မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်း ရင်ဆိုင်နေရတဲ့ လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေအတွက် ကစားသမား စေလွှတ်ရမှု အခြေအနေတွေကြောင့် ဇန်နဝါရီ ဈေးကွက်ထဲ ဝင်ရောက်မလားကို အဖြေပေးလာခဲ့ပါတယ်။

တောင်အမေရိက ကစားသမားတွေကို လက်ရွေးစင်အသင်းတွေထံ စေလွှတ်ရဖို့ ကိစ္စအပြင် ဇန်နဝါရီမှာတော့ အာဖရိကပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ရမှုတွေပါ ရှိလာတော့မှာပါ။ အထူးသဖြင့် မာနေး၊ ဆာလာတို့လို ကစားသမားတွေကို စေလွှတ်ရမှာက လီဗာပူးအတွက် ထိခိုက်မှု ရှိလာမှာဖြစ်တယ်။ ဇန်နဝါရီဈေးကွက်ထဲ ဝင်မလားဆိုတဲ့ မေးခွန်းကို ယာဂင်က တုန့်ပြန်မှု လုပ်သွားခဲ့ပါတယ်။

ယာဂင်က ” လူစာရင်း အခြေအနေပေါ်မှာ မူတည်တာပေါ့။ အာဖရိကဖလားက ယူရိုနဲ့ ကိုပါအမေရိကတို့လိုဖြစ်ပြီး ကစားသမားတွေကလည်း ပါဝင်ကစားလိုကြတာပေါ့။ ကျနေ်ာတို့ သိပါတယ်။ ကျနေ်ာတို့ ဖြေရှင်းရမှာပါ။ ဘယ်လိုဖြေရှင်မလဲက ဇန်နဝါရီမှာ မြင်ရပါလိမ့်မယ်။

လူတွေက ကျနေ်ာတို့ကို ဆာဒီယိုနဲ့ မိုလို အရည်အချင်းရှိတဲ့ တိုက်စစ်သမား နှစ်ဦး ခေါ်ယူပါလို့ တိုက်တွန်းနေကြတယ်။ ဒါပေမယ့် ကျနေ်ာတို့ အဲ့တာကို မလုပ်နိုင်သလို အဲ့လို ခေါ်ယူဖို့ ကြိုးစားတာကလည်း ဖြေရှင်းနည်း မဟုတ်နိုင်ပါဘူး။ ဒီတော့ ဇန်နဝါရီမှာ ကျနေ်ာတို့ အဖြေရှာရမှာ ဖြစ်ပါတယ် ” လို့ ပြောပါတယ်။

လီဗာပူးမှာ အာဖရိကဖလားအပြင် ကမ္ဘာဖလား ခြေစစ်ပွဲတွေမှာ လက်ရွေးစင် အသင်းသားတွေကို စေလွှတ်ပေးခြင်း မရှိတဲ့ ပြဿနာကိုလည်း ရင်ဆိုင်ထားရတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာ နိုင်ငံတကာ သီတင်းပတ်မှာလည်း ဘရာဇီးသားတွေကို စေလွှတ်ခြင်းမရှိတဲ့ ကိစ္စဟာ တူညီတဲ့ ပြဿနာတွေ ဖြစ်လာဦးမှာဖြစ်ပြီး ကလပ်ဘက်က အဖြေရှာဖို့ လိုအပ်နေမှာ ဖြစ်ပါတယ်။

ကလော့ပ်ကတော့ ” ကလပ်နဲ့ ကစားသမားတွေကိုတော့ အပြစ်မပေးသင့်ပါဘူး။ ဒီဆုံးဖြတ်ချက်တွေမှာ ကျနေ်ာတို့ မပါခဲ့ပါဘူး။ ကျနေ်ာတို့ လုပ်တဲ့ ဆုံးဖြတ်ချက် တစ်ခုတိုင်းဟာ အတူတကွ ညိနှိုင်းပြီး ဆုံးဖြတ်ကျတာပါ။

ကျနေ်ာတို့ တစ်သင်းတည်း မလုပ်ပါဘူး။ အကယ်လို့ လီဗာပူးအသင်းက ဒီကစားသမားတွေကို စေလွှတ်ပေးတာမျိုး မလုပ်ဖို့ ဆုံးဖြတ်တာဆိုရင်တော့ အပြစ်ပေးပါ။ အခုက ကလပ်တွေ အားလုံးက တူညီတဲ့ အကြောင်းရင်းတွေကြောင့် ကစားသမားတွေကို ဆက်ထိန်းထားတာပါ။ အဲ့တာက သူတို့ ပြန်လာရင် ၁၀ ရက် ကွာရန်တင်း ဝင်ရမယ်ဆိုတာနဲ့ လေဆိပ်အနီးက ဟိုတယ်တွေမှာပဲ နေရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့်ပါပဲ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးအသင္း ရင္ဆိုင္ေနရတဲ့ လက္ေရြးစင္အဆင့္ ျပိဳင္ပြဲေတြအတြက္ ကစားသမား ေစလႊတ္ရမႈ အေျခအေနေတြေၾကာင့္ ဇန္နဝါရီ ေစ်းကြက္ထဲ ဝင္ေရာက္မလားကို အေျဖေပးလာခဲ့ပါတယ္။

ေတာင္အေမရိက ကစားသမားေတြကို လက္ေရြးစင္အသင္းေတြထံ ေစလႊတ္ရဖို႔ ကိစၥအျပင္ ဇန္နဝါရီမွာေတာ့ အာဖရိကျပိဳင္ပြဲအတြက္ ကစားသမား ေစလႊတ္ရမႈေတြပါ ရွိလာေတာ့မွာပါ။ အထူးသျဖင့္ မာေနး၊ ဆာလာတို႔လို ကစားသမားေတြကို ေစလႊတ္ရမွာက လီဗာပူးအတြက္ ထိခိုက္မႈ ရွိလာမွာျဖစ္တယ္။ ဇန္နဝါရီေစ်းကြက္ထဲ ဝင္မလားဆိုတဲ့ ေမးခြန္းကို ယာဂင္က တုန္႔ျပန္မႈ လုပ္သြားခဲ့ပါတယ္။

ယာဂင္က ” လူစာရင္း အေျခအေနေပၚမွာ မူတည္တာေပါ့။ အာဖရိကဖလားက ယူရိုနဲ႔ ကိုပါအေမရိကတို႔လိုျဖစ္ျပီး ကစားသမားေတြကလည္း ပါဝင္ကစားလိုၾကတာေပါ့။ က်ေန္ာတို႔ သိပါတယ္။ က်ေန္ာတို႔ ေျဖရွင္းရမွာပါ။ ဘယ္လိုေျဖရွင္မလဲက ဇန္နဝါရီမွာ ျမင္ရပါလိမ့္မယ္။

လူေတြက က်ေန္ာတို႔ကို ဆာဒီယိုနဲ႔ မိုလို အရည္အခ်င္းရွိတဲ့ တိုက္စစ္သမား ႏွစ္ဦး ေခၚယူပါလို႔ တိုက္တြန္းေနၾကတယ္။ ဒါေပမယ့္ က်ေန္ာတို႔ အဲ့တာကို မလုပ္ႏုိင္သလို အဲ့လို ေခၚယူဖို႔ ၾကိဳးစားတာကလည္း ေျဖရွင္းနည္း မဟုတ္ႏုိင္ပါဘူး။ ဒီေတာ့ ဇန္နဝါရီမွာ က်ေန္ာတို႔ အေျဖရွာရမွာ ျဖစ္ပါတယ္ ” လို႔ ေျပာပါတယ္။

လီဗာပူးမွာ အာဖရိကဖလားအျပင္ ကမၻာဖလား ေျခစစ္ပြဲေတြမွာ လက္ေရြးစင္ အသင္းသားေတြကို ေစလႊတ္ေပးျခင္း မရွိတဲ့ ျပႆနာကိုလည္း ရင္ဆိုင္ထားရတယ္။ ေအာက္တိုဘာနဲ႔ ႏိုဝင္ဘာ ႏုိင္ငံတကာ သီတင္းပတ္မွာလည္း ဘရာဇီးသားေတြကို ေစလႊတ္ျခင္းမရွိတဲ့ ကိစၥဟာ တူညီတဲ့ ျပႆနာေတြ ျဖစ္လာဦးမွာျဖစ္ျပီး ကလပ္ဘက္က အေျဖရွာဖို႔ လိုအပ္ေနမွာ ျဖစ္ပါတယ္။

ကေလာ့ပ္ကေတာ့ ” ကလပ္နဲ႔ ကစားသမားေတြကိုေတာ့ အျပစ္မေပးသင့္ပါဘူး။ ဒီဆံုးျဖတ္ခ်က္ေတြမွာ က်ေန္ာတို႔ မပါခဲ့ပါဘူး။ က်ေန္ာတို႔ လုပ္တဲ့ ဆံုးျဖတ္ခ်က္ တစ္ခုတိုင္းဟာ အတူတကြ ညိႏိႈင္းျပီး ဆံုးျဖတ္က်တာပါ။

က်ေန္ာတို႔ တစ္သင္းတည္း မလုပ္ပါဘူး။ အကယ္လို႔ လီဗာပူးအသင္းက ဒီကစားသမားေတြကို ေစလႊတ္ေပးတာမ်ိဳး မလုပ္ဖို႔ ဆံုးျဖတ္တာဆိုရင္ေတာ့ အျပစ္ေပးပါ။ အခုက ကလပ္ေတြ အားလံုးက တူညီတဲ့ အေၾကာင္းရင္းေတြေၾကာင့္ ကစားသမားေတြကို ဆက္ထိန္းထားတာပါ။ အဲ့တာက သူတို႔ ျပန္လာရင္ ၁၀ ရက္ ကြာရန္တင္း ဝင္ရမယ္ဆိုတာနဲ႔ ေလဆိပ္အနီးက ဟိုတယ္ေတြမွာပဲ ေနရမယ္ဆိုတဲ့ အေၾကာင္းရင္းေၾကာင့္ပါပဲ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။