မန်ယူက အေဂျက် လူငယ်စတားလေး ဒီလစ်ကို ကမ်းလှမ်းမှုတွေ ထပ်မံကာ လုပ်သွားမှာ မဟုတ်ဘူးလို့ Sky Sports သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

မန်ယူက ဈေးကွက်မှာ ပေါင် ၆၅ သန်းလောက် တန်ကြေးရှိတဲ့ ဒီလစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေခဲ့ပေမယ့်လို့ မန်ယူဘက်က ဒီလစ်ကို အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေခြင်းတွေကို အဆုံးသတ်လိုက်ပါပြီ။

အစာတည်းက ဘာစီလိုနာကို ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ ဒီလစ်ကို နွေမှာ ခံစစ်အင်အားဖြည့်ဖို့ လိုအပ်နေတဲ့ မန်ယူဘက်က ခေါ်ယူဖို့ မျှော်လင့်ခဲ့ပေမယ့် ဒီသတင်းဟာ ရပ်တန့်ခဲ့ပြီဖြစ်တယ်။ ဒီလစ်အတွက် ကမ်းလှမ်းမှုဆိုင်ရာ သတင်းတွေလည်း ထပ်မြင်ရမှာ မဟုတ်ပါဘူး။

နယ်သာလန်လိဂ်မှာ ပြည်တွင်းဖလား နှစ်လုံး အနိုင်ရမှုနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ရာမှာ အဓိကကျတဲ့ ကစားသမားဖြစ်သူ ဒီလစ်ဟာ ဘာစီလိုနာကိုပဲ ရောက်သွားဖို့ ရှိနေပါတယ်။

မန်ယူဟာ ဂျိမ်းစ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့နောက် ဒုတိယခေါ်ယူမှုအဖြစ် နယူးကာဆယ်က လောင်းစတပ်ကိုပဲ အာရုံစိုက်သွားဖို့ ရှိနေပါတယ်။