လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ကမ္ဘာဖလားပြိုင်ပွဲကို နှစ်နှစ်တစ်ကြိမ် ကျင်းပရေး ဖီဖာဘက်က ဆန့်ကျင်နေမှုကို ကန့်ကွက်လိုက်ပြီဖြစ်ပါတယ်။

လက်ရှိ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးလောက တိုးတက်ရေး ခေါင်းဆောင်ဖြစ်တဲ့ အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါးက အခုလို ပြိုင်ပွဲကို အချိန် ပြောင်းလဲကျင်းပဖို့ အဆိုပြုထားတဲ့ နောက်ကွယ်မှာ အဓိက တွန်းအားပေးနေသူ ဖြစ်ပါတယ်။

ဘောလုံးရာသီတွေ ပြီးဆုံးချိန်နဲ့ နောက်တစ်ကြိမ် စတင်ခြင်းမတိုင်ခင် ကြားကာလ သီတင်းပတ်တွေမှာ သက်တမ်းရှည်ကြာ လုပ်လာခဲ့တဲ့ လေးနှစ်တစ်ကြိမ် ကမ္ဘာဖလားပြိုင်ဆိုင်ရေး စက်ဝိုင်းကို ပြောင်းလဲဖို့ အဆိုပြုချက်ဟာ ဘောလုံးလောက တစ်ခုလုံး တိုးတက်ရေးအတွက် အကောင်းဆုံး နည်းလမ်းပဲလို့ ဝင်းဂါးက ၁၀၀ ရာခိုင်နှုန်း ယုံကြည်နေတာပါ။

ယာဂင်ကလော့ပ်ကတော့ အာဆင်ဝင်းဂါးရဲ့ အမြင်ကို ဆန့်ကျင်ခဲ့သလို ဒီလိုတွေ ပြောင်းလဲလိုလာခြင်းက ငွေကြေးဆိုတဲ့ အကြောင်းရင်းတစ်ခုတည်းကြောင့်ပါလို့ တုန့်ပြန်လာခဲ့ပါတယ်။

ယာဂင်ကလော့ပ်က ” ကမ္ဘာပေါ်မှာ ဒီလောက် အညှာအတာကင်းလှတဲ့ အားကစားပြက္ခဒိန်မျိုး မရှိပါဘူး။ ဘာလို့ ဒီလိုဖြစ်လာခဲ့လည်းဆိုတာ ကျနေ်ာတို့ အားလုံး သိပါတယ်။ အခြားနိုင်ငံတွေကို အခွင့်အရေးပေးလိုလို့ပါဆိုပြီး ဘယ်လိုပဲ ပြောနေနေပါ ဒီအစီအစဉ်က ပိုက်ဆံကြောင့် ဖြစ်လာရတာပါပဲ။

ရပါတယ်။ နောက်ဆုံးကျရင်တော့ ဒီသိပ်ကို လှပတဲ့ ဘောလုံးပြိုင်ပွဲတွေဟာ ကစားသမားတွေ မပါဘဲ ကျနေ်ာတို့ မကစားနိုင်ဘူးဆိုတာကို လူတွေ သိလာကြမှာပါ။ ကစားသမားတွေထက် ပိုပြီး ဘယ်သူကမှ အရေးမကြီးပါဘူး။

မြင်ယောင်ကြည့်ပါ။ နှစ်နှစ် တစ်ကြိမ် ကမ္ဘာဖလား ယှဉ်ပြိုင်ရမယ်။ ၂ နှစ်ကြိမ် ယူရိုပြိုင်ပွဲကိုလည်း ယှဉ်ပြိုင်ဦးမယ်။ ဆိုလိုတာက ထိပ်တန်းကစားသမားတွေအတွက် နှစ်တိုင်းမှာ လက်ရွေးစင်ပြိုင်ပွဲကြီး ရှိနေတော့မှာပါ။ ဆိုလိုတာက တစ်နှစ်မှာ နားရက် ၃ ပတ်ပဲ ပေးတော့မယ့် အခြေအနေဖြစ်ပါတယ် ” လို့ တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ဥက္ကဌ အလက်ဆန်ဒါ ဆီဖာရင်ကတော့ အဲ့ဒီ့အစီအစဉ်ဟာ ဘောလုံးလောကကို ထိခိုက်မှုကြီးစေမှာဖြစ်လို့ သူ့အပိုင် ဥရောပက နိုင်ငံတွေက ဒီပြိုင်ပွဲကို သပိတ်မှောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ကမၻာဖလားျပိဳင္ပြဲကို ႏွစ္ႏွစ္တစ္ၾကိမ္ က်င္းပေရး ဖီဖာဘက္က ဆန္႔က်င္ေနမႈကို ကန္႔ကြက္လုိက္ျပီျဖစ္ပါတယ္။

လက္ရွိ ဖီဖာရဲ႕ ကမာၻလုံးဆိုင္ရာ ေဘာလုံးေလာက တိုးတက္ေရး ေခါင္းေဆာင္ျဖစ္တဲ့ အာဆင္နယ္ မန္ေနဂ်ာေဟာင္း အာဆင္ဝင္းဂါးက အခုလို ၿပိဳင္ပြဲကို အခ်ိန္ ေျပာင္းလဲက်င္းပဖို႔ အဆိုျပဳထားတဲ့ ေနာက္ကြယ္မွာ အဓိက တြန္းအားေပးေနသူ ျဖစ္ပါတယ္။

ေဘာလံုးရာသီေတြ ျပီးဆံုးခ်ိန္နဲ႔ ေနာက္တစ္ၾကိမ္ စတင္ျခင္းမတိုင္ခင္ ၾကားကာလ သီတင္းပတ္ေတြမွာ သက္တမ္းရွည္ၾကာ လုပ္လာခဲ့တဲ့ ေလးႏွစ္တစ္ႀကိမ္ ကမၻာဖလားျပိဳင္ဆိုင္ေရး စက္ဝိုင္းကို ေျပာင္းလဲဖို႔ အဆိုျပဳခ်က္ဟာ ေဘာလုံးေလာက တစ္ခုလုံး တိုးတက္ေရးအတြက္ အေကာင္းဆုံး နည္းလမ္းပဲလို႔ ဝင္းဂါးက ၁၀၀ ရာခိုင္ႏႈန္း ယုံၾကည္ေနတာပါ။

ယာဂင္ကေလာ့ပ္ကေတာ့ အာဆင္ဝင္းဂါးရဲ႕ အျမင္ကို ဆန္႔က်င္ခဲ့သလို ဒီလိုေတြ ေျပာင္းလဲလိုလာျခင္းက ေငြေၾကးဆိုတဲ့ အေၾကာင္းရင္းတစ္ခုတည္းေၾကာင့္ပါလို႔ တုန္႔ျပန္လာခဲ့ပါတယ္။

ယာဂင္ကေလာ့ပ္က ” ကမၻာေပၚမွာ ဒီေလာက္ အညွာအတာကင္းလွတဲ့ အားကစားျပကၡဒိန္မ်ိဳး မရွိပါဘူး။ ဘာလို႔ ဒီလိုျဖစ္လာခဲ့လည္းဆိုတာ က်ေန္ာတို႔ အားလံုး သိပါတယ္။ အျခားႏုိင္ငံေတြကို အခြင့္အေရးေပးလိုလို႔ပါဆိုျပီး ဘယ္လိုပဲ ေျပာေနေနပါ ဒီအစီအစဥ္က ပိုက္ဆံေၾကာင့္ ျဖစ္လာရတာပါပဲ။

ရပါတယ္။ ေနာက္ဆံုးက်ရင္ေတာ့ ဒီသိပ္ကို လွပတဲ့ ေဘာလံုုးျပိဳင္ပြဲေတြဟာ ကစားသမားေတြ မပါဘဲ က်ေန္ာတို႔ မကစားႏုိင္ဘူးဆိုတာကို လူေတြ သိလာၾကမွာပါ။ ကစားသမားေတြထက္ ပိုျပီး ဘယ္သူကမွ အေရးမၾကီးပါဘူး။

ျမင္ေယာင္ၾကည့္ပါ။ ႏွစ္ႏွစ္ တစ္ၾကိမ္ ကမၻာဖလား ယွဥ္ျပိဳင္ရမယ္။ ၂ ႏွစ္ၾကိမ္ ယူရိုျပိဳင္ပြဲကိုလည္း ယွဥ္ျပိဳင္ဦးမယ္။ ဆိုလိုတာက ထိပ္တန္းကစားသမားေတြအတြက္ ႏွစ္တုိင္းမွာ လက္ေရြးစင္ျပိဳင္ပြဲၾကီး ရွိေနေတာ့မွာပါ။ ဆိုလိုတာက တစ္ႏွစ္မွာ နားရက္ ၃ ပတ္ပဲ ေပးေတာ့မယ့္ အေျခအေနျဖစ္ပါတယ္ ” လို႔ တုန္႔ျပန္သြားခဲ့တာျဖစ္ပါတယ္။

ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA ရဲ႕ ဥကၠဌ အလက္ဆန္ဒါ ဆီဖာရင္ကေတာ့ အဲ့ဒီ့အစီအစဥ္ဟာ ေဘာလုံးေလာကကို ထိခိုက္မႈၾကီးေစမွာျဖစ္လို႔ သူ႔အပိုင္ ဥေရာပက ႏိုင္ငံေတြက ဒီၿပိဳင္ပြဲကို သပိတ္ေမွာက္ႏိုင္တယ္လို႔ သတိေပးခဲ့ပါတယ္။