လိဒ်ယူနိုက်တက်နဲ့ပွဲကြို လီဗာပူးအတွက် သတင်းကောင်းကတော့ ဘရာဇီး ကစားသမားတွေဟာ ဒီအပတ် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်ကစားခွင့် ရရှိပြီဖြစ်ပါတယ်။

အယ်လီဆန်နဲ့ ဖာဘင်ညိုတို့ နှစ်ဦး ကစားခွင့်ရခဲ့ပြီဖြစ်ခြင်းက လီဗာပူးအသင်းအတွက် အများကြီး အကျိုးဖြစ်လာဖို့ ရှိပါတယ်။ အထူးသဖြင့် ဖာဘင်ညို ကစားနိုင်ခြင်းဟာ လီဗာပူးကွင်းလယ်ကို အတော်လေး တောင့်တင်းမှုတွေဖြစ်စေမယ့် အနေအထားဖြစ်တယ်။

ယာဂင်ဟာ လီဗာပူးအသင်းနဲ့အတူ ပွဲကြပ်ကာလကို ရင်ဆိုင်ရမှာဖြစ်ခြင်းကြောင့် ကစားသမား အပြောင်းအလဲ အနည်းငယ်တော့ ပြုလုပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကြားရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ရှိနေခြင်းကြောင့် ဗန်ဒိုက်၊ ရိုဘိုတို့ကို အနားပေးမလားဆိုပြီး တွေးဆစရာ တစ်ချက်ရှိနေတာဖြစ်တယ်။

ဒါပေမယ့်လို့ နိုင်ငံတကာသီတင်းပတ်မှာ ကစားသမားတွေဟာ မတူညီတဲ့ လက်ရွေးစင်အသင်းတွေမှာ မတူညီတဲ့ နည်းစနစ်တွေဖြင့် ကစားခဲ့ပြီး ကလပ်တွေကို ပြန်လာချိန်တိုင်း အသင်း ကစားကွက်မှာ လိုက်လျောညီထွေဖြစ်ဖို့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒီအချက်အရ ယာဂင်ဟာ မျက်နှာစိမ်းတွေကို ချက်ခြင်းထည့်ခြင်းထက် အယ်လီဆန်၊ ထရန့်၊ ဗန်ဒိုက်၊ မာတစ်၊ ရိုဘိုတို့ကိုပဲ ခံစစ်ကြောင်းမှာ ထည့်သွင်းဖို့ အခွင့်အရေးများပါတယ်။

ကွင်းလယ်အတွက်က ဖာဘင်ညို ပါဝင်လာနိုင်ခြင်းမှာ နံပါတ် ၆ နေရာက သူ့အတွက် ဖြစ်ပါတယ်။ ကျန်နှစ်နေရာအတွက်က ဝါရင့် ကွင်းလယ်လူတွေဖြစ်တဲ့ သီယာဂို၊ ဟန်ဒို အတွဲကို ထည့်သုံးမယ်လို့ ယုံကြည်ရတယ်။ ဒီသုံးယောက်တန်းဟာ ဒီရာသီအတွက် ယာဂင်ကလော့ပ်ရဲ့ ဦးစားပေးဖြစ်တယ်လို့ ရာသီကြိုတည်းက သိထားရပါတယ်။

အခြားသော ရွေးချယ်စရာအဖြစ်တော့ သီယာဂို၊ ဟန်ဒိုတို့ထဲက တစ်ဦးဦးကို ကိတ်တာ (သို့) ချိန်ဘာလိန်ဖြင့် တွဲဘက်ပေးဖို့ဖြစ်ပါတယ်။ သီယာဂို (သို့) ဟန်ဒိုက ဖာဘင်ညိုနဲ့အတူ ကွင်းလယ် ခံစစ်ပိုင်းနဲ့ နေရာလွတ်ပိုင်းတွေကို ပိုမို တာဝန်ယူကာ တိုက်စစ်အားသန် ကွင်းလယ်လူတစ်ဦးက တိုက်စစ်သမား သုံးဦးနဲ့ ပူးပေါင်းမယ့် အနေအထားမျိုးဖြစ်တယ်။

တိုက်စစ်မှူး ဖာမင်နို ဒဏ်ရာရနေခြင်းကြောင့် ရှေ့တန်းမှာတော့ မာနေး၊ ဆာလာ၊ ဂျိုတာတို့ပဲ ပွဲထွက်ခွင့်ရမှာဖြစ်ပါတယ်။

Liverpool’s XI: Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Thiago; Salah, Mane, Jota

ZAWGYI

လိဒ္ယူႏုိက္တက္နဲ႔ပြဲၾကိဳ လီဗာပူးအတြက္ သတင္းေကာင္းကေတာ့ ဘရာဇီး ကစားသမားေတြဟာ ဒီအပတ္ ပရီးမီးယားလိဂ္ပြဲမွာ ျပန္လည္ကစားခြင့္ ရရွိျပီျဖစ္ပါတယ္။

အယ္လီဆန္နဲ႔ ဖာဘင္ညိဳတို႔ ႏွစ္ဦး ကစားခြင့္ရခဲ့ျပီျဖစ္ျခင္းက လီဗာပူးအသင္းအတြက္ အမ်ားၾကီး အက်ိဳးျဖစ္လာဖို႔ ရွိပါတယ္။ အထူးသျဖင့္ ဖာဘင္ညိဳ ကစားႏုိင္ျခင္းဟာ လီဗာပူးကြင္းလယ္ကို အေတာ္ေလး ေတာင့္တင္းမႈေတြျဖစ္ေစမယ့္ အေနအထားျဖစ္တယ္။

ယာဂင္ဟာ လီဗာပူးအသင္းနဲ႔အတူ ပြဲၾကပ္ကာလကို ရင္ဆိုင္ရမွာျဖစ္ျခင္းေၾကာင့့့့့့့့့့့့့့့့့္ ကစားသမား အေျပာင္းအလဲ အနည္းငယ္ေတာ့ ျပဳလုပ္မွာျဖစ္ပါတယ္။ အထူးသျဖင့္ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲ ကစားရဖို႔ရွိေနျခင္းေၾကာင့္ ဗန္ဒိုက္၊ ရိုဘိုတို႔ကို အနားေပးမလားဆိုျပီး ေတြးဆစရာ တစ္ခ်က္ရွိေနတာျဖစ္တယ္။

ဒါေပမယ့္လို႔ ႏုိင္ငံတကာသီတင္းပတ္မွာ ကစားသမားေတြဟာ မတူညီတဲ့ လက္ေရြးစင္အသင္းေတြမွာ မတူညီတဲ့ နည္းစနစ္ေတြျဖင့္ ကစားခဲ့ျပီး ကလပ္ေတြကို ျပန္လာခ်ိန္တိုင္း အသင္း ကစားကြက္မွာ လိုက္ေလ်ာညီေထြျဖစ္ဖို႔ ရုန္းကန္ရေလ့ရွိပါတယ္။ ဒီအခ်က္အရ ယာဂင္ဟာ မ်က္ႏွာစိမ္းေတြကို ခ်က္ျခင္းထည့္ျခင္းထက္ အယ္လီဆန္၊ ထရန္႔၊ ဗန္ဒိုက္၊ မာတစ္၊ ရိုဘိုတို႔ကိုပဲ ခံစစ္ေၾကာင္းမွာ ထည့္သြင္းဖို႔ အခြင့္အေရးမ်ားပါတယ္။

ကြင္းလယ္အတြက္က ဖာဘင္ညိဳ ပါဝင္လာႏုိင္ျခင္းမွာ နံပါတ္ ၆ ေနရာက သူ႔အတြက္ ျဖစ္ပါတယ္။ က်န္ႏွစ္ေနရာအတြက္က ဝါရင့္ ကြင္းလယ္လူေတြျဖစ္တဲ့ သီယာဂို၊ ဟန္ဒို အတြဲကို ထည့္သံုးမယ္လို႔ ယံုၾကည္ရတယ္။ ဒီသံုးေယာက္တန္းဟာ ဒီရာသီအတြက္ ယာဂင္ကေလာ့ပ္ရဲ႕ ဦးစားေပးျဖစ္တယ္လို႔ ရာသီၾကိဳတည္းက သိထားရပါတယ္။

အျခားေသာ ေရြးခ်ယ္စရာအျဖစ္ေတာ့ သီယာဂို၊ ဟန္ဒိုတို႔ထဲက တစ္ဦးဦးကို ကိတ္တာ (သို႔) ခ်ိန္ဘာလိန္ျဖင့္ တြဲဘက္ေပးဖို႔ျဖစ္ပါတယ္။ သီယာဂို (သို႔) ဟန္ဒိုက ဖာဘင္ညိဳနဲ႔အတူ ကြင္းလယ္ ခံစစ္ပိုင္းနဲ႔ ေနရာလြတ္ပိုင္းေတြကို ပိုမို တာဝန္ယူကာ တိုက္စစ္အားသန္ ကြင္းလယ္လူတစ္ဦးက တိုက္စစ္သမား သံုးဦးနဲ႔ ပူးေပါင္းမယ့္ အေနအထားမ်ိဳးျဖစ္တယ္။

တိုက္စစ္မွဴး ဖာမင္ႏို ဒဏ္ရာရေနျခင္းေၾကာင့္ ေရွ႔တန္းမွာေတာ့ မာေနး၊ ဆာလာ၊ ဂ်ိဳတာတို႔ပဲ ပြဲထြက္ခြင့္ရမွာျဖစ္ပါတယ္။

Liverpool’s XI: Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Thiago; Salah, Mane, Jota