ဖာဘင်ညိုဟာ ဘရာဇီးနိုင်ငံအသင်းနဲ့အတူ အငြင်းပွားစရာ ပြဿနာထဲ ပါဝင်နေပြီး ဒါဟာ ကလပ်ရော နိုင်ငံအတွက်ပါ ကစားပေးချင်တဲ့ ကစားသမားတစ်ယောက်အတွက် ပဋိပက္ခ ဖြစ်စရာ အနေအထားလဲ ဖြစ်ပါတယ်။

စက်တင်ဘာ သီတင်းပတ်မှာ နိုင်ငံအသင်းနဲ့ မပူးပေါင်းခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဘရာဇီးကစားသမားတွေအနေနဲ့ ၅ ရက်တာ ပွဲကစားခွင့် ပိတ်ပင်ခံရမှုဟာ ပယ်ဖျက်ပေးခဲ့ပါပြီ။ ဒါကြောင့် အယ်လီဆန်၊ ဖာဘင်ညို၊ ဖာမင်နိုတို့ဟာ ဒီအပတ် လီဗာပူးပွဲကို ပါဝင်နိုင်ပြီဖြစ်ပါတယ်။

နိုင်ငံအသင်းနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် အင်္ဂလန်ကို ပြန်လာတဲ့အခါ ၁၀ ရက် ကွာရန်တင်း ဝင်ရမှာဖြစ်တာကြောင့် လီဗာပူးနဲ့ တခြားသော ကလပ်တချို့ဟာ သူတို့ရဲ့ ဘရာဇီး ကစားသမားတွေကို နိုင်ငံအသင်းထံ မလွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာနဲ့ နိုဝင်ဘာ သီတင်းပတ်တွေမှာ အလားတူ ပြဿနာမျိုး ထပ်မဖြစ်တော့ဖို့ ဖာဘင်ညိုက မျှော်လင့်နေပါတယ်။

“ဒါက ခက်ခဲတဲ့ အခြေအနေပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ကိုယ့်နိုင်ငံအတွက် ရပ်တည်ပေးချင်တယ်၊ ဘရာဇီးအသင်းအတွက် ကစားပေးချင်တယ်။ ဒါပေမယ့် ဒါက ကလပ်နဲ့ နိုင်ငံအသင်းကြားက ပြဿနာပဲလို့ ကျွန်တော်မထင်ဘူး။ ဒါက အစိုးရက ချမှတ်တဲ့ စည်းမျဉ်းကြောင့်ပါ။

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အနေနဲ့လဲ ဒီစည်းမျဉ်းကို ပြောင်းလဲပေးနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ ဖီဖာရော၊ ကွန်မီဘိုးလ်ရော ဘယ်အဖွဲ့အစည်းကမှ ပြောင်းလဲနိုင်မှ ာမဟုတ်ပါဘူး။
ကျွန်တော်တို့ကစားသမားတွေက ဘာမှ လုပ်လို့မရတဲ့ အငြင်းပွားစရာ ဖြစ်ရပ်ထဲမှာ ရောက်ရှိနေတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို မလွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တာက ပရီးမီးယားလိဂ်ကပါ။

တဖက်မှာလဲ ကျွန်တော်တို့ နားလည်ပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြန်လာရင် ၁၀ ရက် ကွာရန်တင်း ဝင်ရတော့မှာလေ။ ၁၀ ရက်ဆိုတာက ကစားပွဲရဲ့ စည်းချက်ကို လွဲချော်သွားဖို့ အချိန်လုံလောက်တယ်။ ဒါကြေင့် အဲ့လို ၁၀ ရက် အချိန်ယူလိုက်ရတာက ခက်ခဲပါတယ်။

နိုင်ငံအသင်းဘက်ကိုလဲ နားလည်ပေးပါတယ်။ နိုင်ငံအသင်းက ကစားသမား ၉ ယောက်တောင် ဆုံးရှုံးခံလို့မရဘူးလေ။ ၉ ယောက်ဆိုတာ သိပ်များတဲ့ အရေအတွက်ပါ။ ဒါကြောင့် ကျွန်တော်တို့က အငြင်းပွားစရာ အဖြစ်ထဲမှာ ပါဝင်နေတာပဲ။ ဒီပြဿနာအတွက် အဖြေရှာတွေဖို့ မျှော်လင့်ပါတယ်”လို့ ဖာဘင်ညိုက ဆိုပါတယ်။

ဒီပြဿနာဟာ စက်တင်ဘာ နိုင်ငံတကာသီတင်းပတ်အတွက်တင် မဟုတ်ဘဲ အနာဂတ်မှာလည်း ထပ်မံ ရင်ဆိုင်ရဦးမှာပါ။ ဖာဘင်ညိုကတော့ ဘောလုံးအဖွဲ့ချုပ်တွေကြား ညိနှိုင်းအဖြေရှာနိုင်မှုတွေ ရှိလာဖို့ မျှော်လင့်နေဆဲဖြစ်ပါတယ်။

ဆက်လက်ပြီး ဖာဘင်ညိုက “ ကျွန်တော်တို့က ကစားခွင့် ပိတ်ပင်ခံရရုံမဟုတ်ပဲ ပြဿနာရဲ့ အဖြေကို စောင့်မျှော်နေတာပါ။ ကျွန်တော်တို့ ဘရာဇီးကို သွားချင်တယ်။ ဘရာဇီးအသင်းအတွက် ခုခံကာကွယ်ချင်တယ်။ အဖြေရှာတွေ့ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါမှ ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိပဲ အသွားအပြန်လုပ်လို့ရမှာပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဖာဘင္ညိဳဟာ ဘရာဇီးႏိုင္ငံအသင္းနဲ႔အတူ အျငင္းပြားစရာ ျပႆနာထဲ ပါဝင္ေနၿပီး ဒါဟာ ကလပ္ေရာ ႏိုင္ငံအတြက္ပါ ကစားေပးခ်င္တဲ့ ကစားသမားတစ္ေယာက္အတြက္ ပဋိပကၡ ျဖစ္စရာ အေနအထားလဲ ျဖစ္ပါတယ္။

စက္တင္ဘာ သီတင္းပတ္မွာ ႏိုင္ငံအသင္းနဲ႔ မပူးေပါင္းခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ဘရာဇီးကစားသမားေတြအေနနဲ႔ ၅ ရက္တာ ပြဲကစားခြင့္ ပိတ္ပင္ခံရမႈဟာ ပယ္ဖ်က္ေပးခဲ့ပါျပီ။ ဒါေၾကာင့္ အယ္လီဆန္၊ ဖာဘင္ညိဳ၊ ဖာမင္ႏိုတို႔ဟာ ဒီအပတ္ လီဗာပူးပြဲကို ပါဝင္ႏုိင္ျပီျဖစ္ပါတယ္။

ႏိုင္ငံအသင္းနဲ႔ ပူးေပါင္းခဲ့မယ္ဆိုရင္ အဂၤလန္ကို ျပန္လာတဲ့အခါ ၁၀ ရက္ ကြာရန္တင္း ဝင္ရမွာျဖစ္တာေၾကာင့္ လီဗာပူးနဲ႔ တျခားေသာ ကလပ္တခ်ိဳ႕ဟာ သူတို႔ရဲ႕ ဘရာဇီး ကစားသမားေတြကို ႏိုင္ငံအသင္းထံ မလႊတ္ေပးခဲ့တာ ျဖစ္ပါတယ္။ လာမယ့္ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာ သီတင္းပတ္ေတြမွာ အလားတူ ျပႆနာမ်ိဳး ထပ္မျဖစ္ေတာ့ဖို႔ ဖာဘင္ညိဳက ေမွ်ာ္လင့္ေနပါတယ္။

“ဒါက ခက္ခဲတဲ့ အေျခအေနပါပဲ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ကိုယ့္ႏိုင္ငံအတြက္ ရပ္တည္ေပးခ်င္တယ္၊ ဘရာဇီးအသင္းအတြက္ ကစားေပးခ်င္တယ္။ ဒါေပမယ့္ ဒါက ကလပ္နဲ႔ ႏိုင္ငံအသင္းၾကားက ျပႆနာပဲလို႔ ကြၽန္ေတာ္မထင္ဘူး။ ဒါက အစိုးရက ခ်မွတ္တဲ့ စည္းမ်ဥ္းေၾကာင့္ပါ။

အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔လဲ ဒီစည္းမ်ဥ္းကို ေျပာင္းလဲေပးႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ဘူး။ ဖီဖာေရာ၊ ကြန္မီဘိုးလ္ေရာ ဘယ္အဖြဲ႕အစည္းကမွ ေျပာင္းလဲႏိုင္မွ ာမဟုတ္ပါဘူး။
ကြၽန္ေတာ္တို႔ကစားသမားေတြက ဘာမွ လုပ္လို႔မရတဲ့ အျငင္းပြားစရာ ျဖစ္ရပ္ထဲမွာ ေရာက္ရွိေနတာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ကို မလႊတ္ေပးဖို႔ ဆုံးျဖတ္ခဲ့တာက ပရီးမီးယားလိဂ္ကပါ။

တဖက္မွာလဲ ကြၽန္ေတာ္တို႔ နားလည္ေပးႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ျပန္လာရင္ ၁၀ ရက္ ကြာရန္တင္း ဝင္ရေတာ့မွာေလ။ ၁၀ ရက္ဆိုတာက ကစားပြဲရဲ႕ စည္းခ်က္ကို လြဲေခ်ာ္သြားဖို႔ အခ်ိန္လုံေလာက္တယ္။ ဒါေၾကင့္ အဲ့လို ၁၀ ရက္ အခ်ိန္ယူလိုက္ရတာက ခက္ခဲပါတယ္။

ႏိုင္ငံအသင္းဘက္ကိုလဲ နားလည္ေပးပါတယ္။ ႏိုင္ငံအသင္းက ကစားသမား ၉ ေယာက္ေတာင္ ဆုံးရႈံးခံလို႔မရဘူးေလ။ ၉ ေယာက္ဆိုတာ သိပ္မ်ားတဲ့ အေရအတြက္ပါ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က အျငင္းပြားစရာ အျဖစ္ထဲမွာ ပါဝင္ေနတာပဲ။ ဒီျပႆနာအတြက္ အေျဖရွာေတြဖို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ဖာဘင္ညိဳက ဆိုပါတယ္။

ဒီျပႆနာဟာ စက္တင္ဘာ ႏုိင္ငံတကာသီတင္းပတ္အတြက္တင္ မဟုတ္ဘဲ အနာဂတ္မွာလည္း ထပ္မံ ရင္ဆိုင္ရဦးမွာပါ။ ဖာဘင္ညိဳကေတာ့ ေဘာလံုးအဖြဲ႔ခ်ဳပ္ေတြၾကား ညိႏိႈင္းအေျဖရွာႏုိင္မႈေတြ ရွိလာဖို႔ ေမွ်ာ္လင့္ေနဆဲျဖစ္ပါတယ္။

ဆက္လက္ၿပီး ဖာဘင္ညိဳက “ ကြၽန္ေတာ္တို႔က ကစားခြင့္ ပိတ္ပင္ခံရ႐ုံမဟုတ္ပဲ ျပႆနာရဲ႕ အေျဖကို ေစာင့္ေမွ်ာ္ေနတာပါ။ ကြၽန္ေတာ္တို႔ ဘရာဇီးကို သြားခ်င္တယ္။ ဘရာဇီးအသင္းအတြက္ ခုခံကာကြယ္ခ်င္တယ္။ အေျဖရွာေတြ႕ဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ ဒါမွ ကြၽန္ေတာ္တို႔ေတြ ဘာျပႆနာမွ မရွိပဲ အသြားအျပန္လုပ္လို႔ရမွာပါ”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။