော့ ကျနေ်ာတို့ ကြည့်ရမှာပါ။ သူက အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါနိုင်ခြင်း မရှိသေးပါဘူး။ ဒီနေ့မှာ သူပါနိုင်မလားဆိုတာ ကြည့်ရမှာပေါ့။ ဒါပေမယ့် သူ ပြန်ကစားနိုင်ဖို့ နီးနေပါပြီ ” လို့ ဆိုပါတယ်။

ဂူနီယာကိစ္စတွေကြောင့် ကိတ်တာရဲ့ အခြေအနေကို သိလိုမှုတွေလည်း များပြားခဲ့ပါတယ်။ မန်နေဂျာကလော့ပ်ကတော့ လိဒ်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ပေးနိုင်ဖို့ ကိတ်တာက အဆင်သင့်ဖြစ်နေတယ်လို့ ပြောပါတယ်။

“ နာဘီက အဆင်ပြေပါတယ်။ မနေ့တုန်းကတော့ အက်ဆာမှာ သူမရှိနေပေမယ့် သူ လီဗာပူးကို ရောက်နေပါပြီ။ ဒီနေ့ သူနဲ့ စကားပြောကြည့်မှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ကျနေ်ာတို့ ဆက်သွယ် ပြောဆိုထားကြည့်သမျှတော့ သူ အဆင်ပြေပါတယ် ” လို့ ကလော့ပ်က ပွဲကြိုမှာ ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ဒီအပတ္ လိဒ္ယူႏုိက္တက္ထံ သြားေရာက္ ယွဥ္ျပိဳင္ရမယ့္ အမွတ္ေပးပြဲမွာ ဗန္ဒိုက္ ျပန္လည္ ကစားႏုိင္ဖို႔ ေသခ်ာေနတယ္လို႔ သိရပါတယ္။

ႏုိင္ငံတကာသီတင္းပတ္မွာ ဗန္ဒိုက္ဟာ ထိေတြ႔မႈ အနည္းငယ္ ရွိခဲ့တာပါ။ ဒါေပမယ့္ ၾကံ႕ခိုင္မႈ ေကာင္းေနဆဲျဖစ္ပါတယ္။ ေနာက္ထပ္ ထိခိုက္မႈေတြ ရွိခဲ့တဲ့ မီနာမီႏို၊ အယ္လီးေယာ့တို႔ရဲ႕ အေျခအေနတို႔နဲ႔တကြ ဖာမင္ႏို၊ မီလ္နာ၊ ကိတ္တာတို႔ရဲ႕ ၾကံ႔ခိုင္မႈ ကိစၥေတြကို ယာဂင္က ထုတ္ေျပာမႈ လုပ္သြားခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က “ တာကီက အသင္းကို ျပန္ေရာက္ေနခဲ့ျပီးပါျပီ။ သူက ဂ်ပန္အသင္းနဲ႔ ပူးေပါင္းစဥ္ ဒဏ္ရာ ရလာခဲ့ပါတယ္။

ဗာဂ်ယ္ကလည္း အရမ္းကို ထိန္႔လန္႔စရာ အခိုက္အတန္႔ကို ရင္ဆိုင္ခဲ့ရပါေသးတယ္။ ပြဲအျပီးမွာ က်ေနာ္ သူ႔ကို အဆင္ေျပလား၊ ရာႏႈန္းျပည့္ အဆင္ေျပတာ ေသခ်ာလားလို႔ အထပ္ထပ္အခါခါ ေမးျမန္းခဲ့ရတယ္။ ဒဏ္ရာဘယ္လိုရတာလဲဆိုတဲ့ ဗီဒီယိုပါ ပို႔ခိုင္းခဲ့တာပါ။ သူက သူ႔ေျခေထာက္ေပၚကို ဝိတ္နဲ႔ ဖိက်ခဲ့တာတင္ပါလို႔ ေျပာျပခဲ့တယ္။

ဗာဂ်ယ္က သူအဆင္ေျပတယ္လို႔ ေျပာပါတယ္။ ဒီေတာ့ ဗာဂ်ယ္တစ္ေယာက္ ထိန္႔လန္႔စရာ အေျခအေနကို ရင္ဆိုင္ခဲ့ရတာကလြဲရင္ က်န္တဲ့ ကစားသမားေတြ အားလံုးက အဆင္ေျပပါတယ္။

ေဘာ္ဘီကေတာ့ ခ်ယ္ဆီးနဲ႔ပြဲမွာ ရခဲ့တဲ့ ဒဏ္ရာကေန သက္သာလာျခင္း မရွိေသးပါဘူး။ ဟာေဗးကလည္း အဆင္ေျပပါတယ္။ မီလ္နာရဲ႕ အေျခအေနကိုေတာ့ က်ေန္ာတို႔ ၾကည့္ရမွာပါ။ သူက အသင္းရဲ႕ ေလ့က်င့္ေရးမွာ ပါႏုိင္ျခင္း မရွိေသးပါဘူး။ ဒီေန႔မွာ သူပါႏုိင္မလားဆိုတာ ၾကည့္ရမွာေပါ့။ ဒါေပမယ့္ သူ ျပန္ကစားႏုိင္ဖို႔ နီးေနပါျပီ ” လို႔ ဆိုပါတယ္။

ဂူနီယာကိစၥေတြေၾကာင့္ ကိတ္တာရဲ႕ အေျခအေနကို သိလိုမႈေတြလည္း မ်ားျပားခဲ့ပါတယ္။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ လိဒ္ယူႏုိက္တက္နဲ႔ပြဲမွာ ပါဝင္ေပးႏုိင္ဖို႔ ကိတ္တာက အဆင္သင့္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

“ နာဘီက အဆင္ေျပပါတယ္။ မေန႔တုန္းကေတာ့ အက္ဆာမွာ သူမရွိေနေပမယ့္ သူ လီဗာပူးကို ေရာက္ေနပါျပီ။ ဒီေန႔ သူနဲ႔ စကားေျပာၾကည့္မွာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ က်ေန္ာတို႔ ဆက္သြယ္ ေျပာဆိုထားၾကည့္သမွ်ေတာ့ သူ အဆင္ေျပပါတယ္ ” လို႔ ကေလာ့ပ္က ပြဲၾကိဳမွာ ေျပာဆုိသြားခဲ့ပါတယ္။